နေပြည်တော် မေ ၁၄
ဗုဒ္ဓဘာသာကလျာဏယုဝအသင်း (ဗဟို)က ကျင်းပသော မင်္ဂလာဆိုင်ရာဘွဲ့တံဆိပ်တော် ဆက်ကပ် လှူဒါန်းပွဲကို ယနေ့မွန်းလွဲပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး သာကေတမြို့နယ် အမှတ်(၁၀)ရပ်ကွက်ရှိ တိပိဋကာလင်္ကာရ ပရိယတ္တိစာသင်တိုက်၌ ကျင်းပရာ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်း၊ ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူးဗိုလ်ချုပ် ညွန့်ဝင်းဆွေနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ စေတနာရှင်၊ အလှူရှင်များနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။
ဦးစွာ တိုင်းဒေသကြီး ဝန်ကြီး ချုပ်၊ တိုင်းမှူးနှင့် တက်ရောက်လာကြသူများက ရန်ကုန် တိုင်းဒေသကြီး သာကေတမြို့နယ် တိပိဋကာလင်္ကာရ ပရိယတ္တိ စာသင်တိုက် ဆရာတော်တိုင်းဒေသကြီး သံဃနာယကအဖွဲ့ ဥက္ကဋ္ဌ ဘဒ္ဒန္တအဂ္ဂသာမိထံမှ ငါးပါးသီလ ခံယူဆောက်တည်ကြပြီး ဗုဒ္ဓဘာသာကလျာဏယုဝအသင်း (ဗဟို) ဒုတိယဥက္ကဋ္ဌ မဟာမင်္ဂလ ဓမ္မဇောတိကဓဇ ဦးသောင်းဝင်းက ဘွဲ့တံဆိပ်တော ဆက်ကပ်လှူဒါန်းခြင်းနှင့် ပတ်သက်၍ လျှောက်ထားတင်ပြသည်။
ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က မင်္ဂလာဆိုင်ရာ ဘွဲ့တံဆိပ်တော်ဖြစ်သော အဂ္ဂမဟာ မင်္ဂလဓမ္မဇောတိကဓဇ ဘွဲ့တံဆိပ်တော်ကို ကျောက်တန်းမြို့နယ် ကန်ပြောင်းအရှေ့ကျောင်း တိုက် ဆရာတော် နိုင်ငံတော် ဩဝါဒါစရိယ ဘဒ္ဒန္တသုန္ဒရ ထံသို့ လည်းကောင်း၊ တိုင်းမှူးကဧရာဝတီတိုင်းဒေသကြီး ဖျာပုံမြို့ နယ် ထန်းပင်ကျောင်း ပရိယတ္တိ စာသင်တိုက် ဆရာတော် နိုင်ငံတော်ဩဝါဒါစရိယ ဘဒ္ဒန္တဝေပုလ္လ ထံသို့လည်းကောင်း (အပေါ်ပုံ)၊ ဗုဒ္ဓဘာသာကလျာဏယုဝအသင်း(ဗဟို)ဥက္ကဋ္ဌ အဂ္ဂမဟာမင်္ဂလဓမ္မ ဇောတိကဓဇ ဦးရဲထွန်းက ရန်ကုန် တိုင်းဒေသကြီး သာကေတမြို့နယ် တိပိဋကာလင်္ကာရ ပရိယတ္တိ စာသင်တိုက် ဆရာတော် တိုင်း ဒေသကြီး သံဃနာယကအဖွဲ့ ဥက္ကဋ္ဌ ဘဒ္ဒန္တအဂ္ဂသာမိ ထံသို့ လည်းကောင်း အသီးသီးဆက်ကပ် လှူဒါန်းကြကြောင်း သတင်းရရှိသည်။
သတင်းစဉ်

No comments:
Post a Comment