Thursday, May 5, 2022

တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကို၊ ကမ်းရိုးတန်းဒေသတိုင်းစစ်ဌာနချုပ် တိုင်းမှူးဗိုလ်ချုပ် စောသန်းလှိုင် (၇၆) နှစ်မြောက် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့ အခမ်းအနားသို့တက်ရောက်



 ထားဝယ် မေ ၅ 

(၇၆)နှစ်မြောက် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့ အခမ်းအနားကိုယနေ့နံနက် ၇ နာရီက တနင်္သာရီတိုင်း ဒေသကြီး၊ ထားဝယ်မြို့၊ တိုင်းဒေသကြီး မီးသတ်ဦးစီးဌာနရုံး၌ ကျင်းပရာ ရှေးဦးစွာ သန္ဓေနှင့် အရန် မီးသတ်တပ်ဖွဲ့ဝင်များက နိုင်ငံတော်အလံအား အလေးပြုခဲ့ကြပြီး ကျဆုံးလေပြီးသော အာဇာနည် ခေါင်းဆောင်ကြီးများနှင့် တပ်ဖွဲ့ဝင်များ အားအလေးပြုကာ မီးသတ်တပ်ဖွဲ့သစ္စာအဓိဌာန် (၄) ချက် ရွတ် ဆိုခဲ့ကြသည်။ 

ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြတ်ကိုက မိန့်ခွန်းပြောကြားရာ၌  မြန်မာနိုင်ငံ မီးသတ ်တပ်ဖွဲ့နေ့တွင် ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းများအား ခေတ်အဆက်ဆက် တာဝန်ထမ်းဆောင်ခဲ့ကြသော ရှေးမီးသတ်သမားကြီးများနှင့် မျက်မှောက်ခေတ် ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းများ ဖြစ်သည့် မီးသတ် လုပ်ငန်းဆိုင်ရာများကို စွမ်းအားပြည့် တာဝန်ထမ်းဆောင်နေကြသော မီးသတ်တပ်ဖွဲ့ဝင်အားလုံးကို ဂုဏ်ပြုလိုခြင်းဆိုသည့် အလွန်ကောင်းမြတ်သော ရည်ရွယ်ချက်ဖြင့် ယနေ့အခမ်းအနား ကျင်းပရခြင်း ဖြစ်ကြောင်း၊ နိုင်ငံတော်၏ တိုးတက်ပြောင်းလဲလာသော အခြေအနေများနှင့်အညီ အနာဂတ် စိန်ခေါ် မှုများကို ရင်ဆိုင်ကိုင်တွယ်ဖြေရှင်းနိုင်ရန် လက်ရှိအခြေအနေများနှင့် နောင်ဖြစ်လာမည့် အနာဂတ် ကာလကို မျှော်မှန်းပြီး အသွင်သဏ္ဍာန်ရောအနှစ်သာရပိုင်းပါ ပြုပြင်ပြောင်းလဲနိုင်ရန်အတွက် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ကို Men Power Equipment Power နှင့် Technological Power  တွေကို ဟန်ချက်ညီအောင် တည်ဆောက်သွားရမှာ ဖြစ်ကြောင်း၊ မီးသတ်တပ်ဖွဲ့ဝင်များအားလုံးသည် မိမိတို့ တာဝန်ထမ်းဆောင်ရသော သက်ဆိုင်ရာလုပ်ငန်းနယ်ပယ်အလိုက် ကျွမ်းကျင်ဖို့လိုအပ်ပြီး စွမ်းရည်၊ စွမ်းအားများ တိုးတက်လာစေရန် အရည်အချင်းရှိသော တပ်ဖွဲ့ဝင်များဖြစ်လာစေရန်အတွက် လေ့ကျင့် ရေးကို စဉ်ဆက်မပြတ် ဆောင်ရွက်နေကြရမှာဖြစ်ကြောင်း မီးသတ်သမားများသည် ဘေးဒုက္ခ အန္တရာယ်များနှင့် ရင်ဆိုင်ကြုံတွေ့နေရသူများကို မိမိတို့၏ အသက်နှင့်ခန္ဓာကိုယ်ကို အရင်းတည်ပြီး ကူညီကယ်တင်ဆောင်ရွက်ရသောကြောင့် ခေတ်အဆက်ဆက် တာဝန်ထမ်းဆောင်ရင်း ထိခိုက် ဒဏ်ရာရရှိသူ၊ အသက်ပေးသွားသူ တပ်ဖွဲ့ဝင်များ၏ ခမ်းနားလွန်းလှသည့် ဂုဏ်ဒြပ်ကို ယနေ့ကျရောက် သည့် မီးသတ်တပ်ဖွဲ့နေ့တွင် အလေးပြုဦးညွှတ်ကာ အနာဂတ်မှာ ရင်ဆိုင်ကြုံတွေ့လာနိုင်သော မီးဘေးနှင့် သဘာဝဘေးအန္တရာယ် ဆိုင်ရာစိန်ခေါ်မှုများကို အနိုင်ယူကြရန် ဂုဏ်ပြုပြောကြားသည်။ ဆက်လက်၍ သန္ဓေနှင့် အရန်မီးသတ်တပ်ဖွဲ့ဝင်များအား တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကို၊ ကမ်းရိုးတန်းဒေသ တိုင်းစစ်ဌာနချုပ် တိုင်းမှူးဗိုလ်ချုပ်စောသန်းလှိုင်တို့က ဂုဏ်ပြုဆုနှင့် ထောက်ပံ့ငွေ များ ပေးအပ်ခဲ့ကြသည်။ 

ယင်းနောက် ဖိတ်ကြားထားသော ဧည့်သည်တော်များအား သန္ဓေနှင့် အရန်မီးသတ်တပ်ဖွဲ့ဝင်များက အသက်ကယ်မျှော်စင်မှ တစ်ဖက်အဆောက်အဦးသို့ ရှည့်ကူးနည်း၊ ပက်လက်ကူးနည်း၊ အသက်ကယ် မျှော်စင်ပေါ်မှ ရှာဖွေကယ်ဆယ်ရေး ရိုးရိုးဆင်းနည်း၊  ဇောက်ထိုးဆင်းနည်း၊ အလွတ်ခုန်နည်း၊ အပြေးဆင်းနည်း၊ အဆောက်အဦအတွင်း ပိတ်မိနေသူအား လျှောစောက် ဆင်းနည်းဖြင့် ကယ်ဆယ်မှုနှင့် မီးသတ်လှေကားအား အသုံးပြု၍ အထပ်မြင့်ပေါ်မှလူနာအား ကယ်ဆယ်နည်း၊ ဂက်(စ်)အိုး မီးလောင် မှုအား ငြိမ်းသတ်နည်း၊ ဆီမီးလောင်မှုအား မီးသတ်ဆေးဘူးအသုံးပြု၍ ငြိမ်းသတ်နည်း၊ Fire Ball အသုံးပြု၍ မီးငြိမ်းသတ်နည်း၊ B.A Set ဝတ်ဆင်နည်း၊ ဆီမီးလောင်မှုအား Lender Mix ကိရိယာ အသုံးပြုကာ Foam ဆေးရည်ဖြင့် မီးငြိမ်းသတ်နည်း၊ အပေါ့စားမီးသတ်စက်ဖြင့် သရုပ်ပြနည်း စသည့်တို့ကို သရုပ်ပြသခဲ့ကြပြီး တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကိုနှင့် တာဝန်ရှိသူများက မီးငြိမ်းသတ်ရေးနှင့် ရှာဖွေကယ်ဆယ်ရေးပစ္စည်းများအား လှည့်လည်ကြည့်ရှု အားပေးခဲ့ကြောင်း သတင်းရရှိသည်။ 

တိုင်းဒေသကြီး(ပြန်/ဆက်)


No comments:

Post a Comment