Friday, May 20, 2022

တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြတ်ကို တိုင်းဒေသကြီးဒေသဆိုင်ရာခရီးသွားလုပ်ငန်းကော်မတီ၏ (၁/၂၀၂၂)ကြိမ်မြောက်လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့တက်ရောက်

 

ထားဝယ် မေ ၂၀

တနင်္သာရီတိုင်းဒေသကြီးဒေသဆိုင်ရာခရီးသွားလုပ်ငန်းကော်မတီ၏ (၁/၂၀၂၂)ကြိမ်မြောက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၉ နာရီက ထားဝယ်မြို့၊ တိုင်းဒေသကြီးအစိုးရ အဖွဲ့ရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပသည်။

အစည်းအဝေးတွင် တိုင်းဒေသကြီးဒေသဆိုင်ရာခရီးသွားလုပ်ငန်းကော်မတီဥက္ကဋ္ဌ၊ တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြတ်ကိုက တနင်္သာရီတိုင်းဒေသကြီးတွင် ခရီးသွားလုပ်ငန်းနှင့်ပတ်သက်ပြီး ခရီးသွားဧည့်သည်များကို ဆွဲဆောင်နိုင်သောနေရာဒေသများစွာရှိကြောင်း၊ ကျွန်း၊ ကမ်းခြေ၊ တန်ခိုးကြီးဘုရားများ၊ ဒေသစားသောက်ဖွယ်ရာများရှိသည့်အတွက်ကြောင့် ခရီးသွားဧည့်သည်များလာနိုင်အောင်ဆွဲဆောင်စေလိုကြောင်း၊ ခရီးသွားဧည့်သည်များသိရှိအောင် တိုင်းဒေသကြီး အတွင်းရှိသောအချက်အလက်များကို သတင်းဖြန့်ဝေပေခြင်း၊ ကြော်ငြာပေးခြင်းဆောင်ရွက်နိုင် ရန်လိုအပ်ကြောင်း၊ ခရီးသွားဧည့်သည်များမှတစ်ဆင့် နေရာဒေသအနှံ့ဖြန့်ဝေပေးနိုင်မှာ ဖြစ်သောကြောင့် လာရောက်နေထိုင်သောဧည့်သည်များကို ဆက်ဆံရေးကောင်းမွန်စွာနှင့် ဝန်ဆောင်မှုပြည့်ဝစွာ ဆောင်ရွက်ပေးရန်လိုအပ်ကြောင်း၊ တိုင်းဒေသကြီးအတွင်းအကြောင်းအမျိုးမျိုးကြောင့် ခရီးသွားဧည့်သည်လျော့နည်းကျဆင်းလာသည်ကိုတွေ့ရကြောင်း၊ တိုင်းဒေသကြီးရှိကျွန်းများတွင် ခရီးသွားဧည့်သည်များလာရောက်လည်ပတ်မှုများလေ ဒေသအတွင်းရှိ ပြည်သူများ ငွေကြေးလည်ပတ်မှုများလေ ဖြစ်သည့်အတွက် ပြည်သူများငွေကြေးချောင်လည်ပြီး ဝင်ငွေများတိုးတက်လာနိုင်မှာဖြစ်ကြောင်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့် ခရီးသွား လုပ်ငန်းဆောင်ရွက်နေသူများကို လုပ်ကိုင်နိုင်အောင်ဆောင်ရွက်ပေးသွားမှာဖြစ်ကြောင်းပြောကြား သည်။

ထို့နောက် တိုင်းဒေသကြီးဒေသဆိုင်ရာခရီးသွားလုပ်ငန်းကော်မတီဒုတိယဥက္ကဋ္ဌ၊ တိုင်းဒေသကြီး စီးပွားရေးရာဝန်ကြီး ဦးမောင်ကြီးက တိုင်းဒေသကြီးအတွင်း ဟိုတယ်နှင့်ခရီးသွားလုပ်ငန်းကဏ္ဍ စနစ်တကျပိုမိုဖွံ့ဖြိုးတိုးတက်လာစေရန်၊ ဒေသအတွင်း လူ့စွမ်းအားအရင်းအမြစ်ပိုမိုဖွံ့ဖြိုးတိုး တက်လာစေရန်၊ လုပ်ငန်းရှင်များမှ အဆင်ပြေစွာဖြင့် ရင်းနှီးမြှုပ်နှံဆောင်ရွက်နိုင်ရန် စသည့် လုပ်ငန်းများနှင့်ပတ်သက်ပြီး ကော်မတီဝင်များအနေဖြင့် ဝိုင်းဝန်းအကြံပြုဆွေးနွေးပေးကြရန် လိုအပ်ကြောင်း ဆွေးနွေးတင်ပြသည်။

ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြတ်ကိုက တနင်္သာရီတိုင်းဒေသကြီးအတွင်းမှ အာဆီယံခရီးသွားလုပ်ငန်းစံနှုန်းဆုရရှိခဲ့သည့် မြိတ်မြို့နယ်နှင့် အာဆီယံအစိမ်းရောင်ဟိုတယ်များစံနှုန်းဆု (Wa Ale Eco Resort)အား ဆုတံဆိပ်များ ပေးအပ်ချီးမြှင့်ခဲ့သည်။

ဆက်လက်၍ တိုင်းဒေသကြီးဒေသဆိုင်ရာခရီးသွားလုပ်ငန်းကော်မတီအတွင်းရေးမှူး ဦးရဲအောင်မိုးက ယခင်အစည်းအဝေးဆုံးဖြတ်ချက်များအပေါ် ဆောင်ရွက်ပြီးစီးမှုအခြေအနေများနှင့် ကော်မတီမှဆုံးဖြတ်ပေးရမည့်ဝန်ဆောင်မှုကဏ္ဍအလိုက် လုပ်ငန်းလိုင်စင်လျှောက်ထား ခြင်းဆိုင်ရာအမှာစာများအား ရှင်းလင်းတင်ပြရာ ကော်မတီဝင်များက ဖြည့်စွက်ဆွေးနွေးခဲ့ကြပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြတ်ကိုက ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်းသတင်းရရှိသည်။

တိုင်းဒေသကြီး(ပြန်/ဆက်)

No comments:

Post a Comment