နေပြည်တော် ဇွန် ၂
ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဒေါက်တာညွန့်ဖေ၊ ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဒေါက်တာသက်ခိုင်ဝင်းနှင့် နေပြည်တော်ကောင်စီဥက္ကဋ္ဌဒေါက်တာမောင်မောင်နိုင်တို့သည် ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးဇော်ဝင်း၊ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက် ၉ နာရီတွင် နေပြည်တော် ဇမ္ဗူသီရိမြို့နယ် အမှတ်(၅) အခြေခံပညာ အထက်တန်းကျောင်း၊ ဒက္ခိဏသီရိမြို့နယ် အမှတ်(၁၈) အခြေခံပညာအထက် တန်းကျောင်းများသို့သွားရောက်၍ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ အေးချမ်းပျော်ရွှင်စွာ ပညာသင်ကြား၊ သင်ယူနေမှုများနှင့် အသက် ၅ နှစ်မှ ၁၂ နှစ်အထိ ကျောင်းသား၊ ကျောင်းသူများ ကျောင်းအခြေပြု ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံပေးနေမှုများကို သွားရောက်ကြည့်ရှုအားပေးကြပြီးလိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးသည်။
ကာကွယ်ဆေးထိုးနှံပေးရာတွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှတာဝန်ရှိသူများ၊ မြို့နယ်ဆေးရုံမှဆရာဝန်များနှင့် သက်ဆိုင်ရာကျန်းမာရေးဝန်ထမ်းများ၊ တပ်မတော်ဆေးအဖွဲ့မှ ဆရာဝန်များနှင့်တာဝန်ရှိသူများ၊ စေတနာ့ဝန်ထမ်းများနှင့် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများပူးပေါင်း၍ ကာကွယ်ဆေးမထိုးမီ မိဘအုပ်ထိန်းသူ၏ ခွင့်ပြုချက်ရယူခြင်း၊ ကျောင်းသား၊ ကျောင်းသူများကို ကိုယ်အပူချိန်တိုင်းတာခြင်း၊ သွေးပေါင်ချိန်ခြင်း၊ ရောဂါအခံ ရှိ၊ မရှိမေးမြန်းခြင်းနှင့် ကာကွယ်ဆေးထိုးပြီးပါက ကျန်းမာရေးအတွက် ကာကွယ်နေထိုင်ရ မည့်အစီအစဉ်များကို ပြောကြားဆောင်ရွက်ပေးကြပြီး ကာကွယ်ဆေးထိုးနှံပေးကြသည်။ထိုမှတစ်ဆင့် ပြည်ထောင်စုဝန်ကြီးဒေါက်တာညွန့်ဖေ၊
ဒုတိယဝန်ကြီးဦးဇော်ဝင်းနှင့် သက်ဆိုင်ရာတာဝန်ရှိသူများသည် ဇေယျာသီရိမြို့နယ် အမှတ်(၁)
အခြေခံပညာအထက်တန်း ကျောင်းနှင့် ပုဗ္ဗသီရိမြို့နယ် အမှတ်(၃) အခြေခံပညာအထက်တန်းကျောင်းများသို့သွားရောက်
၍ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ အေးချမ်းပျော်ရွှင်စွာပညာသင်ကြား၊
သင်ယူနေမှုများနှင့် အသက် ၅ နှစ်မှ ၁၂ နှစ်အထိ ကျောင်းသား၊ ကျောင်းသူများ ကျောင်း အခြေပြု
ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံပေးနေမှုများကို သွားရောက်ကြည့်ရှုအားပေး၍ ကျောင်းအတွက်
လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးသည်။
အလားတူ နေပြည်တော်ကောင်စီဥက္ကဋ္ဌဒေါက်တာမောင်မောင်နိုင်သည်
ပျဉ်းမနားမြို့နယ် အမှတ်(၁)အခြေခံ ပညာအထက်တန်းကျောင်း၊ ပုဗ္ဗသီရိမြို့နယ် အမှတ်(၃)
အခြေခံပညာအထက်တန်းကျောင်း၊ ဥတ္တရသီရိမြို့နယ် အမှတ်(၁၂) အခြေခံပညာ အထက်တန်းကျောင်းများ
သို့သွားရောက်ပြီး ကျောင်းသား၊ ကျောင်းသူများကို နှာခေါင်းစည်း Mask များ ဖြန့်ဝေပေးကာ
ကျန်းမာရေးဝန်ကြီးဌာနက သတ်မှတ်ထားသည့် ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး စည်းကမ်း ချက်များနှင့်နေထိုင်ကြပြီး
ကျောင်းစာများကိုအလေးထားပြီး ကြိုးစားသင်ယူကြကာ ယဉ်ကျေး လိမ္မာသော ကျောင်းသား၊ ကျောင်းသူများဖြစ်အောင်
ကြိုးစားကြစေလိုကြောင်းမှာကြားပြီး အသက် ၅ နှစ်နှင့် ၁၂ နှစ်အတွင်းရှိ ကျောင်းသား၊
ကျောင်းသူများ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေးမှုကို လှည့်လည်ကြည့်ရှုအားပေးပြီး
တာဝန်ရှိသူများကို လိုအပ်သည်များမှာကြားသည်။
ပြည်ထောင်စုနယ်မြေ နေပြည်တော်တွင် အခြေခံပညာအထက်တန်း၊
အလယ်တန်း၊ မူလတန်းကျောင်း စုစုပေါင်း ၇၅၇ ကျောင်း၊ ဘုန်းတော်ကြီးသင်ကျောင်း အထက်တန်း၊
အလယ်တန်း၊ မူလတန်းကျောင်း စုစုပေါင်း ၂၈ ကျောင်း၊ ကိုယ်ပိုင်ကျောင်း အထက်တန်း၊ အလယ်တန်း၊
မူလတန်းကျောင်း စုစုပေါင်း ၅၇ ကျောင်း စုစုပေါင်း ၈၄၂ ကျောင်း ပြန်လည်ဖွင့်လှစ်၍ ကျောင်းသား၊
ကျောင်းသူ စုစုပေါင်း ၁၉၀၂၀၀ ကျောင်းအပ်နှံပြီး ပညာသင်ကြားနေလျက်ရှိ ကြောင်း၊ အသက်
၅ နှစ်နှင့် ၁၂ နှစ်အတွင်းရှိ ကျောင်းသား၊ ကျောင်းသူစုစုပေါင်း ၁၀၉၆၈၂ ဦးကို ကိုဗစ်-၁၉
ရောဂါကာကွယ်ဆေးထိုးနှံပေးသွားမည်ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်

No comments:
Post a Comment