နေပြည်တော် မေ ၁၀
တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင်ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာ တားဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိရာ မေ ၆ ရက်တွင် ရန်ကုန်တိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ အမှတ်(၆) မှုခင်းရဲတပ်ဖွဲ့နှင့် သစ်တောဦးစီးဌာန တို့ဦးဆောင်သော ပူးပေါင်းအဖွဲ့က ရန်ကုန်မြောက်ပိုင်းခရိုင် မင်္ဂလာဒုံမြို့နယ်အတွင်း တရားမဝင် ကျွန်းတံခါးချပ်နှင့် ကျွန်းတံခါးအပိုင်းအစများ ၁ ဒသမ ၃၈၈၄ တန် (ခန့်မှန်း တန်ဖိုးငွေကျပ် ၄၁၆၅၂၀) နှင့် အဆိုပါသစ်များတင်ဆောင်လာသည့် Toyota Wish အမျိုးအစား မော်တော်ယာဉ်တစ်စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၅၀၀၀၀၀၀) ကိုလည်းကောင်း၊ မေ ၇ ရက်တွင် သစ်တောဦးစီးဌာနဦးဆောင်သော စစ်ဆေးရေးအဖွဲ့က လှည်းကူးမြို့နယ်အတွင်း တရားမဝင် ကျွန်းခွဲသားဆိုက်စုံ ၁ ဒသမ ၅၇၁၆ တန် (ခန့်မှန်းတန်ဖိုးငွေကျပ် ၄၇၁၄၈၀)နှင့် အဆိုပါသစ်များ တင်ဆောင်လာသည့် ISUZU အမျိုးအစားမော်တော် ယာဉ်တစ်စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၅၀၀၀၀၀၀)ကို လည်းကောင်း စုစုပေါင်းခန့်မှန်းတန်ဖိုး ငွေကျပ် ၄၀၈၈၈၀၀၀ ကို ဖမ်းဆီးရမိခဲ့ပြီး သစ်တောဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။
တရားမဝင်သစ်မျိုးစုံဖမ်းမိ
အလားတူ မေ ၇ ရက်တွင် ရခိုင်ပြည်နယ် တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏
စီမံခန့်ခွဲမှုဖြင့် သစ်တောဦးစီးဌာနဦးဆောင်သော စစ်ဆေးရေးအဖွဲ့က စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ တောင်ကုတ်မြို့နယ်နှင့် စစ်တွေမြို့နယ်တို့အတွင်း တရားမဝင်သစ်မျိုးစုံ ၁၁ ဒသမ
၂၆၀၈ တန် (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၁၄၈၈၉၆) ကို ဖမ်းဆီးရမိခဲ့ပြီး သစ်တောဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။
စားသောက်ကုန်များဖမ်းမိ
ထို့ပြင် မေ ၉ ရက်တွင်အကောက်ခွန်ဦးစီးဌာန၏
စီမံခန့်ခွဲမှုဖြင့် အပြည်ပြည်ဆိုင်ရာလေဆိပ် ကုန်လှောင်ရုံ၌ တာဝန်ကျအကောက်ခွန်အဖွဲ့က
စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ တရားဝင်စာ ရွက်စာတမ်းအထောက်အထားတစ်စုံတစ်ရာ တင်ပြနိုင်ခြင်းမရှိသည့်
အလှကုန်ပစ္စည်းများ (ခန့်မှန်း တန်ဖိုးငွေကျပ် ၃၃၀၈၆၁၃)ကိုလည်းကောင်း၊ မွန်ပြည်နယ်
မရမ်းချောင် အမြဲတမ်းစစ်ဆေးရေးစခန်း၌ တာဝန်ကျပူးပေါင်းအဖွဲ့က စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ
သထုံမြို့မှပဲခူးမြို့သို့ သွားရောက်မည့် ခရီးသည်တင်ယာဉ်တစ်စီးပေါ်၌ တရားဝင် စာရွက်
စာတမ်းအထောက်အထားတစ်စုံတစ်ရာတင်ပြနိုင်ခြင်းမရှိသည့် စားသောက်ကုန်များ (ခန့်မှန်း တန်ဖိုးငွေကျပ်
၁၀၇၀၀၀၀)ကိုလည်းကောင်း၊ စုစုပေါင်းခန့်မှန်းတန်ဖိုးငွေကျပ် ၂၄၃၇၈၆၁၃ ကို ဖမ်းဆီးရမိခဲ့ပြီး
အကောက်ခွန်လုပ်ထုံးလုပ်နည်းနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။
ထို့အတူ ဧရာဝတီတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး
အထူးအဖွဲ့၏ စီမံခန့်ခွဲမှု ဖြင့် သစ်တောဦးစီးဌာနဦးဆောင်သော စစ်ဆေးရေးအဖွဲ့က စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ
ကြံခင်းမြို့နယ်အတွင်း တရားမဝင်ကျွန်းခွဲသား ၀ ဒသမ ၂၇၁ တန်(ခန့်မှန်းတန်ဖိုးငွေကျပ်
၈၁၃၀၀) ကို ဖမ်းဆီးရမိခဲ့ပြီး သစ်တောဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။
ပို့ကုန်သွင်းကုန်ဥပဒေအရအရေးယူ
၎င်းအပြင်မေ၁၀ရက်တွင် စစ်ကိုင်းတိုင်းဒေသကြီး
တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ
သစ်တောဦးစီးဌာနဦးဆောင်သော စစ်ဆေးရေးအဖွဲ့က စစ်ကိုင်းမြို့နယ်နှင့် တမူးမြို့နယ်တို့အတွင်း
တရားမဝင်ကျွန်းသစ်နှင့် ကညင်သစ် ၉ ဒသမ ၆၃၀၀တန် (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၇၄၉၅၀၀) ကို
သစ်တောဥပဒေအရ လည်းကောင်း၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနဦးဆောင်သော ပူးပေါင်းအဖွဲ့က စစ်ကိုင်းမြို့နယ်အတွင်း တရားဝင်စာရွက်စာတမ်းအထောက်အထားတစ်စုံတစ်ရာ တင်ပြနိုင်ခြင်းမရှိသည့် အထည်အလိပ်၊
ဆေးဝါး၊ လူသုံးကုန်နှင့် စားသောက်ကုန်ပစ္စည်းများ (ခန့်မှန်းတန်ဖိုးငွေကျပ် ၃၅၂၀၈၀၀၀)ကို
ပို့ကုန်သွင်းကုန်ဥပဒေအရလည်းကောင်း၊ စုစုပေါင်းခန့်မှန်းတန်ဖိုး ငွေကျပ် ၃၆၉၅၇၅၀၀ ကို
ဖမ်းဆီးအရေးယူဆောင်ရွက်လျက်ရှိသည်။
တရားမဝင်သစ်ဖမ်းမိ
အလားတူ ပဲခူးတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏စီမံခန့်ခွဲမှုဖြင့်
တိုင်းဒေသကြီးသစ်တောဦးစီးဌာနဦးဆောင်သော စစ်ဆေးရေးအဖွဲ့က စစ်ဆေးမှုများ ဆောင် ရွက်ခဲ့ရာ
တောင်ငူခရိုင် ဖြူးမြို့နယ်နှင့် အုတ်တွင်းမြို့နယ်တို့အတွင်း တရားမဝင်သစ်မျိုးစုံ
၆ ဒသမ ၉၃၆၀ တန်(ခန့်မှန်းတန်ဖိုးငွေကျပ် ၁၀၄၀၄၀၀)ကို ဖမ်းဆီးရမိခဲ့ပြီး သစ်တောဥပဒေနှင့်အညီ
အရေးယူဆောင်ရွက်လျက်ရှိသည်။
သို့ဖြစ်ပါ၍ မေ ၆ ရက်၊ ၇ ရက်၊ ၉ ရက်နှင့်
၁၀ ရက်တို့တွင် ဖမ်းဆီးရမိမှု စုစုပေါင်းမှာ အမှုတွဲ ၁၆ မှု (ခန့်မှန်းတန်ဖိုးငွေကျပ်
၁၀၄၄၉၄၇၀၉)ဖြစ်ကြောင်း တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီမှ သိရသည်။
သတင်းစဉ်

No comments:
Post a Comment