ပြန်ကြားရေးဝန်ကြီးဌာန ပုံနှိပ်ရေးနှင့်ထုတ်ဝေရေးဦးစီးဌာန စာပေဗိမာန်က စာရေးဆရာ တက္ကသိုလ်မြတ်သူ၏ “စီအိုင်အေနှင့် နိုင်ငံတကာကွန်ရက်များ” စာအုပ်ကို ဖြန့်ချိရောင်းချလျက်ရှိသည်။
၁၉၄၇ ခုနှစ်တွင် စတင်ဖွဲ့စည်းတည်ထောင်ခဲ့သည့် စီအိုင်အေ၊ အမေရိကန်နှင့် အပေါင်းအပါတို့၏ နယ်ချဲ့ဝါဒပုံစံသစ်ကို အကောင်အထည်ဖော်ပေးနေသော စီအိုင်အေ၊ ကလိမ်ကကျစ် ဉာဏ်နီ ဉာဏ်နက် များလွန်းသည့် စီအိုင်အေ၊ အရေအမျိုးမျိုးခြုံ၍ နိုင်ငံတကာအတွင်း ဝင်နှင့်နေသော စီအိုင်အေ၏ သရုပ်အမှန်ကို သိရှိပြီး သတိထားကာကွယ်နိုင်ရန် ရည်ရွယ်ချက်ဖြင့် ရေးသားထားသည်။
စီအိုင်အေနှင့် ဥရောပဆိုဗီယက်ကဏ္ဍတွင် အနောက်ဥရောပ၌ တပ်ဖြန့်ခြေရှုပ်ခဲ့သော စီအိုင်အေ၊ ဥရောပလေထုအတွင်း အဆိပ်ခတ်သော စီအိုင်အေ၊ စီအိုင်အေတို့၏ ‘မ’ သုံးလုံး နည်းဗျူဟာ၊ စီအိုင်အေနှင့် မြန်မာနိုင်ငံကဏ္ဍတွင် မင်းတုန်းမင်းခေတ်က စီအိုင်အေလာပါပြီ။ စီအိုင်အေနှင့် ဆိုရှယ်လစ် စသည့် စီအိုင်အေ၏ နိုင်ငံတကာအပေါ် စွက်ဖက်ခြေရှုပ်ပုံ စသည့် အကြောင်းများကို ထိထိမိမိ ရေးသားထားသောကြောင့် နိုင်ငံရေးကို စိတ်ဝင်စားသည့် စာဖတ်ပရိသတ်များ ဗဟုသုတရရှိစေမည့်အပြင် လက်မလွှတ်သင့်သည့် စာအုပ်ကောင်း တစ်အုပ်ဖြစ်သည်။
အဆိုပါစာအုပ်ကို ရောင်းဈေးငွေကျပ် ၃၅၀၀ ဖြင့် အမှတ် ၅၂၉ - ၅၃၁ ကုန်သည်လမ်းရှိ စာပေဗိမာန် စာအုပ်ဆိုင် ဖုန်း ၀၁-၈၂၄၉၀၃၁၊ ၀၁-၈၃၈၁၄၄၈၊ အမှတ်(တ- ၅၅) သပြေကုန်းဈေး နေပြည်တော်ရှိ စာပေဗိမာန်စာအုပ်ဆိုင် ဖုန်း ၀၆၇-၃၄၁၄၆၈၁၊ ၈၆ လမ်း ၂၁ လမ်းနှင့် ၂၂ လမ်းကြား မန္တလေးမြို့ရှိ စာပေဗိမာန်စာအုပ်ဆိုင် ဖုန်း ၀၂-၄၀၃၀၁၈၆ နှင့် အမြို့မြို့ရှိ စာပေဗိမာန်ကိုယ်စားလှယ်များထံတွင် ဆက်သွယ်ဝယ်ယူနိုင်ကြောင်းနှင့် လက်ကားမှာယူလိုပါက အမှတ် ၅၂၉-၅၃၁ ကုန်သည်လမ်းရှိ စာပေဗိမာန် အရောင်းဌာန ဖုန်း ၀၁-၈၂၄၉၀၃၁၊ ၀၁-၈၃၈၁၄၄၈)တို့သို့ ဆက်သွယ်နိုင်ကြောင်း သိရသည်။
သတင်းစဉ်
No comments:
Post a Comment