နေပြည်တော် ဇွန် ၂
မန္တလေးတိုင်းဒေသကြီး ပြည်ကြီးတံခွန်မြို့နယ်တွင် ငွေကျပ်သိန်း ၇၅၀၀ ကျော်တန်ဖိုးရှိ ဘိန်းဖြူနှင့်စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။
မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့ဝင်များပါဝင်သော
ပူးပေါင်းအဖွဲ့သည် မေ ၃၀ ရက် မွန်းလွဲ ၁ နာရီခွဲတွင်
မန္တလေးတိုင်းဒေသကြီး ပြည်ကြီးတံခွန်မြို့နယ် (ဈ)ရပ်ကွက် ၁၃၉ လမ်း ၅၂ x ၅၃ လမ်းကြားရှိ
ဂိုဒေါင်ကို သတင်းအရရှာဖွေရာ ဟိန်းဝင်းစိုးနှင့်တာရိုစေးတို့နှစ်ဦးကို Hino ၁၂ ဘီး
မော်တော်ယာဉ်တစ်စီး၊ Nissan Van မော်တော်ယာဉ်တစ်စီးနှင့်အတူတွေ့ရှိပြီး Hino ၁၂ ဘီးယာဉ်ပေါ်မှ ဒေသကာလတန်ဖိုးငွေကျပ်သိန်း ၇၅၀၀ ကျော်တန်ဖိုးရှိ ဘိန်းဖြူ ၉ ဒသမ ၉ ကီလိုနှင့်
စိတ်ကြွရူးသွပ်ဆေးပြား ၃ ဒသမ ၃၆ သိန်း သိမ်းဆည်းရမိခဲ့ကြောင်း၊ စစ်ဆေးဖော်ထုတ်ချက်အရ
သိမ်းဆည်းရမိမူးယစ်ဆေးဝါးများကို ရှမ်းပြည်နယ်မှ မန္တလေးတိုင်း ဒေသကြီးသို့သယ်ဆောင်ခြင်းဖြစ်ကြောင်းသိရှိရသဖြင့်
၎င်းတို့အား ဥပဒေအရအရေးယူထားရှိ ပြီးကွင်းဆက်ပြစ်မှုကျူးလွန်သူများကို ဆက်လက်စစ်ဆေးဖော်ထုတ်လျက်ရှိကြောင်း
သိရသည်။
သတင်းစဉ်

No comments:
Post a Comment