နေပြည်တော် မေ ၁၅
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ်တွင် နွေစပါးတစ်ဧက တင်း(၁၂၀)အထက် ထွက်ရှိရေး ဧက(၅၀)စံပြကွက်တွင် နွေစပါးစံကွက်ရိတ်သိမ်းပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက ဇမ္ဗူ သီရိ မြို့နယ် တဲကြီးကုန်းကျေးရွာအုပ်စု စံပြစိုက်ကွင်းရှင်းလင်းဆောင်၌ ကျင်းပသည်။
ရှေးဦးစွာ
နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဒေါက်တာမောင်မောင်နိုင်က ကျေးလက်နေပြည်သူများ၏
လူနေမှုဘဝဖွံ့ဖြိုးတိုးတက်လာမှသာ တိုင်းဒေသကြီးပြည်နယ်များအလိုက်ဖွံ့ဖြိုးတိုးတက်ပြီး
နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်မှာဖြစ်သည့်အတွက် ကျေးလက်နေတောင်သူများ
လူမှုဘဝမြင့်မားရေး၊ စီးပွားရေး ကောင်းမွန်ရေးတို့ကို
ဦးစားပေးဆောင်ရွက်ရမှာဖြစ်ပါကြောင်း၊ နေပြည်တော်အတွင်း နွေစပါးရာသီ တွင်
မျိုးစေ့ထုတ်လုပ်ငန်းများအား တောင်သူလယ်သမားများမှ သက်ဆိုင်ရာကုမ္ပဏီများ၊
အဖွဲ့အစည်း များနှင့် ပူးပေါင်း၍ ဆောင်ရွက်နေကြောင်း၊
တစ်ဧကအကျိုးအမြတ်ပိုမိုရရှိနေကြောင်း၊ သီးနှံမျိုးစုံ မျိုးစေ့ထုတ်လုပ်ငန်းများ
ပိုမိုဖွံ့ဖြိုးတိုးတက်လာအောင် အားလုံးဝိုင်းဝန်း ကြိုးပမ်းဆောင်ရွက်ရမှာ ဖြစ်ပါကြောင်း
ပြောကြားသည်။
ထို့နောက်
နေပြည်တော်စိုက်ပျိုးရေးဦးစီးဌာန တိုင်းဦးစီးမှူး ဦးဝင်းထိန်က နေပြည်တော်အတွင်း
နွေစပါးစိုက်ပျိုးမှုနှင့်ပတ်သက်၍ လည်းကောင်း၊ လယ်ယာမြေစီမံခန့်ခွဲရေးနှင့်စာရင်းအင်းဦးစီးဌာန ဒုတိယတိုင်းဦးစီးမှူး
ဦးတင်ထွန်းအောင်က နေပြည်တော်အတွင်း နွေစပါးစိုက်ပျိုးမှုနှင့် စံပြကွက် ရိတ်သိမ်းမှု
အခြေအနေများကိုလည်းကောင်း၊
ဇမ္ဗူသီရိမြို့နယ် စိုက်ပျိုးရေးဦးစီးဌာန၊ ဇမ္ဗူသီရိမြို့နယ် ဦးစီးမှူး
ဦးဘဌေးက မြို့နယ်အတွင်း နွေစပါးစိုက်ပျိုးမှုနှင့်ပတ်သက်၍လည်းကောင်း
အသီးသီး ရှင်းလင်းတင်ပြကြသည်။
ယင်းနောက်
နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဒေါက်တာမောင်မောင်နိုင်နှင့်အဖွဲ့သည် တဲကြီးကုန်းကျေးရွာ
အုပ်စု ကွင်းအမှတ်(၁၆၅၉)အတွင်းရှိ တောင်သူဦးအောင်ငွေ၏ နွေစပါးစံကွက်ရိတ်သိမ်းနေမှုအား
ကြည့်ရှုအားပေးရာ နေပြည်တော်စိုက်ပျိုးရေးဦးစီးဌာန တိုင်းဦးစီးမှူးက
နွေစပါးစံကွက်ရိတ်သိမ်းနေမှု နှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြရာ
နေပြည်တော်ကောင်စီဥက္ကဋ္ဌက တောင်သူများအား မျိုးကောင်း မျိုးသန့်စပါးများရရှိရေး၊
သီးနှံအထွက်နှုန်းတိုးတက်မြင့်မားရေးအတွက် အသိပညာပေးရေးလုပ်ငန်း များကို
ထိထိရောက်ရောက် ဆောင်ရွက်ပေးစေလိုကြောင်းနှင့် လိုအပ်သည်များကို လမ်းညွှန်မှာကြား ခဲ့ကြောင်း
သိရသည်။
ယနေ့
တဲကြီးကုန်းကျေးရွာ တောင်သူဦးအောင်ငွေ ကွင်းအမှတ်(၁၆၅၉)တွင် စိုက်ပျိုးထားသည့်
ထိုင်းနှံကောက်စပါးမျိုးကို ရိတ်သိမ်းရာတွင် တစ်ဧက(၁၂၅)တင်းကျော်ထွက်ရှိပြီး
အထွက်နှုန်း ကောင်းမွန်လျက်ရှိကြောင်းနှင့် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်း ၂၀၂၁- ၂၀၂၂ ခုနှစ်တွင်
နွေစပါးစိုက်ပျိုးမှုဧကအနေဖြင့် စီမံကိန်းလျာထားဧက(၁၈၈၀၃)ဧကဖြစ်ပြီး
(၂၇၉၇၈)ဧက စိုက်ပျိုး နိုင်ခဲ့ကြောင်း သိရသည်။
ထွန်းထွန်းဝင်း(ပြန်/ဆက်)

No comments:
Post a Comment