စစ်ကိုင်း
မေ ၁၀
စစ်ကိုင်းတိုင်းဒေသကြီး လယ်ယာသားငါးထုတ်ကုန် တိုးမြှင့်ရေးပြပွဲ၊ ဆွေးနွေးပွဲနှင့် မျိုးစေ့ပေးအပ်ပွဲ အခမ်း အနားကို ယမန်နေ့ နံနက်(၈)နာရီအချိန်တွင် တိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာနရုံး အစည်းအဝေးခန်းတွင် ကျင်းပရာ အခမ်းအနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး ဥပဒေချုပ်၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ် စိုက်ပျိုးရေးကြီးကြပ်မှု ကော်မတီအဖွဲ့ဝင်များ၊ ဒေသခံတောင်သူများ၊ ခန္တီးခရိုင်၊ ရွှေဘိုခရိုင်၊ တမူးခရိုင်၊ ကန့်ဘလူခရိုင် စိုက်ပျိုးရေး ကြီးကြပ်မှု ကော်မတီအဖွဲ့ဝင်များက Video Conferencing စနစ်ဖြင့် တက်ရောက်ကြသည်။
ရှေးဦးစွာ
တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့် တာဝန်ရှိသူများက လယ်ယာ သားငါး ထုတ်ကုန်တိုးမြှင့်ရေးအတွက်
ကဏ္ဍအလိုက်ဆောင်ရွက်နေမှု အခြေအနေများကို ဇယားကား ချပ်များ၊ ထုတ်ကုန်ပစ္စည်းများဖြင့်
ခင်းကျင်းပြသထားမှုနှင့် လက်တွေ့ဆောင်ရွက်နေမှုများကို လိုက်လံကြည့်ရှုအားပေးပြီး
လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့သည်။
ဆက်လက်ပြီး
တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့် တာဝန်ရှိသူများသည် စစ်ကိုင်းတိုင်းဒေသကြီး
လယ်ယာသားငါးထုတ်ကုန် တိုးမြှင့်ရေးဆွေးနွေးပွဲနှင့် မျိုးစေ့ပေးအပ်ပွဲ အခမ်း အနားသို့
တက်ရောက်ကြသည်။
ရှေးဦးစွာ
တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က စစ်ကိုင်းတိုင်းဒေသကြီးဟာ စိုက်ပျိုးရေး အားဖြင့်
အရေးပါတဲ့တိုင်းဒေသကြီး တစ်ခုဖြစ်ပြီး ဒေသတွင်းဆန်ဖူလုံမှုမှာ ၂၁၀.၄၃ ရာခိုင်နှုန်း၊
စားသုံးဆီဖူလုံမှုမှာ ၅၀၂.၈၄ ရာခိုင်နှုန်းနှင့် ပဲမျိုးစုံဖူလုံမှုမှာ ၉၆၃.၂၉ ရာခိုင်နှုန်းရှိ တဲ့အတွက် တိုင်းဒေသကြီးစီးပွားရေးရဲ့ ၃၀ ရာခိုင်နှုန်းကျော်ဟာ စိုက်ပျိုးရေး အပေါ်မှီခိုနေပါ
ကြောင်း၊ လယ်ယာစိုက်ပျိုးရေးကဏ္ဍအနေနဲ့ စစ်ကိုင်းတိုင်းဒေသကြီးမှာ စုစုပေါင်းမြေရိယာဧက
၂၃၁ သိန်းကျော်ရှိတဲ့အနက် အသားတင်စိုက်ပျိုးမြေ ၄၅.၆ သိန်းကျော်ရှိပြီး သီးထပ်၊သီးညှပ်
ဧကသိန်း ၉၀ ခန့် စိုက်ပျိုးလျက်ရှိပါကြောင်း၊ ၂၀၂၂-၂၀၂၃ ခုနှစ်မှာ တိုင်းဒေသကြီရဲ့
(GDP) တိုးတက်မှုဟာ ၄.၂ ရာခိုင်နှုန်းဖြစ်သည့်အတွက် ၂၀၂၂-၂၀၂၃ ခုနှစ် စိုက်ပျိုးရေးကဏ္ဍတွင်
၁.၉ ရာခိုင်နှုန်းနှင့် သားငါးကဏ္ဍတွင် ၁.၅ ရာခိုင်နှုန်း ပိုမိုထုတ်လုပ်ရန် လိုအပ်ပါကြောင်း၊
အသားကဏ္ဍနှင့်စပ်လျဉ်း၍ စားရေရိက္ခာဖူလုံရေး၊ အာဟာရပြည့်ဝရေး၊ အစားအစာ ဘေးကင်းလုံခြုံ
မှုရှိစေရေးနှင့် မွေးမြူရေးလုပ်ငန်း လုပ်ကိုင်သူများ ဝင်ငွေတိုးတက်ရေးအတွက် အကောင်
အထည်ဖော်ဆောင်ရွက်လျက်ရှိရာ မွေးမြူထုတ်လုပ်တဲ့ အသားများအတွက် မျိုးကောင်းမျိုး သန့်များရရှိ
မွေးမြူထုတ်လုပ်ရေး ဆောင်ရွက်ကြရန် လိုအပ်ပါကြောင်း၊
သားငါးကဏ္ဍအနေ ဖြင့် နိုင်ငံတော်ရဲ့စုစုပေါင်း ပြည်တွင်းထုတ်လုပ်မှုနဲ့ ဝန်ဆောင်မှုတန်ဖိုး
(GDP)မှာ ၇.၇ ရာခိုင် နှုန်း ပါဝင်လျက်ရှိပြီး စစ်ကိုင်းတိုင်းဒေသကြီးမှာ ၄.၇ ရာခိုင်နှုန်း
ပါဝင်လျက်ရှိပါကြောင်း၊ မိမိတို့ တိုင်းဒေသကြီး အစိုးရအဖွဲ့အနေဖြင့်လည်း သဘာဝပတ်ဝန်းကျင်နဲ့
ဂေဟစနစ်ကို ထိခိုက်မှုမရှိ စေဘဲ နိုင်ငံတကာစံချိန်စံညွှန်းနှင့် ကိုက်ညီသည့် ငါး၊ပုစွန်မွေးမြူ
ထုတ်လုပ်ရေး လုပ်ငန်းများ ဖွံ့ဖြိုးလာရေးနှင့် ရေထွက်ကုန်အခြေခံသည့် ကုန်ချောထုတ် လုပ်တင်ပို့မှု
တိုးမြှင့်ရေး လိုအပ်ချက်များ ကူညီဖြည့်ဆည်းပေးသွားမှာ ဖြစ်ပါကြောင်း၊ စိုက်ပျိုးရေး၊
မွေးမြူ ရေးနှင့် လယ်ယာကဏ္ဍကို အခြေခံသည့် ကုန်ထုတ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေး
ဆက်စပ်ဌာန များ၊ ပုဂ္ဂလိကလုပ်ငန်းရှင်များ၊ တောင်သူများနှင့် လုပ်ငန်းစဉ်ကွင်းဆက် တစ်လျောက်တွင် ပါဝင်သူများအားလုံး
ပူးပေါင်း၍ သမားရိုးကျ ထုတ်လုပ်မှုမှ စံချိန်းစံညွှန်းပြည့်မီသည့် အရည် အသွေးကောင်း
ထုတ်ကုန်များထုတ်လုပ်နိုင်ရေး ကြိုးစားဆောင်ရွက်ပြီး ရေရှည်တည်တံ့သော စီးပွားဖြစ်စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ
ပေါ်ထွန်းလာစေရေး ကြိုးပမ်းရန်လိုအပ်ပြီး တိုင်းဒေသကြီး အစိုးရအဖွဲ့အနေဖြင့် လိုအပ်သည်များကိုကူညီ
ဖြည့်ဆည်းဆောင်ရွက်ပေး သွားမည် ဖြစ်ပါကြောင်း ပြောကြားခဲ့သည်။
ယင်းနောက်
တိုင်းဒေသကြီး လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ဝင်းတင်စိုးက လယ်ယာသားငါး
ထုတ်ကုန်တိုးမြှင့်ရေး လုပ်ငန်းများနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားကာ တိုင်းဒေသကြီး
စိုက်ပျိုးရေးကြီးကြပ်မှုအဖွဲ့ဝင်များမှ တာဝန်ရှိသူများက လယ်ယာသားငါး ထုတ်ကုန်တိုးမြှင့်ရေးအတွက်
စိုက်ပျိုးရေးကဏ္ဍ ဆောင်ရွက်ထားရှိမှုများ၊ လယ်ယာကဏ္ဍ ထွတ်ကုန်တိုးမြင့်ရေးအတွက် ရည်မှန်းအထွက်နှုန်းများ
တိုင်းဒေသကြီး၏ စီးပွားရေးကဏ္ဍတွင် လယ်ယာကဏ္ဍ GDP ပါဝင်မှုများ၊ မွေးမြူရေးကဏ္ဍ ဆိုင်ရာများ၊
ရေပေးဝေနိုင်မည့် အစီအစဉ် များနှင့် SoLar စနစ်ဖြင့် ရေတင်နိုင်မည့် အစီအစဉ်များ၊ လယ်ယာသုံးစက်ကိရိယာများ
တွင်ကျယ်စွာအသုံးပြုနိုင်ရေး ဆောင်ရွက်ထားရှိမှုနှင့် လယ်ယာထွက်ကုန်များ ဈေးကွက်ရရှိရေး
ဆောင်ရွက်ထားမှု အခြေ အနေများနှင့် ပတ်သက်၍ ရှင်းလင်းဆွေးနွေးကြသည်။
ထို့နောက်
တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က လယ်ယာသားငါးထုတ်ကုန် တိုးမြှင့်ရေး လုပ်ငန်းများနှင့်
ပတ်သက်၍ အသီးသီးဆွေးနွေး တင်ပြချက်များအပေါ် လိုအပ်သည်များကို တာဝန်ရှိသူများနှင့်
ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးပြီး နိဂုံးချုပ်စကား ပြောကြားခဲ့သည်။
ဆက်လက်ပြီး
တိုင်းဒေသကြီးဝန်ကြီးချုပ်က နေကြာမျိုးစေ့၊
ပိုက်ဆံလျော်မျိုးစေ့နှင့် စပါးခွံ ပေါင်းခံရေး ကိရိယာများအားလည်းကောင်း၊ တိုင်းဒေသကြီး
အစိုးရအဖွဲ့ဝင်များက မျိုးစေ့များနှင့် စပါးခွံပေါင်းခံရည်များအား ခရိုင်/မြို့နယ်
စိုက်ပျိုးရေးဦးစီးမှူးများနှင့် ဒေသခံတောင်သူများ ထံ အသီးသီးပေးအပ်ကာ အခမ်းအနားကို
ရုပ်သိမ်းခဲ့ကြသည်။
ယနေ့ကျင်းပပြုလုပ်သည့်
အခမ်းအနားတွင် တိုင်းဒေသကြီးအတွင်းရှိ ခရိုင် ၇ ခရိုင်ရှိ မြို့နယ် များမှ ဒေသခံတောင်သူများအတွက်
နေကြာစိုက်မျိုးစေ့- ၁၀၀ တင်း၊ ပိုက်ဆံလျှော် မျိုးစေ့ - ၂၀၀ တင်း၊ စပါးခွံပေါင်းခံရေး
ကိရိယာ ၃ ခုနှင့် စပါးခွံပေါင်းခံရည်များကို
အခမဲ့ ထောက်ပံ့ပေး အပ်ခဲ့ကြောင်း သိရသည်။
တိုင်းဒေသကြီး(ပြန်/ဆက်)
.jpg)
No comments:
Post a Comment