နေပြည်တော် မေ ၂၂
ဗီယက်နမ်နိုင်ငံ၌ အိမ်ရှင်အဖြစ် လက်ခံကျင်းပသည့် (၃၁)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲကို မြို့အသီးသီးရှိ အားကစားကွင်း/ အားကစားရုံများ၌ ကျင်းပလျက်ရှိရာ ယနေ့ ညနေပိုင်းတွင် ဟနွိုင်းမြို့ရှိ Soc Son အားကစားရုံ၌ ဗိုဗီနမ်အားကစားနည်းမှ Male Leg Attack Technique 04 Males, Each Performs 2 Legs Attack Technique (လေးယောက်တွဲ)အပြပွဲစဉ်၌ မောင်အောင်ခိုင်လင်း၊ မောင်ရာဇာထွန်း၊ မောင်ဟိန်းထက်အောင်နှင့် မောင်ကျော်သူစိုးအောင်တို့က (၉)ခုမြောက် ရွှေတံဆိပ်ဆုကို ထိုက်ထိုက်တန်တန် ထပ်မံဆွတ်ခူးရယူပေးနိုင်ခဲ့ပြီး၊ (60)ကီလိုတန်း(အတိုက်)ပွဲစဉ်၌ မရွှေသက်ထားက ကြေးတံဆိပ်ဆုကို လည်းကောင်း၊ Bac Ninh Gymnasium အားကစားရုံ၌ လက်ဝှေ့အားကစားနည်းမှ (-57)ကီလိုတန်းပွဲစဉ်၌ မောင်နိုင်လတ်က ငွေတံဆိပ်ဆုကို လည်းကောင်း ထပ်မံဆွတ်ခူး ရရှိခဲ့ကြသည်။
ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ယနေ့နံနက်ပိုင်းတွင်
ဟနွိုင်းမြို့ရှိ Hanoi
National Sport Training Centre အားကစားရုံ၌ ကျင်းပလျက်ရှိသည့်
သေနတ်ပစ်အားကစားနည်းမှ မြန်မာအားကစားသမားများ၏ ယှဉ်ပြိုင်နေမှုကို လည်းကောင်း၊ Hanoi Sport Training Centre အားကစားရုံ၌
ကျင်းပလျက်ရှိသည့် အလေးမအားကစားနည်းမှ မြန်မာအားကစားသမားများ၏ ယှဉ်ပြိုင်နေမှုကို လည်းကောင်း၊
ညနေပိုင်းတွင် Bac Ninh
Gymnasium အားကစားရုံ၌ ကျင်းပလျက်ရှိသည့် လက်ဝှေ့အားကစားနည်းမှ မြန်မာအားကစားသမားများ၏
ယှဉ်ပြိုင်ကစားနေမှုကို လည်းကောင်း၊ Soc Son Gymnasium အားကစားရုံ၌ ကျင်းပလျက်ရှိသည့် ဗိုဗီနမ်အားကစားနည်းမှ
မြန်မာအားကစားသမားများ၏ ယှဉ်ပြိုင်ကစားနေမှုများကို သွားရောက်ကြည့်ရှု အားပေးခဲ့ပြီး
ဆုရရှိသူများကို ဆုများပေးအပ် ချီးမြှင့်သည်။
ယနေ့ပြိုင်ပွဲ ပွဲစဉ်များအဖြစ် သေနတ်ပစ်၊ အလေးမ၊ ဂျူဒို၊
ဗိုဗီနမ်၊ လက်ဝှေ့ အားကစားပြိုင်ပွဲများကို ကျင်းပခဲ့ပြီး မြန်မာနိုင်ငံမှ ယနေ့အထိ ရွှေတံဆိပ် (၉)ခု၊ ငွေတံဆိပ် (၁၈)ခုနှင့်
ကြေးတံဆိပ် (၃၅)ခုတို့ ဆွတ်ခူးရရှိထားပြီး စုစုပေါင်း ဆုတံဆိပ် (၆၂)ခုဖြင့်
နိုင်ငံအလိုက် အဆင့်ရပ်တည်မှု အဆင့် (၇)တွင် ရပ်တည်လျက်ရှိကြောင်း သိရသည်။
သတင်းစဉ်





No comments:
Post a Comment