(၂၂-၅-၂၀၂၂) ရက်နေ့၊ ည (၈:၀၀) နာရီ
ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် နိုင်ငံအတွင်း ကူးစက်ဖြစ်ပွားနေသော COVID-19 ရောဂါ ကာကွယ်၊ ကုသ၊ ထိန်းချုပ်ရေးလုပ်ငန်းများကို အရှိန်အဟုန်မပြတ် ဆောင်ရွက်လျက်ရှိရာ ရောဂါထိန်းချုပ်ရေးလုပ်ငန်းများ အောင်မြင်နိုင်ရေးအတွက် ပြည်သူလူထုအနေဖြင့် ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော COVID-19 ရောဂါ ကာကွယ် ထိန်းချုပ်ရေးဆိုင်ရာ စည်းကမ်းများကို စနစ်တကျ လိုက်နာဆောင်ရွက်ရန် လိုအပ်ပြီး COVID-19 ကာကွယ်ဆေး ထိုးနှံမှုခံယူခြင်းအား အထူးဂရုပြု ပူးပေါင်းဆောင်ရွက်ကြရန် လိုအပ်ပါသည်။
COVID-19
သံသယလူနာများ၊ ဓာတ်ခွဲအတည်ပြုလူနာနှင့် အနီးကပ်ထိတွေ့ခဲ့သူများနှင့် အသွားအလာ ကန့်သတ်ထားရှိသူများအား
COVID-19 ရောဂါ
ရှိ၊ မရှိ ဓာတ်ခွဲစမ်းသပ် စစ်ဆေးခြင်းအား ပုံမှန်ဆောင်ရွက်လျက်ရှိပြီး (၂၁-၅-၂၀၂၂)
ရက်နေ့၊ ည (၈:၀၀) နာရီမှ (၂၂-၅-၂၀၂၂) ရက်နေ့၊ ည (၈:၀၀) နာရီအတွင်း
ဓာတ်ခွဲနမူနာစုစုပေါင်း (၆,၀၆၄)
ခုအား စစ်ဆေးပြီးစီးခဲ့ရာ COVID-19 ရောဂါ
ဓာတ်ခွဲအတည်ပြုလူနာသစ် (၃) ဦး တွေ့ရှိရပါသည်။ ထို့ကြောင့် ယနေ့အတွက် ရောဂါပိုးတွေ့ရှိမှု
ရာခိုင်နှုန်းမှာ (၀.၀၅) ရာခိုင်နှုန်း ရှိပါသည်။
သို့ဖြစ်ပါ၍ ယနေ့အထိ ဓာတ်ခွဲနမူနာစုစုပေါင်း (၈,၁၃၈,၆၈၈) ခုအား စစ်ဆေးခဲ့ပြီး
COVID-19
ဓာတ်ခွဲအတည်ပြုလူနာ စုစုပေါင်း (၆၁၃,၂၂၂) ဦး ရှိပြီ ဖြစ်ပါသည်။
ဓာတ်ခွဲအတည်ပြုလူနာများအား နေအိမ်တွင် သီးခြားထားရှိခြင်းနှင့်
ဆေးရုံများတွင် သီးခြားထားရှိ ကုသမှုပေးခြင်းများ ဆောင်ရွက်ခဲ့ရာ ယနေ့တွင်
ပြန်လည်ကောင်းမွန်လာသူ (၁၂) ဦး ရှိသဖြင့် ယနေ့အထိ ပြန်လည်ကောင်းမွန်လာသူ
စုစုပေါင်း (၅၉၂,၁၈၆) ဦး
ရှိပြီ ဖြစ်ပါသည်။ ယနေ့တွင်လည်း COVID-19 ရောဂါဖြင့် သေဆုံးသူ မရှိသဖြင့် ယနေ့အထိ
သေဆုံးသူစုစုပေါင်း (၁၉,၄၃၄) ဦး
ရှိပါသည်။
COVID-19 ရောဂါ
ကာကွယ်ထိန်းချုပ်ရေးအတွက် တိုင်းဒေသကြီး/ ပြည်နယ်များတွင် COVID-19 ရောဂါကာကွယ်ဆေးကို
ဦးတည်အုပ်စုများသတ်မှတ်၍ ထိုးနှံပေးလျက်ရှိရာ (၂၁-၅-၂၀၂၂) ရက်နေ့အထိ လူဦးရေ
စုစုပေါင်း (၃၁,၂၆၂,၆၅၃) ဦးအား
ထိုးနှံပေးပြီးဖြစ်၍ ပထမအကြိမ်ထိုးနှံပြီးစီးသူ (၅,၄၄၁,၆၇၃) ဦး၊ ကာကွယ်ဆေးအကြိမ်ပြည့်
ထိုးနှံပြီးစီးသူ (၂၅,၈၂၀,၉၈၀)
ဦးနှင့် ထပ်ဆောင်းကာကွယ်ဆေး ထိုးနှံပြီးစီးသူ (၁,၉၄၁,၅၃၂) ဦး ရှိပြီဖြစ်ပါသည်။ သို့ဖြစ်ပါ၍
(၂၁-၅-၂၀၂၂) ရက်နေ့အထိ မြန်မာနိုင်ငံတွင် COVID-19 ရောဂါကာကွယ်ဆေး အကြိမ်ရေ စုစုပေါင်း (၅၉,၀၂၅,၁၆၅) ကြိမ် ထိုးနှံပြီး
ဖြစ်ပါသည်။
- ကာကွယ်ဆေးအကြိမ်ပြည့်
ထိုးနှံမှုခံယူထားခြင်းဖြင့် ကိုဗစ်-၁၉ ရောဂါကြောင့်
သေဆုံးရမှုကို ၇ ဆ ခန့်အထိ လျှော့ချနိုင်သည်ကို တွေ့ရှိရပါသည်။ လူတိုင်းစေ့
ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးကို
အကြိမ်ပြည့် ထိုးနှံထားရှိရန် လိုအပ်သကဲ့သို့ ကိုယ်ဝန်ဆောင်နှင့် နို့တိုက်မိခင်များ၊
သွေးတိုး၊ နှလုံး၊ ဆီးချို အစရှိသည့် နာတာရှည် ရောဂါရှိသူများသည်လည်း
ကာကွယ်ဆေးအကြိမ်ပြည့် ထိုးနှံကြရန် အထူးလိုအပ်ပါသည်။
- နိုင်ငံတကာ ခရီးသွားကဏ္ဍတွင်
ကိုဗစ်-၁၉
ရောဂါကာကွယ်ဆေး အကြိမ်ပြည့်ထိုးနှံမှု ခံယူထားသူများအား ကိုဗစ်-၁၉
ရောဂါဆိုင်ရာ
ကန့်သတ်ချက်များနှင့် ပတ်သက်၍ ဖြေလျှော့ပေးခြင်းများစွာ ဆောင်ရွက်လျက်ရှိပါသည်။
- ကျန်းမာရေးဝန်ကြီးဌာနသည်
အသက် ၁၅ နှစ်နှင့်အထက် ပြည်သူများအားလုံးနှင့် အသက် ၁၂ နှစ်မှ အသက် ၁၈
နှစ်အထိ အခြေခံပညာ ကျောင်းသူ/ ကျောင်းသားများကို ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး အခမဲ့ ထိုးနှံပေးလျက်ရှိခြင်းနှင့်
အသက် ၄၀ နှစ်နှင့်အထက် ကာကွယ်ဆေးအကြိမ်ပြည့် ထိုးနှံပြီးစီးမှုကာလ ၆
လနှင့်အထက်ရှိသော ပြည်သူများအား ထပ်ဆောင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး အခမဲ့ ထိုးနှံပေးလျက်ရှိပါ၍
ပြည်သူများအနေဖြင့် နီးစပ်ရာ ကျန်းမာရေးဌာနများ၊ ကျေးရွာ/ ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးများနှင့်
ဆက်သွယ်၍ ကာကွယ်ဆေးထိုးနှံမှုကို
မပျက်မကွက် ခံယူကြပါရန် တိုက်တွန်းနှိုးဆော်အပ်ပါသည်။
- ကိုဗစ်-၁၉
ရောဂါဆိုင်ရာ သတင်းအချက်အလက်များကို ကျန်းမာရေးဝန်ကြီးဌာန၏ အင်တာနက်စာမျက်နှာ moh.gov.mm
တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။
No comments:
Post a Comment