Thursday, May 5, 2022

ရခိုင်ပြည်နယ်အစိုးရအဖွဲ့ဝင်၊ ပြည်နယ်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး (ပြည်နယ်ရဲတပ်ဖွဲ့မှူး)နှင့် ခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ခရိုင်အဆင့်ဌာနဆိုင်ရာများနှင့် တွေ့ဆုံပွဲပြုလုပ်

 

ကျောက်ဖြူ   မေ 

ရခိုင်ပြည်နယ်အစိုးရအဖွဲ့ဝင်၊ ပြည်နယ်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး(ပြည်နယ်ရဲတပ်ဖွဲ့မှူး) သည် ကျောက်ဖြူခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ယနေ့ နံနက်ပိုင်းက ခရိုင်/မြို့နယ် စီမံအုပ် ချုပ်ရေးအဖွဲ့ဝင်များ၊ ခရိုင်အဆင့်ဌာနဆိုင်ရာ အကြီးအကဲများနှင့် တွေ့ဆုံပွဲ အခမ်း အနားပြုလုပ်သည်။

အခမ်းအနားတွင် ပြည်နယ်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး (ပြည်နယ်ရဲတပ်ဖွဲ့မှူး)က ရွေးကောက် ပွဲအောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် လူဦးရေစာရင်းများ တိုက်ဆိုင်စစ်ဆေးခြင်း လုပ်ငန်းများ ဆောင်ရွက်ရာတွင်အခြေခံမဲဆန္ဒရှင်စာရင်းများပြည့်စုံမှန်ကန်စေရေးနှင့်လုပ်ငန်းအောင်မြင်စေရေး မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံး၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် ဌာနဆိုင်ရာများမှ ပူးပေါင်း ဆောင်ရွက်ကြစေလို ကြောင်း၊ ကျောက်ဖြူမြို့နယ်တွင် ကိုဗစ်ကာကွယ်ဆေးအား ရာနှုန်းပြည့်ထိုးနှံပြီးစီးရေးနှင့် ထပ်ဆောင်းထိုးနှံရေးကို အမြန်ဆုံးဆောင်ရွက်သွားစေလိုပါကြောင်း၊ SEZ  ရှေ့ပြေးလုပ်ငန်း ကွင်းဆင်းတိုင်းတာစိစစ်ရာတွင် သက်ဆိုင်ဌာနများမှ လိုအပ်သည်များ ပေါင်းစပ်ဆောင်ရွက်သွား ရန်၊ အစိုးရစက်မှုလက်မှုသိပ္ပံ ကျောက်ဖြူ(GTC)ကျောင်းတွင်တက်ရောက်နေသည့် ကျောင်းသား၊ ကျောင်းသူများအား ၎င်းကျောင်း ၌ဘွဲ့နှင်းသဘင်ပြုလုပ်၍ ဘွဲ့လက်မှတ်များပေးအပ်နိုင်ရေး  စီစဉ် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ်တွင် စီမံကိန်းလုပ်ငန်းများ အကောင် အထည်ဖော်ဆောင်ရွက်နေသည့်ဌာနများ အနေဖြင့်လည်း လုပ်ငန်းများ အရည်အသွေးပြည့်မီ စေရေး၊ စာရင်းစစ် စစ်ဆေးမှုခံနိုင်စေရေးနှင့် ကန့်ကွက်ချက်မဖြစ်ပေါ်စေရေး ဆောင်ရွက်ကြစေ လိုကြောင်း၊  မိမိတို့သည် နိုင်ငံ့ဝန်ထမ်းဖြစ်သည်နှင့်အညီ နိုင်ငံတော်ကချမှတ်ထားသည့် နိုင်ငံ့ ဝန်ထမ်းဥပဒေ၊ နည်းဥပဒေများကို လိုက်နာကြစေလိုပါ ကြောင်းနှင့် ပညာရေး၊ ကျန်းမာရေး အစရှိသည့် ကိစ္စရပ်များနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့သည်။ ယင်းနောက် အခမ်းအနားသို့ တက်ရောက်လာကြသည့် ခရိုင်အဆင့်ဌာနဆိုင်ရာများမှ သက်ဆိုင်ရာကဏ္ဍအလိုက် ဆွေးနွေးတင်ပြ ကြရာ ဝန်ကြီးမှ  ဆွေးနွေးတင်ပြချက်များအပေါ် ပေါင်းစပ် ညှိနှိုင်းပေးခဲ့သည်။

တင်ထွန်းဦး၊ ဖြိုးဝေလင်း (ပြန်/ဆက်)

 

No comments:

Post a Comment