Friday, May 6, 2022

ရွှေသွေးဂျာနယ်ထွက်ရှိ

 

နေပြည်တော် မေ ၅

ပြန်ကြားရေးဝန်ကြီးဌာန ပုံနှိပ်ရေးနှင့်ထုတ်ဝေရေးဦးစီးဌာန စာပေဗိမာန်ရုံးက အပတ်စဉ် စနေနေ့တိုင်း ရွှေသွေးဂျာနယ်ကို ထုတ်ဝေဖြန့်ချိလျက်ရှိသည်။

၇-၅-၂၀၂၂ ရက်(စနေနေ့)တွင် ထွက်ရှိမည့် ရွှေသွေးဂျာနယ်အတွဲ (၅၄) အမှတ် (၁၉) ၌ အသားငါးများကိုမစားတော့ဘဲ ဟင်းသီးဟင်းရွက်ကိုပဲ စားတော့မည်ဆိုသောဖူးလေး အကြောင်းရေးဖွဲ့ထားသည့် “ငါးကြိုက်ခင်” မျက်နှာဖုံးကာတွန်း၊ ထူးဆန်းသော ငါးမျိုးစိတ်အချို့အကြောင်းကို တင်ဆက်ထားသည့် “ထူးဆန်းထွေလာငါးကမ္ဘာ” သုတဆောင်းပါးကဏ္ဍ၊ ကာတွန်းဝင်းထွဋ်ဦး၏ မျက်နှာဝက် ဟာသကာတွန်း၊ မစူးစမ်းမဆင်ခြင်ဘဲ သူတစ်ပါးအကျိုးကို ဆောင်ရွက်ခြင်းကြောင့် မိမိကိုယ်တိုင်ပါ ဒုက္ခရောက်ရပုံအကြောင်း ရေးဖွဲ့ထားသည့်“တုံတုံနှင့် လေးချမ်း” နှစ်မျက်နှာကာတွန်း၊ ဆရာဝန်ဆိုသည်မှာ လူနာများ၏ဖြစ်သမျှရောဂါများနှင့် သနားစိတ်၊ ကြင်နာစိတ်နှင့် ဝေဒနာများ သက်သာပျောက်ကင်းစေရန် ကုသပေးသောအားကိုးစရာ၊ လေးစားစရာ၊ ကျေးဇူးရှင်ဖြစ်ကြောင်း တင်ဆက်ထားသည့် “ကြင်နာတတ်ပါသည်” ဝတ္ထုကဏ္ဍ၊ သူငယ်ချင်းကို ပိုက်ဆံချေးရန် သဘောတူ တိုက်တွန်းပုံအကြောင်းဟာသဖြစ်ဖွယ် ရေးဖွဲ့ထားသည့် “ဖိုးတစ်တို”တစ်မျက်နှာ ကာတွန်း၊ ကလေးတို့ အနေဖြင့်မိမိ၏ ဆောင်ရွက်ချက်များ၊ အတွေးများ၊ ပေါင်းသင်းဆက်ဆံရေးစသည်တို့သည် အမှန် တကယ် ကောင်းမွန်မှန်ကန်သည့်အစစ်အမှန်များ ဖြစ်ရန်မိမိ၏နှလုံးသားနှင့် ဦးနှောက်ကို အမြဲဖွင့် ထားရန် လိုအပ်ကြောင်းရေးဖွဲ့ထားသည့် “အစစ်နဲ့အတု” ပုံပြင်ကဏ္ဍအပါအဝင် ဉာဏ်စမ်းကဏ္ဍ၊ အင်္ဂလိပ်စကားဝိုင်းကဏ္ဍနှင့် ကဗျာကဏ္ဍစုံလင်စွာဖြင့် ထွက်ရှိပြီဖြစ်ရာ တစ်စောင်လျှင် ငွေကျပ် ၄၀၀ ဖြင့် စာပေဗိမာန် စာအုပ်အရောင်းဆိုင်များတွင် ဝယ်ယူနိုင်ကြောင်း သိရသည်။

သတင်းစဉ်

No comments:

Post a Comment