အရိပ်ရပင်နှင့် ပန်းအလှပင်များ တစ်နိုင်တစ်ပိုင်စိုက်ပျိုး၍ စီးပွားဖြစ်လုပ်ကိုင်နိုင်မည့် နည်းလမ်းများ
ပြန်ကြားရေးဝန်ကြီးဌာန ပုံနှိပ်ရေးနှင့်ထုတ်ဝေရေးဦးစီးဌာန၊ စာပေဗိမာန်က စာပေဗိမာန်စာမူဆု သုတပဒေသာ (ရိုးရိုးသိပ္ပံနှင့်အသုံးချသိပ္ပံ) ပထမဆုရရှိသည့် စာရေးဆရာ အောင်စိုး (စိုက်ပျိုး ၁၀၇)၏ “အရိပ်ရပင်နှင့် ပန်းအလှပင်များ တစ်နိုင်တစ်ပိုင်စိုက်ပျိုး၍ စီးပွားဖြစ်လုပ်ကိုင်နိုင်မည့် နည်းလမ်းများ” စာအုပ်ကို ရောင်းဈေး ငွေကျပ် ၂၅၀၀ ဖြင့် ဖြန့်ချိရောင်းချလျက်ရှိသည်။
ယင်းစာအုပ်တွင် အရိပ်ရပင်နှင့် ပန်းအလှပင်များ တစ်နိုင်တစ်ပိုင် စိုက်ပျိုး၍ စီးပွားဖြစ်လုပ်ကိုင်ရာ၌ တွက်ခြေကိုက်ပြီး ရေရှည်လုပ်ဆောင်နိုင်ရန်၊ စိတ်ပါဝင်စားသူတိုင်း လက်တွေ့စိုက်ပျိုးနိုင်ရန် ကိုယ်တွေ့များနှင့် ဖြည့်စွက်ရေးသားထားသည်။ ပန်းလောကနှင့် အပင်လောကတွင် အများအပြား ဝယ်ယူသူများအတွက် ပြည်တွင်းတွင် လုံလောက်အောင် မစိုက်နိုင်ဘဲ ပြည်ပမှဝယ်ယူနေကြရာ ယင်းငွေ ယိုပေါက်ကိုလည်း တားဆီးပေးနိုင်သည့်အပြင် တစ်နိုင်တစ်ပိုင် စိုက်ပျိုးရေး လုပ်ငန်းများကိုလည်း အောင်မြင်စွာ ထူထောင်နိုင်စေမည့် စာအုပ်ကောင်း ဖြစ်သည်။
ရာသီမြုံနှင့် အခြားကဗျာများ
ပြန်ကြားရေးဝန်ကြီးဌာန ပုံနှိပ်ရေးနှင့်ထုတ်ဝေရေးဦးစီးဌာန စာပေဗိမာန်က စာပေဗိမာန်စာမူဆု ကဗျာပေါင်းချုပ် ပထမဆုရရှိသည့် စာရေးဆရာ ကောင်းနွဲ့၏ “ရာသီမြုံနှင့် အခြားကဗျာများ” စာအုပ်ကို ရောင်းဈေး ငွေကျပ် ၃၅၀၀ ဖြင့် ဖြန့်ချိရောင်းချလျက်ရှိသည်။
ယင်းစာအုပ်တွင် ကဗျာ ၇၂ ပုဒ်ပါရှိပြီး လောကအကြောင်း၊ ဓမ္မအကြောင်း အတွေးနယ်ချဲ့နိုင်ဖွယ်ရာ အကြောင်းအရာများကို အမြင်သစ် ရှုထောင့်သစ်များဖြင့် ရေးသားဖွဲ့ဆိုထားသည်။ မြန်မာကဗျာဖွဲ့နည်း စုံလင်စွာ နိုင်နိုင်နင်းနင်း
ရေးဖွဲ့ထားသည့်အပြင် ကျေးလက်ရနံ့၊ မြန်မာရနံ့များ ထုံမွမ်းနေသော ကဗျာများဖြစ်၍ ရသစုံလင်သည့်အပြင် ဗဟုသုတများစွာကိုလည်း ပေးစွမ်းနိုင်သော ကဗျာစာအုပ်ကောင်း
တစ်အုပ်ဖြစ်သည်။
မြန်မာနိုင်ငံအတွင်းရှိ အရှေ့ပိုးကရင်လူမျိုးတို့၏ ယဉ်ကျေးမှုဓလေ့ထုံးစံနှင့် စာပေ
ပြန်ကြားရေးဝန်ကြီးဌာန ပုံနှိပ်ရေးနှင့်ထုတ်ဝေရေးဦးစီးဌာန စာပေဗိမာန်က စာပေဗိမာန်စာမူဆု မြန်မာ့ယဉ်ကျေးမှုနှင့် အနုပညာဆိုင်ရာစာပေ ပထမဆုရရှိသည့် စာရေးဆရာ အရှင်ပညာသာမိ၏ “မြန်မာနိုင်ငံအတွင်းရှိ အရှေ့ပိုးကရင်လူမျိုးတို့၏ ယဉ်ကျေးမှုဓလေ့ ထုံးစံနှင့်စာပေ” စာအုပ်ကို ရောင်းဈေး ငွေကျပ် ၂၀၀၀ ဖြင့် ဖြန့်ချိ ရောင်းချလျက်ရှိသည်။
ယင်းစာအုပ်တွင် ကရင်ပြည်နယ်၏ ပထဝီဝင်အနေအထား၊ ကရင်လူမျိုးတို့၏ ဇာစ်မြစ်၊ ကရင်လူမျိုးမျိုးနွယ်စု ၁၁ မျိုးထဲမှ လူဦးရေ ဒုတိယအများဆုံး ပိုးကရင်လူမျိုးများ
နေထိုင်ရာဒေသ၊ ပြောဆိုသော ဘာသာစကား၊ အသံနေအသံထား ကွာခြားမှုမှ ယခုမျက်မှောက်ကာလအထိ ခေတ်အဆက်ဆက် ယဉ်ကျေးမှုများ၊ ရိုးရာတူရိယာများ၊ ရိုးရာအက၊ ရိုးရာဝတ်စားဆင်ယင်မှု၊ ကိုးကွယ်ယုံကြည်မှု၊ ရိုးရာဓလေ့ထုံးစံ၊ ရိုးရာပွဲတော်ဓလေ့၊ တရားစီရင်ရေးတို့ကို တိတိကျကျ အသေးစိတ် ရှင်းလင်းပီပြင်စွာ ရေးသားထားသော စာအုပ်ကောင်း တစ်အုပ်ဖြစ်သည်။
အဆိုပါစာအုပ်များ အမှတ် ၅၂၉ - ၅၃၁ ကုန်သည်လမ်းရှိ စာပေဗိမာန်စာအုပ်ဆိုင် ဖုန်း ၀၁-၈၂၄၉၀၃၁၊ ၀၁-၈၃၈၁၄၄၈၊ အမှတ် (တ- ၅၅) သပြေကုန်းဈေး နေပြည်တော်ရှိ စာပေဗိမာန်စာအုပ်ဆိုင် ဖုန်း ၀၆၇-၃၄၁၄၆၈၁၊ ၈၆ လမ်း ၂၁ လမ်းနှင့် ၂၂ လမ်းကြား မန္တလေးမြို့ရှိ စာပေဗိမာန်စာအုပ်ဆိုင် ဖုန်း ၀၂-၄၀၃၈၁၈၆ နှင့် အမြို့မြို့ရှိ စာပေဗိမာန် ကိုယ်စားလှယ်များထံတွင် ဆက်သွယ်ဝယ်ယူနိုင်ကြောင်းနှင့် လက်ကားမှာယူလိုပါက အမှတ် ၅၂၉-၅၃၁ ကုန်သည်လမ်းရှိ စာပေဗိမာန်အရောင်းဌာန ဖုန်း ၀၁-၈၂၄၉၀၃၁၊ ၀၁-၈၃၈၁၄၄၈ တို့သို့ ဆက်သွယ်နိုင်ကြောင်း သိရသည်။
သတင်းစဉ်
No comments:
Post a Comment