နေပြည်တော် မေ ၅
လယ်ယာကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက်တာဝန်
ထမ်းဆောင်နေကြသည့်နိုင်ငံ့ ဝန်ထမ်းများအချင်းချင်းအကြား လေ့လာမှတ်သားထားရှိချက် များအားမျှဝေဖလှယ်နိုင်ရန်၊
နည်းပညာနှင့် အတွေးအခေါ် အသစ်အဆန်းများဖော်ထုတ်နိုင်ကြစေရန်၊ ကဏ္ဍအလိုက် ခေါင်းစဉ်များသတ်မှတ်၍
လစဉ် ပထမပတ်၏ ဗုဒ္ဓဟူးနေ့တိုင်း နေပြည်တော် ရုံးအမှတ်(၁၅) အစည်းအဝေးခန်းမ၌ စကားဝိုင်း
ဆွေးနွေးပွဲများကျင်းပခဲ့ရာ ယမန်နေ့ကျင်းပသည့် နဝမအကြိမ် စကားဝိုင်း ဆွေးနွေးပွဲတွင်
“ကော်ဖီစိုက်ပျိုးထုတ်လုပ်မှု ဖွံ့ဖြိုးတိုးတက်ရေး” ခေါင်းစဉ်ဖြင့် သက်ဆိုင်ရာပညာရှင်ဝန်ထမ်း
များက ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
အခမ်းအနားသို့
ညွှန်ကြားရေးမှူးချုပ်များ၊ ပါမောက္ခချုပ်များ၊ ဌာနဆိုင်ရာများတက်ရောက် ကြပြီးတိုင်းဒေသကြီး/
ပြည်နယ်များရှိ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ကျွမ်းကျင်သူပညာရှင်များက အွန်လိုင်းစနစ်ဖြင့်
ပါဝင်တက်ရောက်ခဲ့ကြကာစိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန စီမံကိန်းဦးစီးဌာနညွှန်ကြားရေးမှူးချုပ်
ဦးကျော်ဆွေလင်းက အဖွင့်အမှာစကားပြောကြားသည်။
မြန်မာနိုင်ငံ၌
ကုန်းမြင့်ကော်ဖီ မျိုးများစိုက်ပျိုးရန်ရေမြေ ရာသီဥတုသင့်တော်သည့် ရှမ်းပြည်နယ်၊ ချင်းပြည်နယ်၊
မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ဒေသများရှိသကဲ့သို့ မြေပြန့်ကော်ဖီနှင့် သင့်တော်
သည့် ဒေသများလည်းရှိနေပြီး ပြင်ဦးလွင်ဒေသနှင့် ရှမ်းပြည်နယ် ရွာငံဒေသမှ အထူးတန်းဝင်
ကော်ဖီ (Specialty Coffee)ကို ထုတ်လုပ်ပြီး ဈေးကောင်းရရှိ သဖြင့် ကော်ဖီစိုက်တောင်သူများ၊
လုပ်ငန်းရှင်များ အကျိုးဖြစ်ထွန်းလျက်ရှိနေသော်လည်း မြန်မာ့ကော်ဖီ၏ လက်ရှိစိုက်ပျိုးထုတ်လုပ်မှု
ဧက ၅၀၀၀၀ ကျော်မှ နှစ်စဉ်ကော်ဖီစေ့တန်ချိန် ၁၀၀၀၀ ခန့်သာ ထုတ်လုပ်နိုင် သဖြင့်ကော်ဖီသီးနှံ
တိုးချဲ့စိုက်ပျိုးနိုင်ရေးကို နိုင်ငံတော်အစိုးရက အားပေးဆောင်ရွက်လျက်ရှိသည်။
သို့ဖြစ်ရာ ယနေ့ကျင်းပသည့်
စကားဝိုင်းဆွေးနွေးပွဲတွင် ကော်ဖီ စိုက်ပျိုးထုတ်လုပ်မှု လုပ်ငန်း စဉ်များတွင်ကြုံတွေ့ကြရသည့်
အခက်အခဲများ၊ နည်းပညာများနှင့် ရလဒ်ကောင်းများ၊အတွေ့အကြုံ များနှင့် အကြံဉာဏ်များကို
အပြန်အလှန်ဖလှယ်ပြီး ကော်ဖီကဏ္ဍ တိုးတက်ရေးအတွက်ကြိုးပမ်း ဆောင်ရွက်ခြင်းဖြစ်ကြောင်း
သိရသည်။
သတင်းစဉ်
No comments:
Post a Comment