Friday, May 6, 2022

နိုင်ငံပိုင်စီးပွားရေးလုပ်ငန်းများအတွက် စွမ်းဆောင်ရည်မြှင့်တင်ခြင်းဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ အခမ်း အနားကျင်းပ

 

နေပြည်တော် မေ ၅

နိုင်ငံပိုင်စီးပွားရေး လုပ်ငန်းများအတွက် စွမ်းဆောင်ရည်မြှင့်တင် ခြင်းဆိုင်ရာအလုပ်ရုံဆွေးနွေးပွဲ ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက စက်မှုဝန်ကြီးဌာန ရုံးအမှတ် (၃၀)အစည်းအဝေး ခန်းမ၌ ကျင်းပသည်။

အခမ်းအနားတွင်ပြည် ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်းက ယနေ့အလုပ်ရုံ ဆွေးနွေးပွဲတွင် စီးပွားရေး လုပ်ငန်းတစ်ခုကိုစတင်ခြင်းနှင့် စွန့်ဦးတီထွင် စီးပွားရေးလုပ်ငန်း ရှင်၏သင်္ကေတ လက္ခဏာများ၊ ဈေးကွက်ရှာဖွေရေး၊မှတ်တမ်း ထိန်းသိမ်းခြင်း၊ဝယ်ယူရေးနှင့် စတော့ခ်ထိန်းချုပ်မှု၊ တန်ဖိုး တွက်ချက်ခြင်း၊ လုပ်ငန်းစီမံကိန်းရေးဆွဲခြင်း၊ ဝန်ထမ်းများစီမံခန့်ခွဲခြင်းနှင့် ကုန်ထုတ်လုပ်မှု ဟူသော ဘာသာရပ်များကို ဆွေးနွေး၍ ရလဒ်များကိုညှိနှိုင်းဖော်ထုတ် သွားမည်ဖြစ်ကြောင်း၊ စီးပွားရေး လုပ်ငန်းများကို ဦးဆောင်နေသည့် အရာထမ်းများသည် စီးပွားရေးဘာသာရပ်၏ သီအိုရီများနှင့် အခြေခံမူများကို သိရှိကျွမ်းကျင်နေရမည့်အပြင် ခေါင်းဆောင်မှု ပညာရပ်ကိုလည်း သိရှိနားလည်၍ အထက်၊အောက်၊ဘေးတိုက် ကောင်းမွန်သော ဆက်ဆံရေးကို တည်ဆောက်နိုင်သူများဖြစ်ရန် လိုအပ်ကြောင်း၊ ဈေးကွက်စီးပွား ရေးစနစ်တွင် လုပ်ငန်းများကို သမားရိုးကျစနစ်ဖြင့် ဆောင်ရွက်၍ မရပါကြောင်း၊ တီထွင်ဆန်းသစ်မှုများကိုဆောင်ရွက်နေရန် လိုအပ်ပါကြောင်း၊ ထုတ်ကုန်၏ တီထွင် ဆန်းသစ်မှု၊ ထုတ်လုပ်မှု နည်းစဉ်၏ ဆန်းသစ်မှု၊ ဈေးကွက်ဖော်ဆောင်မှုပုံစံများတီထွင် ဆန်းသစ်မှု တို့ကို စဉ်ဆက်မပြတ် ထည့်သွင်းဆောင်ရွက်သွားရန် လေ့ကျင့်ဆောင်ရွက်နေရမည် ဖြစ်ကြောင်း၊ ယင်းအတွက် စွမ်းဆောင်ရည်ပြည့်ဝသော ဝန်ထမ်းအင်အားထုကို စုစည်းတည်ဆောက်ရန်မှာ ဝန်ကြီးဌာန အတွက်အရေးကြီးသော လိုအပ်ချက်ဖြစ်ပါကြောင်း ပြောကြားသည်။

ယင်းနောက်အလုပ်ရုံ ဆွေးနွေးပွဲဒုတိယပိုင်းအစီအစဉ်များကို ဆက်လက်ကျင်းပရာ စက်မှုကြီးကြပ်ရေး နှင့် စစ်ဆေးရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦးနေလွင်ထွဋ်က စီးပွားရေးစိတ်ကူးစိတ်သန်း များ ဖော်ထုတ်ခြင်း၊ ဈေးကွက်ရှာဖွေခြင်း ခေါင်းစဉ်ဖြင့် လည်းကောင်း၊ ဒုတိယညွှန်ကြားရေးမှူးဒေါ်မူမူ အေးက ကုန်ကြမ်းဝယ်ယူခြင်းနှင့် လက်ကျန်ပစ္စည်းများထိန်းချုပ် ကိုင်တွယ်ခြင်းခေါင်းစဉ်ဖြင့် လည်းကောင်း၊ ဒုတိယညွှန်ကြားရေးမှူး ဦးစိုးနိုင်က ထုတ်လုပ်မှု၊ ဝန်ဆောင်မှုလုပ်ငန်းများအတွက် ကုန်ကျစရိတ်တွက်ချက်ခြင်း ခေါင်းစဉ်ဖြင့်လည်းကောင်း၊ စက်မှုပူးပေါင်းဆောင်ရွက်ရေး ဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဒေါ်ဖြူဖြူဝင်းက လုပ်ငန်းစီမံကိန်းရေးဆွဲခြင်း ခေါင်းစဉ်ဖြင့် လည်းကောင်း၊ နည်းပြအရာရှိ ဒေါ်စုစန္ဒာထွန်းကဝန်ထမ်းများ စီမံခန့်ခွဲခြင်းနှင့် ကုန်ထုတ်လုပ်မှု ခေါင်းစဉ်ဖြင့် လည်းကောင်း၊ အမှတ်()အကြီးစားစက်မှုလုပ်ငန်းမှ ဒေါက်တာ သွယ်နုဝါက စီးပွားရေးလုပ်ငန်း အစီအစဉ်ရေးဆွဲခြင်းခေါင်းစဉ် ဖြင့်လည်းကောင်းဆွေးနွေးကြသည်။

ဆက်လက်၍ ဆွေးနွေးမှုများအပေါ် အခြေခံ၍ တက်ရောက်လာသည့် အဆင့်မြင့်အရာထမ်းများက အုပ်စုလိုက် ညှိနှိုင်းဆွေးနွေးကာ ဆွေးနွေးမှုရလဒ်များကိုအဖွဲ့လိုက် တင်ပြကြကာ တက်ရောက် လာသူများက သိရှိလိုသည်များကို မေးမြန်းဆွေးနွေးရာ အသေးစိတ် ပြန်လည်ရှင်းလင်းဖြေကြားခဲ့ပြီး ဝန်ကြီးဌာနအတွက် အကျိုးရှိသော ရလဒ်များကို ဖော်ထုတ်သွားမည်ဖြစ်သည်။

အဆိုပါ ဆွေးနွေးပွဲသို့ စက်မှုဝန်ကြီးဌာနမှ အဆင့်မြင့် အရာထမ်း ၁၄၃ ဦး တက်ရောက်ခဲ့ပြီး နှစ်ရက်ကြာကျင်းပခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

သတင်းစဉ်

No comments:

Post a Comment