နေပြည်တော် မေ ၁၀
စစ်ကိုင်းတိုင်းဒေသကြီးအတွင်း PDF အမည်ခံ အကြမ်းဖက်သမားများအနေဖြင့် ဒေသခံပြည်သူလူထုများအား လက်နက်ကိုင်အကြမ်းဖက်ခြင်းများဖြင့် ၎င်းတို့အပေါ် ထောက်ခံအားပေးလာစေရန် အကြောက်တရားဖြင့်ခြိမ်းခြောက်ခြင်း၊ ဆက်ကြေးကောက်ခံခြင်းများနှင့် ၎င်းတို့အပေါ် ထောက်ခံမှုမရှိသူများအား ဒလန်ဟုစွပ်စွဲသတ်ဖြတ်ခြင်းများ လုပ်ဆောင်လျက်ရှိသည်။
ထို့ကြောင့် ဒေသခံပြည်သူလူထုတို့
ဘေးကင်းလုံခြုံစွာဖြင့် နေထိုင်နိုင်ရေး၊ တရားဥပဒေစိုးမိုးရေးတို့ အတွက် လုံခြုံရေးတပ်ဖွဲ့ဝင်များအနေဖြင့်
နယ်မြေလုံခြုံရေးတာဝန်များကို တည်ငြိမ်အေးချမ်းမှုကို လိုလားသည့် ပြည်သူလူထုဖြင့်ပူးပေါင်း၍
နေ့ညမပြတ် ဆောင်ရွက်လျက်ရှိသည်။ ထိုသို့ ဆောင်ရွက်လျက်ရှိစဉ် ထီးချိုင့်မြို့နယ်အတွင်း
နယ်မြေစိုးမိုးရေးနှင့် လုံခြုံရေးတာဝန်ထမ်းဆောင်လျက်ရှိသည့် လုံခြုံရေးတပ်ဖွဲ့ဝင်များသည်
မေ ၉ ရက် ညနေ ၆ နာရီခန့်တွင် မရသိမ်ကျေးရွာ၏ အနောက်မြောက်ဘက် မီတာ ၇၀၀ ခန့်အကွာသို့အရောက်၌
ဒေသအတွင်းအဖျက်အမှောင့်လုပ်ရပ်များ လုပ်ဆောင်ရန် စုဝေးရောက်ရှိနေသည့် PDF အမည်ခံ အကြမ်းဖက်သမားများအား
တွေ့ရှိရသဖြင့် ပစ်ခတ်တိုက်ခိုက်ချေမှုန်းခဲ့ရာ အပြန်အလှန်ထိတွေ့မှုဖြစ်ပွားခဲ့ပြီး
အကြမ်းဖက်သမားများသည် တောင်ဘက်သို့ ဆုတ်ခွာထွက်ပြေးသွားခဲ့သည်။
ဖြစ်စဉ်တွင်
PDF အမည်ခံ အကြမ်းဖက်သမားများထံမှ အလောင်းအချို့၊ လက်နက်မျိုးစုံ ၁၀ လက်၊ လက်ပစ်ဗုံးမျိုးစုံ
၂၆ လုံးနှင့် ဖောက်ခွဲဖျက်ဆီးရာတွင် အသုံးပြုသည့် ဆက်စပ်ပစ္စည်းမျိုးစုံကို သိမ်းဆည်းရမိခဲ့သည်။
အဆိုပါ PDF အမည်ခံ
အကြမ်းဖက်သမားများအနေဖြင့် ယခုနှစ်၊ ဇန်နဝါရီ ၁၃ ရက်တွင်လည်း မရသိမ်ကျေးရွာရှိ အခြေခံပညာမူလတန်းကျောင်းအတွင်း
စခန်းချအခြေပြုအကာအကွယ်ရယူ၍ အကြမ်းဖက်လုပ်ရပ်များကို ဆောင်ရွက်ရန် ပြင်ဆင်နေကြောင်း
ဆူပူအကြမ်းဖက်မှုကို မလိုလားသည့် ကျေးရွာသားအချို့က ကျေးရွာအနီးဆုံးရှိ လုံခြုံရေးတပ်ဖွဲ့ဝင်များထံသို့
လျှို့ဝှက်ဆက်သွယ်အကြောင်း ကြားသတင်းပို့လာသဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်တိုက်ခိုက်ချေမှုန်းခဲ့ရသည်။
အဆိုပါ ဖြစ်စဉ်တွင်လည်း
အကြမ်းဖက်သမားများအနေဖြင့် စာသင်ကျောင်း အတွင်း/အပြင်၌ ခြံစည်းရိုးပတ်လည်အား သဲအိတ်များကာရံခြင်း၊
မိုင်းများထောင်ထားခြင်း၊ သဲအိတ်ဘန်ကာများ တည်ဆောက်ခြင်း၊ အကြမ်းဖက်လေ့ကျင့်ရေးကွင်းများ
ဖောက်လုပ်ခြင်းများပြုလုပ်ကာ စာသင်ကျောင်းအား အခိုင်အမာစခန်းတည်ဆောက်၍ အဖျက်အမှောင့်လုပ်ရပ်များ
လုပ်ဆောင်ရန် ကြိုတင်ကြံစည်နေမှုကို တားဆီးနိုင်ခဲ့သည်။
အကြမ်းဖက်သမားများအနေဖြင့်
ကျေးရွာအချို့အတွင်းဝင်ရောက်၍ အကြမ်းဖက်လုပ်ရပ်များ လုပ်ဆောင်လျက်ရှိခြင်းကြောင့် ဒေသခံပြည်သူများ
အေးချမ်းတည်ငြိမ်စွာ နေထိုင်နိုင်ရေးအတွက် လုံခြုံရေးတပ်ဖွဲ့များက နယ်မြေလုံခြုံရေးလုပ်ငန်းများ
တိုးမြှင့်ဆောင်ရွက်လျက်ရှိကြောင်းနှင့် အကြမ်းဖက်အဖွဲ့များ၏ ဝင်ထွက်သွားလာမှုသတင်းများရရှိပါက
သက်ဆိုင်ရာသို့ လျှို့ဝှက်စွာ သတင်းပေး၍ နယ်မြေတည်ငြိမ်အေးချမ်းရေးအတွက် ပူးပေါင်းပါဝင်ကြရန်
သတင်းထုတ်ပြန်အပ်ပါ သည်။
သတင်းစဉ်

No comments:
Post a Comment