ဟိုပုံး ဇူလိုင် ၈
၂၀၂၂ ခုနှစ် ဇူလိုင်လ ၁၉ ရက်နေ့တွင် ကျရောက်မည့် (၇၅) နှစ်မြောက် အာဇာနည်နေ့ အကြို မြိုနယ်အဆင့် စာစီစာကုံးပြိုင်ပွဲနှင့် ကဗျာပြိုင်ပွဲကို ဇူလိုင်လ ၈ ရက် မွန်းလွဲ(၁)နာရီက ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့၊ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၌ ပြုလုပ်ရာ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးခွန်ရဲထွေးနှင့် စီမံအုပ်ချုပ်ရေးအဖွဲဝင်များ၊ မြိုနယ်စီမံအုပ်ချုပ်ရေးအဖွဲဥက္ကဋ္ဌ ဦးမြင့်ထွန်းနှင့်အဖွဲဝင်များ၊ ပညာရေးဌာနမှတာဝန်ရှိသူများက ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။
အဆိုပါပြိုင်ပွဲကို ဟိုပုံးမြိုနယ်အတွင်းရှိ အ.ထ.က (၁)၊ အ.ထ.က (၂)၊ အ.ထ.က(ကျောက်တန်း)၊ အ.ထ.က (စမ်းစုတ်)၊ အ.ထ.က (ကျောက္ကချား)၊ အ.ထ.က (နမ့်ခုတ်)နှင့် အ.ထ.က(ခွဲ) ဆိုက်ခေါင် တို့မှ ကျောင်းသား/ကျောင်းသူတို့က စာစီစာကုံးပြိုင်ပွဲတွင် “အာဇာနည်နေ့ တိုမမေ့” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ ကဗျာပြိုင်ပွဲတွင် “ကိုးဦးဇာနည် တို့လွမ်းသည်” ခေါင်းစဉ်ဖြင့်လည်းကောင်း အသီးသီးယှဉ်ပြိုင်ခဲ့ကြပြီး ပထမဆု၊ ဒုတိယဆု၊ တတိယဆု ရရှိသူများကို အာဇာနည်နေ့အခမ်းအနားတွင် ဆုများချီးမြှင့် ပေးသွားမည်ဖြစ်ကြောင်းနှင့် ပထမဆုရရှိသည့် ကျောင်းသား/ကျောင်းသူများကို ပြည်နယ်အဆင့် ဆက်လက်ယှဉ်ပြိုင်ရမည်ဖြစ်ပြီး ကျောင်သား/ကျောင်းသူများအနေဖြင့် နေ့ထူးနေ့မြတ်များနှင့် ပတ်သက်၍သိရှိပြီး နိုင်ငံချစ်စိတ် မျိုးချစ်စိတ် ရှင်သန်ထက်မြက်စေရန် အာဇာနည်နေ့ဟောပြောပွဲကို ကျောင်းသား/ကျောင်းသူများ ကိုယ်တိုင်ဟောပြောခြင်းကိုလည်း ဇူလိုင် ၄ ရက်နေ့က အဆိုပါကျောင်း၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ပအိုဝ်းဒေသပြန်/ဆက်
No comments:
Post a Comment