ဘားအံ
မေ ၁၅
ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးနှင့်တာဝန်ရှိသူများသည် မေလ ၁၃ ရက်နေ့ မွန်းလွဲ ၂ နာရီခွဲခန့်က ဘားအံမြို့နယ်၊ အိန္ဒုကျေးရွာအနီးရှိ ကမော့ကပိုမျိုးသန့်ခြံ တွင်ကျင်းပသော ပိုက်ဆံ လျှော်မျိုးစေ့ပေးအပ်ခြင်းနှင့် ပိုက်ဆံလျှော်ကြဲပက်ခြင်းကွင်းသရုပ်ပြပွဲသို့ တက်ရောက်ခဲ့ကြသည်။
ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်က စိုက်ပျိုးထုတ်လုပ်မှုကုန်ကျစရိတ်လျော့ချနိုင်ရေး၊
မြေဆီလွှာအရည် အသွေး တိုးတက်ကောင်းမွန်လာစေရေးနှင့် လယ်ယာထွက်အမှိုက်များကို သဘာဝမြေဩဇာအဖြစ်
ပြုပြင်ပြောင်းလဲ၍ အကျိုးရှိရှိအသုံးချနိုင်းရေးအတွက် သီးနှံစိုက်ခင်းများတွင်သဘာဝမြေဩဇာများ ကိုတွဲဖက်သုံးစွဲရန်လိုအပ် ကြောင်း၊ နွားချေးနှင့်သစ်ဆွေးမြေဩဇာများသုံးစွဲခြင်း သီးနှံရိတ်သိမ်းပြီး
အပင်အကြွင်းအကျန်များကို မြေသို့ပြန်လည်ထည့်သွင်းပေးခြင်းဖြင့် မြေဆီလွှာပြုန်းတီးခြင်းနှင့်
အပင်အာဟာရဓာတ်များ လျော့နည်းဆုံးရှုံးခြင်းတို့ကို ကာကွယ်ပေးနိုင်မည် ဖြစ်ကြောင်း၊
မြေဆီလွှာအာဟာရတိုးမြင့်ရေးအတွက် နည်းလမ်းများစွာရှိသည့်အနက် ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုလာကြသည့် ပိုက်ဆံလျှော်ပင်ကို သစ်စိမ်းမြေဩဇာအဖြစ်အသုံးပြုခြင်းသည် ကောင်းမွန်သည့်
နည်းလမ်းတစ်ခုဖြစ်ကာကျယ်ကျယ်ပြန့်ပြန့် စိုက်ပျိုးနိုင်ရေးစည်းရုံးဆောင်ရွက်သွား ကြရန်လို
ကြောင်း ပြောကြားသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်ပြည်နယ်အစိုးရအဖွဲ့ဝင်များသည်
ကော့စိန်ဘန်အောက်ကျေးရွာ အုပ်စုရှိ ကျေးရွာ(၅)ရွာမှတောင်သူများအား ပိုက်ဆံလျှော်မျိုးစေ့နှင့်
ဂျစ်(ပ်)ဆမ်သဘာဝ ကျောက်မှုန့်မြေဩဇာများကို ထောက်ပံ့ပေးအပ်ခဲ့ကြပြီး ပိုက်ဆံလျှော်ကြဲပက်ခြင်းကွင်းသရုပ်ပြပွဲ တွင် တောင်သူများနှင့်အတူ
မျိုးစေ့များအတူတကွ ကြဲပက်ခဲ့ကြကာ စိုက်ပျိုးရေးဦးစီးဌာန၊ မြေ အသုံးချရေးဌာနခွဲမှ ခင်းကျင်းပြသထားသည့်
သစ်စိမ်း မြေဩဇာဆိုင်ရာ တောင်သူအသိပညာပေး ရွှေ့လျားပြခန်းငယ်အား ကြည့်ရှုအားပေး၍ တောင်သူများနှင်ရင်းရင် းနှီးနှီးတွေ့ဆုံပြီး
လိုအပ်သည် များမေးမြန်းကာ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည်
ကမော့ကပိုမျိုးသန့်ခြံ၌ Green House ဖြင့် စိုက်ပျိုးထား သည့်စိုက်ခင်းများ၊ ဟင်းသီးဟင်းရွက်စိုက်ခင်းများ၊
သီးနှံသစ်တောရောနှော စိုက်ခင်းများအား ကြည့်ရှုအားပေးခဲ့ပြီး လိုအပ်သည်များမှာကြားခဲ့ကြောင်း
သိရသည်။
စောမျိုးမင်းသိန်း(ပြန်/ဆက်)
No comments:
Post a Comment