Friday, May 6, 2022

(၂၉)ကြိမ်မြောက် မြန်မာ့တပ်မတော် ဆေးပညာရပ်ဆိုင်ရာနှီးနှောဖလှယ်ပွဲ အကြိုအလုပ်ရုံဆွေးနွေးပွဲ ကျင်းပ

 

နေပြည်တော် မေ ၅

(၂၉)ကြိမ်မြောက် မြန်မာ့တပ်မတော်ဆေးပညာရပ် ဆိုင်ရာနှီးနှောဖလှယ်ပွဲအကြိုအလုပ်ရုံဆွေးနွေးပွဲ (Pre-conference Workshop)ကို ယနေ့နံနက်ပိုင်း တွင်ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာဒုံမြို့နယ်ရှိ တပ်မတော်အရိုးရောဂါ အထူးကုဆေးရုံကြီး (ခုတင်-၅၀၀)၌ ကျင်းပသည်။

အဆိုပါ ဆေးပညာရပ်ဆိုင်ရာနှီးနှောဖလှယ်ပွဲသို့ တပ်မတော်အရိုးရောဂါအထူးကုဆေးရုံကြီး (ခုတင်-၅၀၀) တပ်မှူးဗိုလ်မှူးချုပ်ကျော်ဇင်ညွန့်၊ တပ်မတော်ဆေးတက္ကသိုလ်ပါမောက္ခချုပ် ဗိုလ်မှူးချုပ် ခင်အောင်ထွန်းနှင့်ဌာနမှူးများ၊ ကျန်းမာရေးဝန်ကြီးဌာနဆေးတက္ကသိုလ်များမှ အရိုးရောဂါ ဆေးပညာဌာန ပါမောက္ခဌာနမှူးများနှင့် အလုပ်ရုံဆွေးနွေးပွဲတွင်ပါဝင်မည့် သင်တန်းသားများ တက်ရောက်ကြသည်။

ဦးစွာ တပ်မတော်ဆေးတက္ကသိုလ်ပါမောက္ခချုပ်က အဖွင့်အမှာစကားပြောကြားပြီး အကြိုအလုပ်ရုံ ဆွေးနွေးပွဲ (Pre-conference Workshop)ကို “AOPRINCIPlE OF FRACTURE FIXATION BASIC COURSE” ခေါင်းစဉ်ဖြင့်ပြုလုပ်သည်။ ဆေးပညာသင်ကြားရေးဌာနမှ ဂုဏ်ထူးဆောင် ပါမောက္ခများ၊ ဌာနမှူး များကနံနက်ပိုင်းအစီအစဉ်တွင် ဦးဆောင် ဆွေးနွေးကြပြီးနေ့လယ်ပိုင်းတွင် သင်တန်းသားများ ကအုပ်စုခွဲလေ့ကျင့်ခန်းပြုလုပ်ကာအုပ်စုအလိုက် Presentation များ တင်ပြကြသည်။

အလုပ်ရုံဆွေးနွေးပွဲ တက်ရောက်သူများအနေဖြင့် ဆေးပညာသင်ကြားရေးအတွက် အရေးကြီးအစိတ်အပိုင်းတစ်ရပ်ဖြစ်သည့်AO PRINCIPLE OF FRACTURE FIXATION နှင့် စပ်လျဉ်းပြီး အသိအမြင် ဗဟုသုတနှင့်ကျွမ်းကျင်မှုများကို မိမိတို့ သက်ဆိုင်ရာနယ်ပယ်အသီးသီးတွင် ထိရောက်စွာအကျိုးရှိရှိ အသုံးချနိုင်မည်ဖြစ်ကြောင်း သိရှိရသည်။

ထို့ပြင် တပ်မတော်ဆေးတက္ကသိုလ် Theatre ခန်းမ၌ “IMPLEMENTING APPROPRIATE STANDARD SETTING IN DSMA” ခေါင်းစဉ်ဖြင့် မေ ၆ ရက်တွင် ဆက်လက်ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရှိရသည်။ ၎င်းအပြင် (၂၉)ကြိမ်မြောက် မြန်မာ့တပ်မတော်ဆေးပညာရပ်ဆိုင်ရာနှီးနှော ဖလှယ်ပွဲကို နေပြည်တော်ရှိ တပ်မတော်ဆေးရုံကြီး (ခုတင်-၁၀၀၀)နှင့် ရန်ကုန်တိုင်းဒေသကြီးမင်္ဂလာဒုံ မြို့နယ်ရှိ တပ်မတော်အရိုးရောဂါအထူးကုဆေးရုံကြီး(ခုတင်-၅၀၀) တို့၌ မေ ၉ ရက်မှ ၁၁ ရက်အထိ Hybird စနစ်ဖြင့်ကျင်းပပြုလုပ်သွားမည်ဖြစ်ပြီး နေပြည်တော်နှင့်ရန်ကုန်ရှိ တပ်မတော်ဆေးရုံ/ ဆေးတပ်များမှ လူကိုယ်တိုင်တက်ရောက်၍ လည်းကောင်း၊ အခြားတပ်မတော်ဆေးရုံ/ ဆေးတပ်များမှ Online စနစ်ဖြင့် လည်းကောင်း ပါဝင်ဆွေးနွေးကြမည်ဖြစ်ကြောင်း သတင်းရရှိသည်။

သတင်းစဉ်

No comments:

Post a Comment