Thursday, May 19, 2022

ကျောင်းအပ်နှံရေးနေ့ အထိမ်းအမှတ် မြေစိုက်ပိုစတာစိုက်ထူ

 


ဘားအံ မေ ၁၉

ပညာရေးဝန်ကြီးဌာန၊ အခြေခံပညာဦးစီးဌာ၊ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ ကျောင်းအပ်နှံရေးနေ့ အထိမ်း အမှတ် မြေစိုက်ပိုစတာစိုက်ထူပွဲအခမ်းအနားကို မေလ ၁၉ ရက်နေ့ နံနက် ၇ နာရီခွဲခန့်က ကရင်ပြည် နယ်၊ ဘားအံမြို့၊ အမှတ်(၃)အခြေခံပညာကျောင်းရှေ့၌ ကျင်းပသည်။

ဦးစွာ ကရင်ပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦး၊ ပြည်နယ်တရားလွှတ်တော် တရား သူကြီး ချုပ်ဒေါ်ခင်ဆွေထွန်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် ဌာနဆိုင်ရာတာဝန်ရှိ သူများက ကျောင်းအပ်နှံရေးနေ့ မြေစိုက်ပိုစတာအား အမွှေးနံ့သာရည်များ ပတ်ဖြန်းပေးကြပြီး ပညာရေးဝန်ထမ်းများ၊ ခရိုင်၊မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များနှင့် ရပ်မိရပ်ဖများက ၂၀၂၂-၂၀၂၃ ပညာ သင်နှစ်၊ကျောင်းအပ်နှံရေးနေ့အထိမ်းအမှတ် မြေစိုက်ပိုစတာအား စိုက်ထူခဲ့ကြကာ အဆိုပါ မြေစိုက်ပိုစတာရှေ့၌ စုပေါင်းမှတ်တမ်းဓါတ်ပုံများ ရိုက်ကူးခဲ့ကြကြောင်း သတင်းရသည်။

စောမျိုးမင်းသိန်း(ပြန်/ဆက်)

No comments:

Post a Comment