Friday, May 6, 2022

တပ်မတော်ပင်လယ်သွားဆေးရုံရေယာဉ်(သံလွင်) ကိုကိုးကျွန်းမြို့နယ်ရှိ ဒေသခံပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်

 

နေပြည်တော် မေ ၅

ရန်ကုန်တိုင်းဒေသကြီး ကိုကိုးကျွန်းမြို့နယ်နှင့် တနင်္သာရီတိုင်းဒေသကြီးအတွင်းရှိ ကမ်းရိုးတန်း ဒေသများမှဒေသခံပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးရန် ရောက်ရှိနေသည့် နယ်လှည့်အထူးကုဆေးအဖွဲ့များ ပါဝင်သည့် တပ်မတော်ပင်လယ်သွားဆေးရုံ ရေယာဉ်(သံလွင်)သည် ယနေ့တွင် ကိုကိုးကျွန်းမြို့ရှိ ပြည်သူ့ဆေးရုံ၌ ဒေသခံပြည်သူ၂၈၅ဦးအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆက်လက်ဆောင်ရွက်ပေးသည်။

ထိုသို့ ဆောင်ရွက်ပေးရာတွင် ဆေးကုသမှုဆိုင်ရာရောဂါ၆၅ ဦး၊ ခွဲစိတ်ရောဂါ ၁၈ ဦး၊ သားဖွား/ မီးယပ်ရောဂါ၂၈ ဦး၊ကလေး ရောဂါ ၃၂ ဦး၊ အရိုးရောဂါ ၄၃ ဦး၊ နား/နှာခေါင်း/လည်ချောင်း ရောဂါ ၁၉ ဦး၊ မျက်စိရောဂါ ၅၃ ဦးနှင့် သွားနှင့်ခံတွင်းရောဂါ ၂၇ ဦးစုစုပေါင်း ၂၈၅ဦး တို့ကို လိုအပ်သည့် ဆေးဝါးကုသမှုများဆောင်ရွက်ပေးသည်။

ထို့အပြင် ခွဲစိတ်ကုသရန် လိုအပ်သူ အထွေထွေခွဲစိတ်လူနာ ၄ ဦးကို ခွဲစိတ်ကုသမှုများ ဆောင်ရွက်ပေးပြီး ဓာတ်မှန်ရိုက် လူနာ ၁၇ ဦး၊ အာထရာဆောင်းဖြင့် စမ်းသပ်စစ်ဆေးလူနာ ၂၀၊ ECG ဖြင့် နှလုံး စမ်းသပ်လူနာ ၂၂ ဦးနှင့် ဓာတ်ခွဲစမ်းသပ်လူနာ ၇၆ ဦးတို့ကို ရောဂါရှာဖွေစမ်းသပ် ကုသပေးခြင်းများ ဆောင်ရွက်ပေးနိုင်ခဲ့ကြောင်း သတင်းရရှိသည်။

သတင်းစဉ်

No comments:

Post a Comment