နေပြည်တော် ဇွန် ၂
တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင်ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာ တားဆီးအရေးယူနိုင်ရေးဆောင်ရွက်လျက်ရှိရာ မေ ၃၁ ရက်တွင် မကွေးတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးအထူး အဖွဲ့၏စီမံခန့်ခွဲမှုဖြင့် ပူးပေါင်းစစ်ဆေးရေးအဖွဲ့က စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ မင်းလှမြို့နယ် မင်းလှ-မင်းဘူးကားလမ်း ညောင်ပင်သာစစ်ဆေးရေးဂိတ်၌ တရားမဝင်သယ်ဆောင်လာသော စက်သုံးဆီ ဂါလန် ၄၂၀၊ ခန့်မှန်းတန်ဖိုးငွေကျပ် ၄၀၇၄၀၀၀ နှင့် အဆိုပါ စက်သုံးဆီများ တင်ဆောင်လာသည့် မော်တော်ယာဉ်တစ်စီး၊ ခန့်မှန်းတန်ဖိုးငွေကျပ် ၁၃၈၀၀၀၀၀ စုစုပေါင်း ခန့်မှန်းတန်ဖိုးငွေကျပ် ၁၇၈၇၄၀၀၀ ကိုဖမ်းဆီးရမိခဲ့ပြီး (ယာပုံ)ရေနံနှင့်ရေနံထွက်ပစ္စည်း ဆိုင်ရာဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။
ထို့ပြင် ဇွန် ၁ ရက်တွင် အကောက်ခွန်ဦးစီးဌာန၏စီမံခန့်ခွဲမှုဖြင့်
မွန်ပြည်နယ် မရမ်းချောင်အမြဲတမ်းစစ်ဆေးရေးစခန်း၌ တာဝန်ကျပူးပေါင်းအဖွဲ့က စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ
ခရီးသည်တင်မှန်လုံယာဉ်တစ်စီးပေါ်၌ တရားဝင်စာရွက်စာတမ်းအထောက်အထား တစ်စုံတစ်ရာတင်ပြနိုင်ခြင်းမရှိသည့်
စားသောက်ကုန်များ ခန့်မှန်းတန်ဖိုး ငွေကျပ် ၃၁၂၄၀၀၀ ကိုဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန်လုပ်ထုံးလုပ်နည်းနှင့်အညီ
အရေးယူဆောင်ရွက်လျက်ရှိသည်။
ထို့အတူ ဇွန် ၂ ရက်တွင် မွန်ပြည်နယ် တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏
စီမံခန့်ခွဲမှုဖြင့် ပူးပေါင်းစစ်ဆေးရေးအဖွဲ့က စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ ကျိုက်မရောမြို့နယ်
ချောင်းနှစ်ခွ-တရနာ ကားလမ်းမိုင်တိုင်အမှတ် ၁၁/၄ အနီး၌ တရားမဝင်အင်သစ်ခွဲသား ၂ ဒသမ
၇၁၁၄ တန် ခန့်မှန်းတန်ဖိုးငွေကျပ် ၂၇၁၁၄၀ ကို ဖမ်းဆီးရမိခဲ့ပြီး သစ်တောဥပဒေနှင့်အညီ
အရေးယူဆောင်ရွက်လျက်ရှိသည်။
အလားတူ စစ်ကိုင်းတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏စီမံခန့်ခွဲမှုဖြင့် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနဦးဆောင်သော စစ်ဆေးရေးအဖွဲ့က စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ စစ်ကိုင်းမြို့နယ်အတွင်း ကုန်တင်ယာဉ်တစ်စီးပေါ်၌ တရားမဝင်သယ်ဆောင် လာသောဓာတ်မြေသြဇာ
အိတ် ၃၈၀ ခန့်မှန်းတန်ဖိုး ငွေကျပ် ၁၃၃၀၀၀၀၀ ကို ဖမ်းဆီးရမိခဲ့ပြီး ပို့ကုန်သွင်းကုန်ဥပဒေနှင့်အညီ
အရေးယူဆောင်ရွက်လျက်ရှိသည်။
ယင်းအပြင် ကရင်ပြည်နယ် တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏စီမံခန့်ခွဲမှုဖြင့် ကော့ကရိတ် (တံတားကျိုး) စုပေါင်းစစ်ဆေးရေးစခန်း၌ တာဝန်ကျစစ်ဆေးရေးအဖွဲ့က
စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ ကုန်တင်မော်တော်ယာဉ်တစ်စီးပေါ်၌ တရားဝင်စာရွက်စာတမ်း အထောက်အထားတစ်စုံတစ်ရာတင်ပြနိုင်ခြင်းမရှိသည့်
လေအေးပေးစက်နှစ်စုံ ခန့်မှန်းတန်ဖိုး ငွေကျပ် ၆၀၀၀၀၀ နှင့် ဖော့ဖိနပ်မျိုးစုံ ခန့်မှန်းတန်ဖိုးငွေကျပ်
၁၈၀၀၀၀၀ စုစုပေါင်း ခန့်မှန်း တန်ဖိုးငွေကျပ် ၂၄၀၀၀၀၀ ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန်လုပ်ထုံးလုပ်နည်းနှင့်အညီ
အရေးယူဆောင်ရွက်လျက်ရှိသည်။
သို့ဖြစ်ပါ၍ မေ ၃၁ ရက်၊ ဇွန် ၁ ရက်နှင့်
ဇွန် ၂ ရက်တို့တွင် ဖမ်းဆီးရမိမှုစုစုပေါင်းမှာ အမှုတွဲငါးမှု ခန့်မှန်းတန်ဖိုးငွေကျပ်
၃၆၉၆၉၁၄၀ ဖြစ်ကြောင်း တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးဦးဆောင်ကော်မတီမှ သိရသည်။
သတင်းစဉ်

No comments:
Post a Comment