ရန်ကုန် မေ ၁၄
ဗီယက်နမ်နိုင်ငံ ဟနွိုင်းမြို့နှင့် အခြား ဆက်စပ်မြို့များတွင် ကျင်းပလျက်ရှိ သည့် (၃၁) ကြိမ်မြောက် အရှေ့တောင် အာရှ အားကစားပြိုင်ပွဲတွင် မြန်မာနိုင်ငံကိုယ်စားပြု မြန်မာနိုင်ငံကာယဗလနှင့် ကာယကြံခိုင်မှု အားကစားအဖွဲ့ချုပ်မှ ကာယဗလကီလိုတန်းအလိုက် ပြိုင်ပွဲများကို မေ ၁၄ ရက်က ယှဉ်ပြိုင်ခဲ့ကြရာ ရွှေတံဆိပ်ဆုတစ်ခု၊ ငွေတံဆိပ်ဆုနှစ်ခု၊ ကြေးတံဆိပ်ဆုတစ်ခု ဆွတ်ခူးရရှိသည်။
Cau Giay Gumnasium ၌ ကျင်းပသော ကာယဗလနှင့် ကာယအလှပြိုင်ပွဲတွင်
မြန်မာကာယဗလ အားကစားသမားများ သည် (၇၀) ကီလိုတန်းတွင် ပထမ ရဲထွန်းနောင်(မြန်မာ)၊ ဒုတိယ
မလေးရှား၊ တတိယ လာအိုက လည်းကောင်း၊ (၈၀) ကီလိုတန်းတွင်ပထမထိုင်း၊ ဒုတိယ မင်းဇော်ဦး(မြန်မာ)၊
တတိယမလေးရှားကလည်းကောင်း၊ (၈၅) ကီလိုတန်းတွင် ပထမထိုင်း၊ ဒုတိယခင်မောင်ကျော်(မြန်မာ)၊
တတိယမလေးရှားကလည်းကောင်း၊ (၅၅)ကီလိုတန်းတွင် ပထမဗီယက်နမ်၊ ဒုတိယ မလေးရှား၊ တတိယ ကျော်မင်းသန်း (မြန်မာ)နိုင်ငံတို့ ရရှိသည်။
မေ ၁၅ ရက် (ယနေ့)တွင် အလွတ်တန်းပြိုင်ပွဲ၌ တင့်နိုင်၊ အမျိုးသမီး ကာယဗလပြိုင်ပွဲ Women Bodybuilding တွင် ဝတ်ရည်ဖြိုး၊ Miss Pair စုံတွဲပြိုင်ပွဲတွင် ဝတ်ရည်ဖြိုးနှင့် မင်းဇော်ဦးအတွဲတို့က အသီးသီးဝင်ရောက်ယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်း သိရသည်။
အာကာစိုး

No comments:
Post a Comment