Thursday, May 5, 2022

ကချင်ပြည်နယ်ဝန်ကြီးချုပ် နိုင်(၄)မှတ်တမ်းပါ အချက်အလက်များအား ကွန်ပျူတာစနစ်ဖြင့် Data Base ရေးသွင်းခြင်းလုပ်ငန်း ဆောင်ရွက်နေမှုများအား လှည့်လည်ကြည့်ရှုအားပေး



မြစ်ကြီးနား မေ ၅

လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ကချင်ပြည်နယ်ရုံး၏ ကြီးကြပ်မှုဖြင့် နိုင်(၄)မှတ်တမ်းပါ နိုင်ငံသားစိစစ်ရေး ကတ်ပြားအမှတ်နှင့် အချက်အလက်များအား Excel Software ဖြင့် Data Base ရေးသွင်းခြင်းလုပ်ငန်း ဆောင်ရွက်လျက်ရှိရာ ယမန်နေ့ နံနက် ၁၀ နာရီအချန်တွင် ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် မြစ်ကြီးနားမြို့၌ ဝန်ထမ်းများ စုဖွဲ့ဆောင်ရွက်လျက်ရှိသည့် နေရာများသို့ လှည့်လည်ကြည့်ရှု အားပေးခဲ့သည်။

ထိုသို့လုပ်ငန်းဆောင်ရွက်နေမှုများကို ပြည်နယ်ဝန်ကြီးချုပ်သည် ပြည်နယ်လူမှုရေးဝန်ကြီး ဦးဝင်းရဲထွန်း၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြစ်ကြီးနားမြို့နယ် ဦးစီးမှူးရုံးဟောင်း၌ ဝန်ထမ်းများ၏ နိုင်(၄)မှတ်တမ်းပါ နိုင်ငံသားစိစစ်ရေး ကတ်ပြားအမှတ်နှင့် အချက်အလက်များကို Excel ဖြင့် စိစစ်တိုက်ဆိုင် ရိုက်သွင်းနေမှုကို လှည့်လည်ကြည့်ရှု အားပေးခဲ့ကြသည်။

ထိုမှတစ်ဆင့် ပြည်နယ်ဝန်ကြီးချုပ်သည် ဝန်ကြီးဌာနဝန်ထမ်းများနှင့် ဌာနဆိုင်ရာ အဖွဲ့အစည်းများ စုဖွဲ့ဆောင်ရွက်လျက်ရှိသည့် ကွန်ပျူတာတက္ကသိုလ်(မြစ်ကြီးနား)၌ လည်းကောင်း၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ဘက်စုံသုံးခန်းမ၌ လုပ်ငန်းဆောင်ရွက်မှုများနှင့် စာကြည့်တိုက် ဝန်ဆောင်မှုလုပ်ငန်းများကို လည်းကောင်း၊ မြစ်ကြီးနား ပြည်သူ့ဝန်ဆောင်မှု(OSS)ရုံး၌ လည်းကောင်း မှတ်တမ်းများစိစစ်ရေးသွင်းခြင်း လုပ်ငန်းဆောင်ရွက်နေမှုများကို လှည့်လည်ကြည့်ရှု စစ်ဆေးခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်က နိုင်(၄)မှတ်တမ်းပါ ရေးသွင်းခြင်းလုပ်ငန်းများကို သေချာစိစစ်တိုက်ဆိုင်ပြီး စနစ်တကျ ရေးသွင်းကြရေး၊ စာရင်းအင်းများ တိကျခိုင်မာမှုရှိမှသာ လာမည့်ရွေးကောက်ပွဲတွင် မဲဆန္ဒရှင်စာရင်း မှန်ကန်စွာရရှိပြီး မဲပေးပိုင်ခွင့်ရှိသူများ မဲပေးခွင့် ရရှိနိုင်မည်ဖြစ်ကြောင်း မှာကြားပြီး မှတ်တမ်းများ ရိုက်သွင်းလျက်ရှိသည့် ဝန်ထမ်း (၁၂၀)ဦးတို့အတွက် ထောက်ပံ့ငွေကျပ် (၉၅၀၀၀၀)သိန်းကို ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

ပြည်နယ်(ပြန်/ဆက်)

No comments:

Post a Comment