Friday, May 6, 2022

ဟိုပုံးမြို့နယ်၌ ကိုးနဝင်းကျောင်းမွေတော်ထီးတော်တင်လှူပူဇော်ပွဲနှင့် ရှင်ပြု/ရဟန်းခံ၊ ကံထပ်ခြင်းအခမ်းအနားသို့ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ တက်ရောက်

 

 ဟိုပုံး မေ ၆

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်တွင် ကုန်းကျိုင်း ကျေးရွာ အုပ်စု၊ ကျူမုန့်ကျေးရွာတွင်  ကိုးနဝင်းကျောင်းမွေတော်ဘုရားဦးထီးတော်တင်လှူပူဇော်ပွဲနှင့် ရှင်ပြု/ ရဟန်းခံ၊ ကံထပ်ခြင်းအခမ်းအနားကို ယမန်နေ့နံနက် ၉နာရီ အချိန်က အဆိုပါကျေးရွာ၌ ကျင်းပ ပြုလုပ်ကြောင်းသိရသည်။

 




အခမ်းအနားတွင် တက်ရောက်လာသည့်  ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးခွန်ရဲထွေးနှင့် အဖွဲ့ဝင်များ၊ တပ်မတော်ကွန်ပျူတာနှင့် နည်းပညာသိပ္ပံကျောင်း ကျောင်းအုပ်ကြီး ဗိုလ်မှူးချုပ်သိန်းနိုင်နှင့် တာဝန်ရှိသူများ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်ထွန်းနှင့် အဖွဲ့ဝင်များ၊ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးခွန်စံလွင်နှင့် တာဝန်ရှိသူများ  ဆရာတော်၊ သံဃာ်တော်များအား ဩကာသကန်တော့ချိုးဖြင့် ကန်တော့၍ ဆရာတော်၊ သံဃာတော် များထံမှ ပရိတ်တရားတော်များနာယူကြသည်။ထို့နောက် ပင့်ဖိတ်ကျောင်း(၂၃၅)ကျောင်းမှ ဆရာတော်၊ သံဃာတော်အပါး(၅၀၀)ကို ကုန်းကျိုင်းကျေးရွာအုပ်စု၊  ကျူမုန့်ကျေးရွာ ကိုနဝင်းကုန်းကျောင်း မွေတော်စေတီတော်ထီးတော်တင်လှူခြင်းနှင့် ရှင်သာမဏေ(၁၀၈)ပါး၊ ဒုလ္လဘရဟန်း (၄၅)ပါး တို့အား ရှစ်ပါးပရိက္ခရာစုံလင်စွာဖြင့် ပဗ္ဗဇ္ဇအမွေခံ ယူသွတ်သွင်းချီးမြှင့်ခဲ့ကြသည်။

ဆက်လက်၍ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးခွန်ရဲထွေး၊ တပ်မတော် ကွန်ပျူတာနှင့် နည်းပညာသိပ္ပံကျောင်း ကျောင်းအုပ်ကြီး ဗိုလ်မှူးချုပ် သိန်းနိုင်၊ ပအိုဝ်းအမျိုးသား အဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးခွန်စံလွင်နှင့် တာဝန်ရှိသူများက ဆရာတော်များထံ စိန်ဖူးတော်နှင့်ဌာပနာပစ္စည်းများ၊အလှူငွေများကိုဆက်ကပ်ပြီးနောက်  ဆရာတော်များက စိန်ဖူးတော်တင် လှူပူဇော်ခြင်းနှင့်  ဌာပနာ ပစ္စည်းများ လှူဒါန်းခြင်းတို့ကို  ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

ပအိုဝ်းဒေသ(ပြန်/ဆက်)

No comments:

Post a Comment