Sunday, May 15, 2022

Golden Shine Garment Assessment Center ၌ အထည်ချုပ်လုပ်သားများ ကျွမ်းကျင်မှုစစ်ဆေးအကဲဖြတ်ရေးဆောင်ရွက်နေမှုနှင့် ဖိနပ်ချုပ်စက်ရုံသို့ ဒုတိယဝန်ကြီး ကြည့်ရှုအားပေး

 


ရန်ကုန် မေ ၁၄

မြန်မာနိုင်ငံလုပ်သားများကျွမ်းကျင်မှု “စံ”သတ်မှတ်ပြဋ္ဌာန်း ရေးအဖွဲ့(NSSA)ဥက္ကဋ္ဌ အလုပ် သမားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းရှိန်သည် ယနေ့နံနက်ပိုင်းတွင် တာဝန်ရှိသူများနှင့်အတူ အထည်ချုပ်လုပ်ငန်း အမျိုးသားအဆင့် အလုပ်အကိုင်ဆိုင်ရာကျွမ်းကျင်မှု အသိအမှတ်ပြု လက်မှတ်များ ထုတ်ပေးနိုင်ရန် ကျွမ်းကျင်မှုစစ်ဆေးအကဲဖြတ်လုပ်ငန်း ဆောင်ရွက်နေသော ရန်ကုန်မြို့ လှည်းကူးမြို့နယ်ရှိ Golden Shine Garment Assessment Center သို့ ရောက်ရှိ စစ်ဆေးသည်။

ကြည့်ရှုစစ်ဆေးစဉ် ဒုတိယဝန်ကြီးက အထည်ချုပ်လုပ်ငန်းသည် လုပ်သားအခြေပြုလုပ်ငန်း ဖြစ်၍ အလုပ်အကိုင်အခွင့်အလမ်းများ များစွာဖန်တီးပေးနိုင်ကြောင်း၊ အထည်ချုပ်လုပ်သား အားလုံး NSSA အသိအမှတ်ပြု လက်မှတ်ရယူထားခြင်းဖြင့် စိတ်ဓာတ်ခွန်အား ရရှိစေပြီး ကုန်ထုတ်စွမ်းအား မြင့်မားရေးအတွက် မောင်းနှင်အားဖြစ်ကာ အရည်အသွေးမီ အထည်များချုပ်လုပ်ပေးခြင်းဖြင့် စက်ရုံ၏ ဂုဏ်သိက္ခာကို မြင့်မားစေ၍ ကုန်အပ်နှံမှုပိုမိုရရှိခြင်းဖြင့် အလုပ်သမားများ၏ ဝင်ငွေ မြင့်မားစေပြီး အစိုးရ၊ အလုပ်ရှင်၊ အလုပ်သမား သုံးပွင့်ဆိုင်ပူးပေါင်း ဆောင်ရွက်မှုအတွက် အကျိုးရှိ သဖြင့် အလေးထားဆောင်ရွက် ရန်လိုကြောင်းမှာကြားပြီး ကျွမ်းကျင်မှု စစ်ဆေးအကဲဖြတ်မှု ခံယူနေသည့် လုပ်သားများကို လှည့်လည်ကြည့်ရှုအားပေးသည်။

လှည့်လည်ကြည့်ရှု

ဆက်လက်၍ ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် လုပ်သားအင်အား ၆၆၀ ရှိသည့် SEO HO အထည် ချုပ်စက်ရုံနှင့် လုပ်သားအင်အား ၆၃၆၀ ရှိသည့် Mila Garden ဖိနပ်ချုပ်စက်ရုံသို့ ရောက်ရှိပြီး တာဝန်ရှိသူများ၏ တင်ပြချက်များအပေါ် ဒုတိယဝန်ကြီးက လုပ်ငန်းခွင်တည်ငြိမ်အေးချမ်း ရေးအတွက် အလုပ်ရှင်၊ အလုပ်သမား အပြန်အလှန်အကျိုးပြုနေသည်ကို ကောင်းစွာနားလည် သဘောပေါက်ရန်လိုကြောင်း၊ ကျွမ်းကျင်လုပ်သားများ ပြုစုပျိုးထောင်နိုင်သည်နှင့် အမျှ ထုတ်ကုန်များကို အရည်အသွေးမီ၊ အချိန်မီထုတ်လုပ်နိုင်မည်ဖြစ်ကြောင်း၊ ကိုဗစ်-၁၉ရောဂါ ကာကွယ်တားဆီးမှုများကို အရှိန်အဟုန်မပျက် ဆက်လက်ဆောင်ရွက်ရန်လိုကြောင်း၊ အလုပ်သမား ရေးရာဥပဒေ၊ နည်းဥပဒေ၊ အမိန့်၊ ညွှန်ကြားချက်များကို ကောင်းစွာသိရှိလိုက်နာဆောင်ရွက်ရန်လို ကြောင်း၊ ဌာနဆိုင်ရာများနှင့် လိုအပ်သလို ဆက်သွယ်ဆောင်ရွက်နိုင်ကြောင်း ပြောကြား၍ စက်ရုံအတွင်း လှည့်လည်ကြည့်ရှု အားပေးခဲ့ကြောင်း သိရသည်။

သတင်းစဉ်

No comments:

Post a Comment