Friday, May 20, 2022

အုတ်တွင်းမြို့နယ်၌ နွေစပါးစံကွက်ရိတ်သိမ်းခြင်း အခမ်းအနားကို ပဲခူးတိုင်းဒေသကြီးအစိုးရ အဖွဲ့ဝန်ကြီးချုပ်ဦးမျိုးဆွေဝင်း တက်ရောက်ကြည့်ရှုအားပေး

 




အုတ်တွင်း မေ ၂၀

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ အုတ်တွင်းမြို့နယ် ဘန့်ဘွေးကုန်းကျေးရွာနေတောင်သူ ဦးသန်းနိုင်၏ လယ်မြေ၌ နွေစပါးစံကွက်ရိတ်သိမ်းခြင်း အခမ်းအနားကို ယမန်နေ့ မွန်းလွဲပိုင်း () နာရီခွဲ အချိန်က အဆိုပါကျေး ရွာတွင် ရိတ်သိမ်းခဲ့ကြောင်း သိရသည်။

အဆိုပါ နွေစပါးဆင်းသုခစိုက်ဧက (၃၀) ဧကရှိပြီး တစ်ဧကလျှင် အထွက်တိုး (၁၀၈) တင်း ထွက်ရှိရာ ပဲခူးတိုင်းဒေသကြီးအစိုးရ အဖွဲ့ဝန်ကြီးချုပ်ဦးမျိုးဆွေဝင်း၊ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးဦးလှမျိုးရွှေ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးညီညီနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများကတက်ရောက်ကြည့်ရှု အားပေးခဲ့ကြောင်းနှင့် မိုးနေကြာ စိုက်ပျိုးမည့် တောင်သူ () ဦးအတွက်ဆင်း ရွှေကြာ-၂ နေကြာမျိုးစေ့ကို တစ်ဦးလျှင် လေးပြည်နှုန်းဖြင့် တာဝန်ရှိသူ အသီးသီးက ထောက်ပံ့ပေးအပ်ခဲ့ကြောင်း အုတ်တွင်းမြို့နယ်တွင် မိုးနေကြာစိုက်ပျိုးမည့် ဧက (၂၅) ဧကရှိကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၊ ဦးစီးမှူး ဦးအောင်ဆန်းဦးထံမှ သိရသည်။

ခင်ခင်မာ(ပြန်/ဆက်)

 

No comments:

Post a Comment