၂၀၁၄ ခုနှစ် ပုံနှိပ်ခြင်းနှင့် ထုတ်ဝေခြင်းလုပ်ငန်းဥပဒေ၊ နည်းဥပဒေများအရ ပုံနှိပ်သူ၊ ထုတ်ဝေသူ များသည် မိမိတို့ထုတ်ဝေသည့် စာအုပ်စာစောင် ၆ အုပ် သို့မဟုတ် ၆ စောင်ကို ပြန်ကြားရေးဝန်ကြီးဌာနသို့ အဖိုးအခလွတ်ပေးအပ်ရမည်ဖြစ်ပါသည်။ ပြန်ကြားရေးဝန်ကြီးဌာန သည် အဆိုပါစာအုပ်စာစောင်များကို အမျိုးသားစာကြည့်တိုက်၊ အမျိုးသားမှတ်တမ်းများ မော်ကွန်းတိုက်ဦးစီးဌာနနှင့် အမျိုးသားစာပေဆုရွေးချယ်ရေးကော်မတီများသို့ ခွဲဝေပေးပို့လျက်ရှိပါသည်။ ထို့အပြင် ပေးပို့လာသော ထုတ်ဝေစာများကို ပြက္ခဒိန်နှစ်အလိုက် ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော်အတွင်း ထုတ်ဝေသော စာအုပ်စာတမ်းများစာရင်းတွင်လည်း ရေးသွင်းထားပြီး နှစ်စဉ်ထုတ်ပြန်လျက်ရှိပါသည်။
သို့ပါ၍ ပုံနှိပ်ခြင်းနှင့် ထုတ်ဝေခြင်းလုပ်ငန်းနည်းဥပဒေ
၁၅၊ နည်းဥပဒေခွဲ(က)ပါ ပြဋ္ဌာန်းချက်များအရ ထုတ်ဝေသူသည် မိမိထုတ်ဝေသော ထုတ်ဝေစာ ၆ အုပ်
သို့မဟုတ်၆ စောင်ကိုဖြန့်ချိသည့် နေ့ရက်မှစ၍ ၇ ရက်အတွင်း ပုံနှိပ်သူထံပေးအပ်ပြီး ပုံနှိပ်သူသည်
၁၄ ရက်အတွင်း ပုံစံ ၁၁ ဖြင့် ပြန်ကြားရေးဝန်ကြီးဌာန၊ မူပိုင်ခွင့်နှင့်မှတ်ပုံတင်ဌာနခွဲသို့
မပျက်မကွက် ပေးအပ်ကြပါရန် အသိပေးကြေညာအပ်ပါသည်။
ပြန်ကြားရေးဝန်ကြီးဌာန
No comments:
Post a Comment