ပြန်ကြားရေးဝန်ကြီးဌာနအနေဖြင့် နိုင်ငံပိုင်မီဒီယာများနှင့် ပြည်တွင်းပုဂ္ဂလိကမီဒီယာများအနေဖြင့် သတင်းများရယူရာတွင် အဆင်ပြေချောမွေ့စေရေးနှင့် သတင်းစာရှင်းလင်းပွဲများအပါအဝင် အခမ်းအနားများဖိတ်ကြားရာတွင် လွယ်ကူလျင်မြန်စေရေးအတွက် သတင်းမီဒီယာသမား အသိအမှတ်ပြုကတ်ပြားများကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ စိစစ်၍ ခွင့်ပြုထုတ်ပေးလျက်ရှိပါသည်။
သတင်းမီဒီယာအသိအမှတ်ပြုကတ်ပြားများကို
၂၀၂၁ ခုနှစ်၊ မတ်လမှစတင်၍ ထုတ်ပေးခဲ့ရာ သက်တမ်း(၁)နှစ်သတ်မှတ်ထားရှိပါသည်။ သက်တမ်းကုန်ဆုံးနေပါက
သတင်းမီဒီယာသမား အသိအမှတ်ပြုကတ်ပြားများကို အသစ်လဲလှယ်ရမည်ဖြစ်ပါသည်။
သတင်းမီဒီယာသမား အသိအမှတ်ပြုကတ်ပြားသက်တမ်းကုန်ဆုံးပါက
သတ်မှတ်ပုံစံနှင့်အတူ ပြန်ကြားရေးဝန်ကြီးဌာန၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊
မူပိုင်ခွင့်နှင့်မှတ်ပုံတင်ဌာနခွဲသို့ အသိအမှတ်ပြုကတ်ပြား အသစ်လဲလှယ်နိုင်ရေး လာရောက်ဆောင်ရွက်နိုင်ပါရန်
အသိပေးကြေညာအပ်ပါသည်။
အသေးစိတ်အချက်အလက်များသိရှိလိုပါက ဖုန်း
၀၁-၅၄၁၄၁၃၊ ၀၁-၅၄၄၅၈၂၊ ၀၁-၅၄၄၅၈၃၊ iprd.crd.ygn@gmail.com သို့ ဆက်သွယ်မေးမြန်းနိုင်ပါသည်။
ပြန်ကြားရေးဝန်ကြီးဌာန
No comments:
Post a Comment