Thursday, May 5, 2022

မွန်ပြည်နယ်၀န်ကြီးချုပ် (၇၆) နှစ်မြောက် မီးသတ်တပ်ဖွဲ့နေ့ အထိမ်းအမှတ် အခမ်းအနားသို့တက်ရောက်

မော်လမြိုင် မေ ၅

၂၀၂၂ ခုနှစ် မေလ ၅ ရက်နေ့တွင် ကျရောက်သည့် (၇၆) နှစ်မြောက် မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့နေ့ အခမ်းအနားအား ယနေ့နံနက်ပိုင်းက မော်လမြိုင်မြို့နယ်၊ ပြည်နယ်မီးသတ် တပ်ဖွဲ့စခန်း၊ ခန်းမ၌ ပြုလုပ် ကျင်းပရာ အခမ်းအနားသို့ မွန်ပြည်နယ်၀န်ကြီးချုပ် ဦးဇော်လင်းထွန်း တက်ရောက်ခဲ့သည်။

ရှေးဦးစွာ အခမ်းအနားတွင် မီးသတ်တပ်ဖွဲ့ ဂုဏ်ပြုစစ်ကြောင်းဖြင့် ၀န်ကြီးချုပ်အား အလေးပြုခြင်း နိုင်ငံတော် အလံနှင့် ကျဆုံးလေပြီးသော မီးသတ်တပ်ဖွဲ့၀င်များအား အလေးပြုပြီးသစ္စာ () ချက်ရွတ်ဆိုခြင်းများ ဆောင်ရွက်ခဲ့သည်။

ထို့နောက် မွန်ပြည်နယ်၀န်ကြီးချုပ် ဦးဇော်လင်းထွန်းက (၇၆) နှစ်မြောက် မြန်မာနိုင်ငံ မီးသတ် တပ်ဖွဲ့နေ့ မိန့်ခွန်းပြောကြားရာတွင် ပြည်သူလူထု၏ အသက်အိုးအိမ်စည်စိမ်များ နိုင်ငံအတွင်းရှိ ကုန်ထုတ်အရင်းအနှီးများ ကို မီးဘေးအန္တရာယ်မှ တားဆီးကာကွယ်နိုင်ရေးနှင့် သဘာ၀ဘေးအန္တရာယ်နှင့် အခြားသော ဘေးအန္တရာယ် များ ပေါ်ပေါက်သည့်အခါ ‌အရေးပေါ်ရှာဖွေ ကယ်ဆယ်ရေး လုပ်ငန်းများကို တာ၀န်ယူဆောင်ရွက်ရသည်မှာ မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့ ၀င်များပင်ဖြစ်ပါကြောင်း၊ မီးသတ်တပ်ဖွဲ့၀င်များသည် မီးဘေးလုံခြုံရေး၊ သဘာ၀ ဘေးအန္တရာယ် ကာကွယ်ရေး၊ ရှာဖွေကယ်ဆယ်ရေးနှင့် ပြည်သူ့အကျိုးပြု လုပ်ငန်းများကိုရည်မှန်းချက် တာ၀န် ၄ ရပ်ဖြင့် အကောင်အထည်ဖော် ဆောင်ရွက်နေသူများ‌ဖြစ်ကြောင်း၊ မီးသတ်တပ်ဖွဲ့၀င်များအား ချီးကျူး ဂုဏ်ပြုပါကြောင်း ပြောကြားခဲ့သည်။

ယင်းနောက် မီးသတ်တပ်ဖွဲ့၀င်များသည် မီးငြိမ်းသတ်ရေး တာ၀န်သာမက ယနေ့ခေတ်၏ လိုအပ်ချက်အရ ပြည်သူလူထု အပေါ်ကျရောက်မည့် သဘာ၀ဘေးနှင့် အခြားသော အန္တရာယ်များမှ ရှာဖွေကယ်ဆယ် ဆောင်ရွက်နိုင်ရန်အတွက် သင်ကြားတတ်မြောက်အစဉ် လေ့ကျင့်နေလျက်ရှိရာ မီးသတ်တပ်ဖွဲ့၀င်များက အသက်ကယ်စွမ်းရည် သရုပ်ပြသခြင်းတွင် အထပ်မြင့်တိုက်များ မီးလောင်ရာတွင် ကြိုးကူးနည်းစနစ်များ၊ မီးငြိမ်းသတ်ရေး စွမ်းရည် အမျိုးမျိုး သရုပ်ပြသခြင်းများကိုပြသခဲ့ရာ ပြည်နယ်၀န်ကြီးချုပ်နှင့် ပြည်နယ်အစိုးရ အဖွဲ့၀င် ၀န်ကြီးများနှင့် တက်ရောက်လာကြသူများက ကြည့်ရှုအားပေးခဲ့သည်။

ဆက်လက်ပြီး  ပြည်နယ်မီးသတ်တပ်ဖွဲ့ဦးစီးမှူး ညွှန်ကြားရေးမှူး ဦးစိုး၀င်းနှင့် တာဝန်ရှိသူများက ပြည်နယ် အတွင်း သင်တန်းထူးချွန်ဆု၊ ပြည်နယ်အဆင့်ကျင့်၀တ်ဖြေဆိုပြိုင်ပွဲတွင် ဆုရရှိသူများ၊ ရှာဖွေကယ်ဆယ်ရေး စွမ်းဆောင်ရည်ဆုနှင့် ကြီးကြပ်ကွပ်ကဲမှုဆု၊ လုပ်သက် (၂၅) နှစ်နှင့် အထက် အရန်မီးသတ်တပ်ဖွဲ့၀င်များအား ဂုဏ်ပြုချီးမြှင့်သည့်ဆု၊ မီးသတ်တပ်ဖွဲ့နေ့ ကျင်းပနိုင်‌ရေးအတွက် ပံ့ပိုးကူညီကြသော အလှူရှင်များအား ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ချီးမြှင့် ခြင်းများဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ခင်စန်းမြင့်

No comments:

Post a Comment