နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၊ သတင်းထုတ်ပြန်ရေးအဖွဲ့၏ (၁၇)ကြိမ်မြောက် သတင်းစာရှင်းလင်းပွဲကို ဇူလိုင် ၁ ရက်မွန်းလွဲပိုင်းက ပြန်ကြားရေးဝန်ကြီးဌာန၌ ကျင်းပပြုလုပ်ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၊ သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်း၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးခင်မောင်ဦး၊ ဌာနဆိုင်ရာများမှ ပြောရေးဆိုခွင့်ရှိသူများနှင့် ဌာနဆိုင်ရာသတင်းထုတ်ပြန်ရေးအဖွဲ့ ကိုယ်စားလှယ်များက သတင်းမီဒီယာများ၏ သိရှိလိုသည့် မေးမြန်းမှုများကို ပြန်လည်ဖြေကြားသည်။
(ယမန်နေ့မှအဆက်)
Trend ဂျာနယ်မှ အယ်ဒီတာချုပ်ဦးဝဏ္ဏက
Passport လုပ်ရန် တော်တော်လေး အခက်အခဲ ဖြစ်နေကြကြောင်း၊ လုပ်သည့်လူဦးရေသည်လည်းများကြောင်း၊
လုပ်ရသည့်ဈေးနှုန်းလည်း တက်နေကြောင်း၊ ယနေ့ပေါက်ဈေးဆိုလျှင် Passport တစ်အုပ်ကို ငါးသိန်းဟုကြားသိရကြောင်း၊ ယခု Online တွင် Booking တင်သော်လည်း တကယ် အခက်အခဲရှိသူကများနေကြောင်း၊ ပြည်ပထွက်သည့်သူများကလည်း
အလွန်များကြောင်း၊ နိုင်ငံတော်အနေနှင့် အဆင်ပြေအောင် မည်သို့လုပ်ဆောင်ပေးမည်ကို သိလိုကြောင်း၊
မြန်မာနိုင်ငံမှ ထွက်သွားပြီး နိုင်ငံခြားတွင်အလုပ်လုပ်သည့် အလုပ်သမားများက နိုင်ငံခြားမှ
ငွေလွှဲကြကြောင်း၊ Hundi နှင့် ပြည်ပမှ ငွေလွှဲကြကြောင်း၊ အစိုးရအနေနှင့် အခွန်ရရှိရန်အတွက်
ဘဏ်၊ သက်ဆိုင်ရာသံရုံး၊ အစိုးရနှင့် အလုပ်သမားမိသားစုများ ကွန်ရက်လုပ်ရန် အစီအစဉ်ရှိ၊
မရှိ သိလိုကြောင်း မေးမြန်းသည်။
ဗိုလ်ချုပ်ဇော်မင်းထွန်းက Passport နှင့်ပတ်သက်၍
ပြည်ထဲရေးဝန်ကြီးဌာနက အဓိကထား လုပ်ဆောင်နေခြင်းလည်းရှိကြောင်း၊ တချို့သတင်းဌာနများ၊
တချို့ကိုယ်တိုင် Passport လုပ်သူများ၏ ပြောပြချက်အရ ကြားသိရသည်များလည်းရှိကြောင်း၊
မိမိအနေနှင့် ပြောလိုသည် မှာ မြေပြင်တွင်ဆောင်ရွက်နေသည့် လုပ်ငန်းစဉ်များသည် တချို့နေရာများတွင်
နှောင့်နှေး ကြန့်ကြာမှုများရှိကြောင်း၊ ယခုအချိန်တွင် လုံခြုံရေးအရ စိစစ်ရမှုအခြေအနေများကြောင့်
နှောင့်နှေးကြန့်ကြာရသည်ကိုလည်း သတင်းထောက်ကြီးတို့ သိပြီးလိမ့်မည်ဖြစ်ကြောင်း၊ အကြောင်းရင်းကို
စစ်ဆေးပြီးလျှင် ပြေလည်အောင်၊ ယခုထက်ပိုပြီး မြန်ဆန်ရန် လုပ်ဆောင် သွားနိုင်မည့်အစီအစဉ်များကို
မိမိတို့လုပ်ဆောင်ပေးမည်ဖြစ်ကြောင်း၊ Hundi ဖြင့် ငွေလွှဲသည့် ကိစ္စနှင့်ပတ်သက်၍ ဘဏ်၊
သက်ဆိုင်ရာ သံရုံး၊ အစိုးရနှင့် လုပ်သားမိသားစုများအတွက် အာမခံနိုင်သည့်ကွန်ရက်ကို
အကြောင်းအရာမှတ်သားပြီး ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း၊ Passport နှင့်ပတ်သက်၍ ပြည်ထဲရေးဝန်ကြီးဌာနမှ
လုပ်ငန်းစဉ်များနှင့်ပတ်သက်၍ ဖြေဆိုပေးပါရန် မေတ္တာရပ်ခံပါကြောင်း ပြန်လည်ဖြေကြားသည်။
အချိန်ကာလတစ်ခုပေးရမည်ဖြစ်
ပြည်ထဲရေးဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက
Passport နှင့် ပတ်သက်၍ မိမိတို့တွင် လုပ်ငန်းစဉ်များလည်းရှိကြောင်း၊ Online မှလည်းလျှောက်၍ရကြောင်း၊
ကိုယ်တိုင်လည်း လျှောက်ထားနိုင်ကြောင်း၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးတွင်လည်း
ဌာနခွဲများအနေနှင့် လုပ်ပေးနေသည်များလည်းရှိကြောင်း၊ သို့သော် တချို့သည် ကိုယ်တိုင်မလုပ်ဘဲ
ကြားထဲကပွဲ စားများနှင့်လုပ်နေသည်များရှိကြောင်း၊ ထိုသို့ ပွဲစားများနှင့် လုပ်ဆောင်ရာတွင်
မလိုအပ် သည့် ကုန်ကျစရိတ်များရှိနိုင်ကြောင်း၊ မိမိတို့သတ်မှတ်ထားသည့်
နည်းလမ်းဖြင့် ကိုယ်တိုင် ကိုယ်ကျဆောင်ရွက်မည်ဆိုလျှင် ပိုမိုကောင်းမွန်မည်ဖြစ်ကြောင်း၊
Passport လုပ်ဆောင်ရာတွင် ကြန့်ကြာသည်ဆိုသည်မှာ တစ်ရက်ကို လူပေါင်း ၂၅၀၀ ခန့် လျှောက်ကြကြောင်း၊
Passport ထုတ်ပေးရာတွင် အလွယ်တကူ ထုတ်ပေး၍မရကြောင်း၊ လူတစ်ဦးချင်း နှင့်ပတ်သက်၍ လိုအပ်သည့်စာရွက်စာတမ်းများကို
စိစစ်ရသည်များရှိကြောင်း၊ နောက်ကြောင်း ရာဇဝင်များကို စိစစ်ရသည်များလည်းရှိကြောင်း၊
Passport လျှောက်ထားသူများ၏ ပြစ်မှုကင်းရှင်းခြင်း ရှိ/မရှိ ကိုလည်း စစ်ဆေးရသည်များလည်း
ရှိသည့်အတွက်ကြောင့် ထိုက်သင့်သည့် အချိန်ကာလတစ်ခု ပေးရမည်ဖြစ်ကြောင်းကို နားလည်ပေးရန်လိုအပ်ပါကြောင်း
ဖြေကြားသည်။
Bloomberg Myanmar သတင်းဌာနမှ သတင်းထောက်ဒေါ်ပိုးသိင်္ဂီကျော်က
မော်တော်ယာဉ် လုပ်ငန်းနယ်ပယ်ဆိုသည်မှာ ယာဉ်များတင်သွင်းမှု၊ တင်ပို့မှု၊ တပ်ဆင်ထုတ်လုပ်မှု၊
ရောင်းဝယ်မှု များသာမက ယာဉ်များကိုပြင်ဆင်ထိန်းသိမ်းမှု၊ ယာဉ်ပိုပစ္စည်းရောင်းဝယ်မှုများနှင့်
နည်းပညာဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှုအမြဲရှိနေသည့် လုပ်ငန်းနယ်ပယ်တစ်ခုဖြစ်ကြောင်း၊
ပြည်တွင်းကား ဈေးကွက်တွင် Model အမြင့်ကားများနှင့် Model အနိမ့်ကားများပါမကျန် ဈေးနှုန်းများမြင့်ပြီး
ဈေးကွက်လှုပ်ခတ်မှုပြင်းထန်နေကြောင်း၊ အမေရိကန်ဒေါ်လာနှင့် ကျပ်ငွေလဲလှယ်နှုန်း ပြောင်းလဲမှုများကြောင့်လည်း
ပြည်တွင်း၌ တပ်ဆင်ထုတ်လုပ်သည့် ကားကုမ္ပဏီများအတွက် ဈေးနှုန်းပြင်ဆင်ရမည့် အခြေအနေများလည်းရှိလာသကဲ့သို့
ကားတင်သွင်းမှုရပ်ဆိုင်းနေခြင်း ကြောင့် ဈေးကွက်တွင် ဝယ်လိုအားနှင့် ရောင်းလိုအား ဟန်ချက်ပျက်နေကြောင်း၊
ပြည်ပမှ တိုက်ရိုက်ဖွင့်ထားသည့် Car Showroom ကြီး များကလည်း ကားတင်သွင်းခွင့်မရ၍ ခက်ခဲနေသည်ဟု
သိရကြောင်း၊ ထိုအခြေအနေများကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အနေနှင့် မည်ကဲ့သို့
ကိုင်တွယ်စီမံပံ့ပိုးပေးရန်ရှိသည်ကို သိလိုကြောင်း၊ ထို့ပြင် တချို့လုပ်ငန်း များ၏
အစိုးရနှင့်ချုပ်ဆိုထားသည့် အခြေအနေများမှာ လက်ရှိအခြေအနေအရ အဆင်မပြေမှု များရှိလာပါကြောင်း၊
ယင်းအတွက်ကြောင့် ထိုစာချုပ်များကိုလည်း ပြန်လည်စဉ်းစား ဆောင်ရွက်ပေးရန် ရှိ/မရှိ သိလိုကြောင်း
မေးမြန်းသည်။
ကျန်သည့်ကိစ္စများကို
ကန့်သတ်မှုများ ဆက်လက်ရှိနေမည်ဖြစ်
ဗိုလ်ချုပ်ဇော်မင်းထွန်းက ကားနှင့်ပတ်သက်၍
အထူး Permit နှင့် တင်သွင်းထားသည့်ကိစ္စမှအပ ကျန်သည့်ကိစ္စများကို
လောလောဆယ်တွင် ရပ်ဆိုင်းထားမည်ဖြစ်ကြောင်း၊ Public Transportation အများပြည်သူနှင့်သက်ဆိုင်သည့်
သယ်ယူပို့ဆောင်ရေးကို အထူးကိစ္စအနေနှင့် မိမိတို့ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း၊ ပုဂ္ဂလိကပိုင်းဆိုင်ရာများနှင့်
ပတ်သက်၍ အထူးကိစ္စ ရပ်များတွင် ဥပမာအားကစားသမားများကို ကား Permit တင်သွင်းခွင့်ပေးခြင်းမျိုးမှအပ
ကျန်သည့်ကိစ္စများကို ကန့်သတ်မှုများဆက်လက်ရှိနေမည်ဖြစ်ကြောင်း၊ ကန့်သတ်မှုများ ဆက်ရှိနေရသည့်
အကြောင်းအရာများလည်းရှိကြောင်း၊ ထိုကန့်သတ်မှုများနှင့် ပတ်သက်၍
ဖြေလျှော့ရန် အချိန်တန်သည့် အချိန်ရောက်မှ ဖြေလျှော့ပေးနိုင်မည်ဟု မိမိပြောလိုကြောင်း
ဖြေကြားသည်။
One News သတင်းဌာနမှ အယ်ဒီတာဦးသွင်ထူးအောင်က မဲခေါင်-
လန်ချန်း ပူးပေါင်း ဆောင်ရွက်ရေးအစည်းအဝေးကို မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် ဇူလိုင်
၂ ရက်မှ ဇူလိုင် ၅ ရက်အထိ ကျင်းပပြုလုပ်သွားမည်ဟု သိရကြောင်း၊ ထိုအစည်းအဝေးတွင် မည်သည့်ကိစ္စများကို
ပြုလုပ်ရန်ရှိသလဲ၊ ထိုအစည်းအဝေးပွဲမှ မည်သည်တို့ကို ဆက်လက်လုပ်ဆောင်သွားရန် စီစဉ်ထားရှိသည်ကို
သိလိုကြောင်း မေးမြန်းသည်။
ဗိုလ်ချုပ်ဇော်မင်းထွန်းက မဲခေါင်-လန်ချန်း
ကိစ္စနှင့်ပတ်သက်၍ ကြိုတင်ပြင်ဆင်မှုများ ဆောင်ရွက်လျက်ရှိပြီး သတ်မှတ်ထားသည့်ရက်များတွင်
မိမိတို့ဆောင်ရွက်သွားမည် ဖြစ်ကြောင်း၊ သက်ဆိုင်ရာနိုင်ငံခြားရေးဝန်ကြီးများ တက်လိမ့်မည်ဖြစ်ကြောင်း၊
မြန်မာနိုင်ငံနှင့် တရုတ်နိုင်ငံအကြားတွင် ချုပ်ဆိုမည့်စာချုပ်များကိုလည်း ချုပ်ဆိုမည်ဖြစ်ကြောင်း၊
ထို့အပြင် ဆောင်ရွက်ရန်ရှိသည့် လုပ်ငန်းများကိုလည်း ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊
အသေးစိတ်အချက်အလက်များကို အစည်းအဝေးပြီးသည့်နေ့တွင် သက်ဆိုင်ရာနိုင်ငံခြား ရေးဝန်ကြီးဌာနက
သတင်းထုတ်ပြန်ပေးရန်ရှိကြောင်း၊ အချိန်မီလည်း မိမိတို့ သတင်းထုတ်ပြန် ပေးမည်ဖြစ်ကြောင်း
ပြန်လည်ဖြေကြားသည်။
Myanmar Nation Voice သတင်းဌာနမှ သတင်းထောက်ဒေါ်ဆွေဇင်ဦးက
ဒေါ်အောင်ဆန်းစု ကြည်ကို ကျခံရမည့်ပြစ်ဒဏ်များမှ ထက်ဝက်ခန့်လျှော့ပေးခဲ့ပါကြောင်း၊
CDM များကို ပြန်ခေါ်ခဲ့ပါကြောင်း၊ ပုဒ်မ ၅၀၅ ဖြင့် အမှုဖွင့်ခံထားရသူများကို ဖြေလျှော့ပေးခဲ့ပါကြောင်း၊
တောခိုသွားသည့်သူများကို ပြန်ခေါ်ပေးခဲ့ပါကြောင်း၊ ဝန်ထမ်းများ၏ အသက်ပြည့်ပင်စင် အသက်
၆၀ မှ ၆၂ နှစ်အထိ သတ်မှတ်ပေးခဲ့ခြင်းကို အားလုံးအသိပင်ဖြစ်ပါကြောင်း၊ ဗိုလ်ချုပ်ပြောခဲ့သကဲ့သို့ယခုနှစ်
ဆယ်တန်းစာမေးပွဲကို ဖြေဆိုခဲ့ရသည့်သူများသည် အခက်အခဲ များစွာနှင့် စာမေးပွဲကိုဖြေဆိုခဲ့ရသည်ကို
ဗိုလ်ချုပ်ကိုယ်တိုင်လည်းသိရှိပြီး ဖြစ်သည်ကို ပြောကြားခဲ့ပါကြောင်း၊ ယခု DSA ၊
DSMA ၊
DSTA များ လျှောက်ထားရန် အသက်ကန့်သတ်ချက်ကို ခြောက်လတိုးပေးခဲ့ပါကြောင်း၊ သို့သော်
တပ်မတော်ရင်ခွင်ကို ခိုလှုံလိုသည့် တချို့သောသားငယ်သမီးငယ်များသည် ရက်၊ လ အနည်းငယ်ကျော်လွန်နေကြသေးပါကြောင်း၊
၁၉၈၉ ခုနှစ်တွင် ပညာသင်နှစ်တစ်နှစ်ရပ်နားခဲ့ရသော်လည်း ယခုလိုရပ်နားခဲ့ရခြင်းမျိုးနှင့်
လုံးဝမတူပါကြောင်း၊ ယခု ကာလသည် တပ်မတော်ကို ချစ်သူ၊ မုန်းသူများက တစ်အိမ်ထဲမှာကို ကွဲပြားနေကြပါသေးကြောင်း၊
ယခုတပ်မတော်ထဲသို့ ဝင်လိုသူများသည် အဓိကမှာ အလုပ်အကိုင်အခွင့်အလမ်းကြောင့်မဟုတ်ဘဲ တပ်မတော်ကို
ချစ်ခင်မြတ်နိုးသည့်အတွက် တပ်မတော်၏ရင်ခွင်ကို ခိုလှုံလိုခြင်းကြောင့်ဆိုသည်မှာ ငြင်းမရသည့်
အချက်တစ်ချက်ဖြစ် ကြောင်း၊ တပ်မတော်ကို မုန်းစိတ်ဝင်နေသူများ၏အလယ် တပ်မတော် ရင်ခွင်ကိုခိုလှုံလိုသည့်
သားငယ်သမီးငယ်များ မိဘရင်ခွင်မှ တပ်မတော်ရင်ခွင်ကို ပေးအပ်လိုသည့် မိဘများအတွက် ဝင်ခွင့်များကို
၁၉ နှစ်ဟုသတ်မှတ်ပြီး တပ်မတော်အတွက် သေသေ ချာချာစိစစ် ရွေးချယ်ပေး ပါရန် တောင်းဆိုမှုများများပြားလာပါက
၁၉ နှစ်သို့ ပြောင်းလဲသတ်မှတ်ပေးလိုခြင်း ရှိ/မရှိသိလိုပါကြောင်း၊ ဗိုလ်ချုပ်အနေနှင့်လည်း
ယခုမေးမြန်းချက်ကို သက်ဆိုင်ရာအဆင့်ဆင့် တင်ပြပေးလိုပါသလား သိလိုကြောင်း မေးမြန်းသည်။
အဆင့်ဆင့်တင်ပြပေးမည်ဖြစ်
ဗိုလ်ချုပ်ဇော်မင်းထွန်းက DSA ၊
DSTA ၊
DSMA ၊
ဆေးဘက်ဆိုင်ရာနှင့် ပတ်သက်သည့် အမျိုးသမီးများကိုခေါ်ရာတွင် ယခု ၁-၁-၂၀၂၃ ရက်တွင် ၁၈
နှစ် ထက်မကျော်ရဟု သတ်မှတ်ကြောင်း၊ နောက်ပိုင်းတွင် ၁၈ နှစ် ၆လ ထက်မကျော်ရဟု သတ်မှတ်ကြောင်း၊
ထိုသို့လုပ်ဆောင်သည်မှာလည်း ပြည်သူလူထုကတောင်းဆို၍ မိမိတို့က သတ်မှတ်ပေးခြင်း ဖြစ်ကြောင်း၊
မိဘပြည်သူများကိုယ်တိုင်လည်းပြောကြောင်း၊ ဖြေဆိုလိုသည့် ကလေးများ ကိုယ်တိုင်ကလည်းပြောကြောင်း၊
၎င်းတို့အနေဖြင့် သတင်းထောက်ကြီးပြောခဲ့သကဲ့သို့ အလုပ်အကိုင်အခွင့်အလမ်းဆိုသည်ထက် အမှန်တကယ်ကို
တပ်မတော်ကိုချစ်၍ အမျိုးကို ချစ်၍၊ တပ်မတော်သို့ ဝင်လိုခြင်းဖြစ်ကြောင်း၊ ထို့ကြောင့်
မိမိတို့အနေနှင့်ကလည်း ၁၈ နှစ် ၆ လအထိ တိုးပေးလိုက်ခြင်းဖြစ်ကြောင်း၊ ရပ်နားခဲ့ရသည့်အချိန်နှင့်
ပျမ်းမျှတွက်ခြင်းဖြစ်ကြောင်း၊ ယခုပြောကြားချက်ကိုလည်း ဆက်လက်ပြီး တင်ပြပေးသွားမည်ဖြစ်ကြောင်း၊
ထို့ပြင် မိဘ ပြည်သူများကလည်း ၁၉ နှစ်အထိတိုးပေးရန် ပြောနေသည်များရှိပါကြောင်း၊ ထိုကိစ္စများနှင့်
ပတ်သက်၍ မိမိတို့အဆင့်ဆင့်တင်ပြပေးမည်ဖြစ်ကြောင်း၊ ယခုပြောကြားသည့်ကိစ္စများနှင့် အပြင်၌
မိဘပြည်သူများပြောကြားသည့် လိုလားချက်များကိုလည်း သိရှိပါသည်ဟု မိမိအနေနှင့် ပြောကြားလိုပါကြောင်း။
နိုင်ငံတစ်နိုင်ငံကို ထူထောင်သည့်နေရာတွင်ဒီမိုကရေစီ
နိုင်ငံတော်ဟု ပြောမည်ဆိုလျှင် နောက်ကလိုက်ရမည့်စကားသည် ပန်းပေါင်းတစ်ရာပွင့်ပါစေဆိုသည့်
စကားပင်ဖြစ်ပါကြောင်း၊ အမြင်မတူ၊ သဘောထားကွဲလွဲနေသူများလည်း ရှိပါကြောင်း၊ အမြင်မတူ
သဘောထားကွဲလွဲ နေသည့်သူများသည် တပ်မတော်ကြောင့်၊ တပ်မတော်ကြောင့်ဆိုပြီး ပြောကြကြောင်း၊
ယခုအချိန်တွင် လက်တွေ့လုပ်နေရသည့် မည်သည့်ဘက်မှမပါသည့် စီးပွားရေးသမားများ၊ မည်သည့်ဘက်မှမပါသည့်သူများ၊
နောက်ဆုံးပြောရမည်ဆိုလျှင် မည်သည့်ဘက်မှမပါဘူးဆို သည့် မီဒီယာများကိုအပြင်မှာ လက်တွေ့မေးကြည့်စေလိုကြောင်း၊
စစ်တပ်ကိုကြောက်ရသလား ဟု တည့်တည့်မေးကြည့်စေလိုပါကြောင်း၊ မည်သူမျှစစ်တပ်ကို မကြောက်ရကြောင်း၊
လက်တွေ့ တကယ်ဖြစ်နေသည်မှာ PDF ကိုသာ ကြောက်နေရခြင်း ဖြစ်ကြောင်း၊ ပါးစပ်ကထုတ်မပြောရဲ
လို့သာ ထုတ်မပြောဖြစ်ကြောင်း၊ အားလုံးသည် ထိုကဲ့သို့ဖြစ်နေခြင်းဖြစ်ကြောင်း။
ချိတ်ဆက်ဆောင်ရွက်နိုင်စေရန်
ဆောင်ရွက်ပေးသွားမည်
မြန်မာနိုင်ငံ၌ တကယ်အကြမ်းဖက်လုပ်နေသည်မှာ
မည်သူတွေလုပ်နေသည်ကိုသိရန် လိုပါ ကြောင်း၊ တချို့မီဒီယာများသည် သိလျက်နှင့် မပြောကြကြောင်း၊
မျိုးချစ်များအနေနှင့် လုပ်ကြံ သတ်ဖြတ်ခံရခြင်းများ၊ ဗုံးခွဲခံရခြင်း၊ ခြိမ်းခြောက်ခြင်းများကို
ခံရသည်ကိုလည်းမိမိတို့ သိရပါကြောင်း၊ အဓိကပစ်မှတ်ထားပြီးလုပ်နေသည်မှာ ၎င်းတို့နှင့်
ပြိုင်ဘက် နိုင်ငံရေးပါတီ ဝန်းရံသူများ၊ မြိုင်တွင်ဖြစ်ခဲ့သည့် ဒေါ်နန္ဒာတို့လို လူများကဲ့သို့
ဝန်းရံသူများ၊ ယခင်ကတည်းက တိုင် မျိုးချစ်၊ အမျိုးသားရေးတွင် တက်ကြွလှုပ်ရှားသူများသာ
လုပ်ကြံခံနေရ၊ သတ်ဖြတ်ခံနေရ ခြင်းဖြစ်ကြောင်း၊ တကယ့်အကြမ်းဖက်မှာ မည်သူဆိုသည်ကို သိလျက်နှင့်
နားပိတ်၊ မျက်စိပိတ် နေရခြင်းဖြစ်ကြောင်း၊ ထိုကိစ္စများနှင့်ပတ်သက်၍လည်း မိမိအနေနှင့်
အသိအမှတ်လည်းပြု ပါကြောင်း၊ ဝမ်းလည်းနည်းပါကြောင်း၊ မိမိတို့အနေနှင့် လုံခြုံရေးအရ
ပိုမိုစောင့်ရှောက်နိုင် စေရန်အတွက်လည်း ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း၊ ထိုသို့ ဆောင်ရွက်သည့်နေရာတွင်
သက်ဆိုင်ရာ လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် တိုက်ရိုက်ချိတ်ဆက်ဆောင်ရွက်ပေးပါဟု မိမိတို့ပြောလိုကြောင်း၊ ထိုသို့ ချိတ်ဆက်ဆောင်ရွက်နိုင်စေရန်အတွက်လည်း မိမိတို့ကြိုးစား ဆောင်ရွက်ပေးသွားမည်ဟု
ပြောလိုပါကြောင်း ပြန်လည်ဖြေကြားသည်။
ရွှေတြိဂံသတင်းလွှာဂျာနယ်မှ သတင်းထောက်ဦးထွန်းထွန်းဝင်း(ခ)ကိုထွန်း
(မိုင်းဖြတ်)က ယခုလပိုင်းများတွင် အာဆီယံနိုင်ငံတချို့က ပြင်းပြင်းထန်ထန် ဝေဖန်ခြင်း၊
ယခုထက်ပိုပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီကို အရေးယူပေးရန်ပြောလာခြင်းများ
မိမိတို့ တွေ့ရပါကြောင်း၊ အာဆီယံအဖွဲ့ဝင် နိုင်ငံတိုင်းလိုလိုကလည်း NUG နှင့် ပေါ်ပေါ်တင်တင်
ပြောင်ကျကျ တွေ့ဆုံခြင်းသော်လည်းကောင်း၊ သို့မဟုတ် တရားဝင်မထုတ်ပြန်ဘဲ တွေ့ဆုံခြင်းမျိုးများရှိနေပါ
ကြောင်း၊ ယခု နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီရှိ တချို့အကြံပေးပုဂ္ဂိုလ်များကလည်း
ယခုထက်ပိုပြီးဖြစ်လာမည်ဆိုလျှင် အာဆီယံအစုအဖွဲ့မှထွက်ရန် အကြံပေးခြင်းများကိုလည်း မိမိတို့တစ်ဆင့်စကားများမှ
ကြားသိရပါကြောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေနှင့် အာဆီယံထဲမှ ထွက်မည်ဆိုသည့်
စဉ်းစားချက်မျိုး ရှိ/မရှိသိလိုကြောင်း၊ အနောက်နိုင်ငံများ ဖြစ်သည့် EU နိုင်ငံများအပါအဝင်
အာဆီယံနိုင်ငံများနှင့် ဆက်ဆံရေးတွင်လည်း သံတမန်ရေးရာ လျှော့ချခြင်းများကိုလည်း မိမိတို့တွေ့နေရကြောင်း၊
ယခုရက်ပိုင်းတွင် ပိုမိုဖြစ်နေသည်မှာ Statement War ဖြစ်ကြောင်း၊ တစ်နိုင်ငံနှင့်တစ်နိုင်ငံ
Statement များထုတ်ပြီး ကန့်ကွက်နေ ခြင်းများ၊ အပြန်လှန်ထုတ်ပြန်နေခြင်းများကို မိမိတို့တွေ့နေရပါကြောင်း၊
လန်ချန်း-မဲခေါင်နှင့် ပတ်သက်ပြီး ဗိုလ်ချုပ်ပြောကြားသွားသည်များလည်းရှိကြောင်း၊ ယခုရက်ပိုင်းတွင်
တရုတ် နိုင်ငံခြားရေးဝန်ကြီးလာမည်၊ ထို့ပြင် အာဆီယံနှင့် ပတ်သက်သည့် နိုင်ငံခြားရေးဝန်ကြီးများ
လည်းလာမည်ဟု ဗိုလ်ချုပ်ပြော၍ မိမိတို့သိရပါကြောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ
အနေနှင့် အာဆီယံမှ ထွက်မည်ဆိုသည့် စဉ်းစားချက် ရှိ/မရှိ နှင့် လန်ချန်း-မဲခေါင်ကဲ့သို့
Other Platform များကိုအသုံးပြု၍ အာဆီယံအဖွဲ့ဝင်နိုင်ငံများ၊ အနောက်နိုင်ငံများနှင့်
ဆက်ဆံရေးတိုး မြှင့်ရန် အစီအစဉ်ရှိ/ မရှိ သိလိုကြောင်း မေးမြန်းသည်။
မူဝါဒများအညီ
ကြိုးစားဆောင်ရွက်လျက်ရှိ
ဗိုလ်ချုပ်ဇော်မင်းထွန်းက နိုင်ငံခြားဆက်ဆံရေးနှင့်ပတ်သက်၍
မူဝါဒများလည်းရှိပါကြောင်း၊ အခြေခံဥပဒေပါ မူဝါဒများအညီ မိမိတို့ကြိုးစားဆောင်ရွက်လျက်ရှိကြောင်း၊
အာဆီယံ၏ ပဋိဉာဉ်စာတမ်းပါ ဥပဒေလုပ်ထုံးလုပ်နည်းများနှင့် အာဆီယံ၏ အစဉ်အလာပြဋ္ဌာန်းချက်ကို
ယုံကြည်သက်ဝင်၍ ၁၉၉၇ ခုနှစ်ကတည်းက မြန်မာနိုင်ငံက အဖွဲ့ဝင်နိုင်ငံအဖြစ် ရောက်ရှိ လာခြင်းဖြစ်ကြောင်း၊
အဖွဲ့ဝင်နိုင်ငံအဖြစ် မဝင်ခင်ကလည်း စဉ်းစားချက်များ များစွာရှိကြောင်း၊ ထိုအချိန်က
နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ တပ်မတော်အစိုးရ လက်ထက်တွင် အာဆီယံအဖွဲ့သို့ဝင်ရေး၊
မဝင်ရေးနှင့် ပတ်သက်၍ စဉ်းစားချက်များစွာလည်း ရှိပါကြောင်း၊ အာဆီယံနိုင်ငံအဖြစ် ဝင်နိုင်ရန်အကူအညီပေးသည်မှာ
မလေးရှားနိုင်ငံဝန်ကြီးချုပ် ဒေါက်တာမဟာသီယာက အကူအညီပေးခြင်းဖြစ်ကြောင်း၊ ထိုအချိန်မှစပြီး
ကူညီပေးခဲ့ခြင်းဖြစ်ကြောင်း၊ မြန်မာနိုင်ငံ၏ပြည်တွင်းရေး ကိစ္စများနှင့်ပတ်သက်၍ အာဆီယံအဖွဲ့ဝင်တချို့၏
ပြောဆိုချက်၊ လုပ်ဆောင်ချက်များသည် အာဆီယံပဋိဉာဉ် စာတမ်းပါမူများ၊ လုပ်ထုံးလုပ်နည်းများ၊ အစဉ်အလာများနှင့် ကွဲလွဲနေသည်များကိုလည်း မိမိတို့တွေ့ရပါကြောင်း။
အာဆီယံပဋိဉာဉ်စာတမ်း အပိုဒ် ၂ တွင်ပါသည့်
အာဆီယံအဖွဲ့ဝင်နိုင်ငံများအားလုံး၏ လွတ်လပ်ခွင့်၊ အချုပ်အခြာအာဏာပိုင်ဆိုင်မှု၊ တန်းတူညီတူရှိမှု၊
နယ်မြေတည်တံ့ခိုင်မြဲမှုနှင့် အမျိုးသားရေးလက္ခဏာများကို လေးစားလိုက်နာရန်ဆိုသည့် ပြဋ္ဌာန်းချက်များကိုလည်း
ကျော်လွန်ပြီး လုပ်ဆောင်နေသည်များကိုလည်း တွေ့ရပါကြောင်း၊ အပိုဒ် ၅ တွင်ပါသည့် အဖွဲ့ဝင်နိုင်ငံများသည်
တူညီသည့်အခွင့်အရေးနှင့် တာဝန်များရှိရမည်ဆိုသည့် ပြဋ္ဌာန်းချက်နှင့် လည်း ကိုက်ညီမှုမရှိသည့်အတွက်
ထိုအကြောင်းအရာများကို မြန်မာနိုင်ငံက အမြဲတမ်း ထောက်ပြကန့်ကွက်လျက်ရှိပါကြောင်း၊ ကုလသမဂ္ဂပဋိဉာဉ်
စာတမ်း အပိုဒ် ၂ တွင် ရှင်းလင်းစွာ ဖော်ပြထားသည့် နိုင်ငံများ၏ အချုပ်အခြာအာဏာ တန်းတူညီမျှမှု
စည်းမျဉ်းများလိုက်နာရန် ပျက်ကွက်လျက်ရှိနေသည်များကိုလည်း အသိပေးကန့်ကွက်လျက်ရှိပါကြောင်း၊
အာဆီယံနိုင်ငံများအထဲက မည်သည့်နိုင်ငံများက မြန်မာနိုင်ငံနှင့်ပတ်သက်၍ အမြဲတမ်းဝေဖန်မှုများ
လုပ်နေသည်၊ အမြဲတမ်းကန့်ကွက်နေသည်ဆိုသည်ကိုလည်း မိမိတို့တွေ့ရမည်ဖြစ်ကြောင်း။
မဲခေါင်-လန်ချန်းဒေသနှင့်ပတ်သက်၍ မဲခေါင်-လန်ချန်း
အစည်းအဝေးကို မြန်မာနိုင်ငံတွင် မိမိတို့ဆောင်ရွက်နိုင်ခြင်းသည် မဲခေါင်မြစ်ဝှမ်းနိုင်ငံများ၏
တစ်ပေါင်းတစ်စည်းတည်းရှိမှုကို ပြသခြင်းဖြစ်သည်ဟု မိမိပြောခဲ့ပါကြောင်း၊ ထိုစကား၏ နောက်ကွယ်တွင်
အဓိပ္ပာယ်အများကြီး ရှိပါကြောင်း၊ မိမိတို့အနေနှင့် အမျိုးသားအကျိုးစီးပွားအတွက် သင့်တော်သည့်
တုံ့ပြန်မှုများကို အာဆီယံပဋိဉာဉ် စာတမ်း၏နောက်ဆက်တွဲ သဘောတူညီချက်၊ ကုလသမဂ္ဂပဋိဉာဉ်
စာတမ်းပါ ပြဋ္ဌာန်းချက်များနှင့်အညီ မြန်မာနိုင်ငံက ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊
သတင်းထောက်ကြီးမေးမြန်းသည့် မေးခွန်းနှင့်ပတ်သက်၍ ပြောရမည်ဆိုလျှင် နိုင်ငံခြားဆက်ဆံရေး
နိုင်ငံတကာဆက်ဆံရေးတွင် ထင်ရှားသည့်စကားနှင့်သာ မိမိပြောလိုပါကြောင်း၊ နိုင်ငံခြား
ဆက်ဆံရေး နိုင်ငံတကာဆက်ဆံရေးတွင် ထာဝရမိတ်ဆွေ၊ ထာဝရရန်သူဟူ၍ မရှိပါကြောင်း၊ ထာဝရအကျိုးစီးပွားဖက်
ဆိုသည်သာရှိပါကြောင်း၊ ထို့ကြောင့် မိမိတို့အနေနှင့်လည်း ထာဝရ အကျိုးစီးပွားကိုသာကြည့်၍
ဆောင်ရွက်မည်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံ၏ အကျိုးစီးပွား မြန်မာပြည်သူလူထု၏ အကျိုးစီးပွား၊
ထာဝရအကျိုးစီးပွားကိုသာ မိမိတို့လက်ကိုင်ထားပြီး ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း
ပြန်လည်ဖြေကြားသည်။
ရွှေတြိဂံသတင်းလွှာဂျာနယ်မှ သတင်းထောက်ဦးထွန်းထွန်းဝင်းက
မိမိမေးခဲ့သည့် Other Platform များကို အသုံးပြုရန်ရှိ/မရှိ ကိစ္စကိုသိလိုပါကြောင်း
ထပ်မံမေးမြန်းသည်။
အဖွဲ့ဝင်နိုင်ငံအဖြစ်ဝင်ရောက်နိုင်ရေး
ဆောင်ရွက်လျက်ရှိ
ဗိုလ်ချုပ်ဇော်မင်းထွန်းက လက်ရှိလည်းအသုံးပြုလျက်ရှိပါကြောင်း၊
ဒေသအတွင်းထိုသို့ Platform များသာမက မကြာသေးမီအချိန်က ဥရောပ-အာရှ စီးပွားရေးအဖွဲ့ အဖွဲ့ဝင်နိုင်ငံအဖြစ်
ဝင်ရောက်နိုင်ရေး မိမိတို့ဆောင်ရွက်လျက်ရှိကြောင်း၊ ထိုကိစ္စနှင့်ပတ်သက်၍ သက်ဆိုင်ရာ
ဝန်ကြီးများကလည်း ရုရှားနိုင်ငံနှင့် သက်ဆိုင်ရာနိုင်ငံများ၌ သွားရောက်လေ့လာခြင်းများ
ဆောင်ရွက်လျက်ရှိပါကြောင်း၊ ထို့ပြင် တချို့သော ကမ္ဘာ့အဖွဲ့အစည်းများတွင်လည်း မိမိတို့
ဝင်ရောက်နိုင်ရန်၊ တခြားသောနည်းလမ်းများနှင့်ဝင်ရောက်နိုင်ရေးတခြားသော အဖွဲ့အစည်း များတွင်
ဝင်ရောက်နိုင်ရန် မိမိတို့ဆက်သွယ်ဆောင်ရွက်လျက်ရှိကြောင်း ပြန်လည်ဖြေကြား သည်။
(ဆက်လက်ဖော်ပြပါမည်)
No comments:
Post a Comment