Saturday, May 21, 2022

ဒုတိယဝန်ကြီး ဒေါက်တာမိုးဇော်ထွန်း အမျိုးသားစာကြည့်တိုက် (ရန်ကုန်) အဆောက်အဦ ဟောင်း၏ ပြင်ဆင်မွမ်းမံထိန်းသိမ်းမည့်အခြေအနေများ ကြည့်ရှုစစ်ဆေး

နေပြည်တော် မေ ၂၀

သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန သမိုင်းသုတေသနနှင့် အမျိုးသားစာကြည့်တိုက် ဦးစီးဌာန အမျိုးသားစာကြည့်တိုက် (ရန်ကုန်) အဆောက်အဦ ဟောင်းနေရာတွင် မြန်မာသမိုင်းအဖွဲ့ ရုံးခန်းများနှင့် အမျိုးသားစာကြည့်တိုက်(ရန်ကုန်)အတွက် ပြင်ဆင် မွမ်းမံခြင်းလုပ်ငန်းများ ဆောင်ရွက်ရန် ဆွေးနွေးပွဲကို ယနေ့ နံနက် ၉ နာရီတွင် ရန်ကင်းမြို့နယ် ကမ္ဘာအေး ဘုရားလမ်း သီရိမင်္ဂလာရိပ်သာလမ်းသွယ်ရှိ သမိုင်း သုတေသနနှင့် အမျိုးသား စာကြည့်တိုက်ဦးစီးဌာန အမျိုးသားစာကြည့်တိုက်(ရန်ကုန်) ပညာဆောင်၌ ကျင်းပပြုလုပ်သည်။

အစည်းအဝေးသို့ သာသနာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာ မိုးဇော်ထွန်း၊ သမိုင်းသုတေသနနှင့် အမျိုးသားစာကြည့်တိုက်ဦးစီးဌာနမှ တာဝန်ရှိသူများနှင့် အဆောက်အဦဦးစီးဌာန၊ အဆောက်အဦအထူးအဖွဲ့(၂)မှ တာဝန်ရှိသူများ တက်ရောက်သည်။

အစည်းအဝေးတွင် သမိုင်းသုတေသနနှင့် အမျိုးသားစာကြည့်တိုက်ဦးစီးဌာန ညွှန်ကြားရေးမှူး ချုပ် ဦးအောင်မြင့်က အမျိုးသားစာကြည့်တိုက်(ရန်ကုန်) အဆောက်အဦဟောင်း၏ ပြင်ဆင် မွမ်းမံထိန်းသိမ်းမည့် အခြေအနေများကို ရှင်းလင်းတင်ပြသည်။ ထို့နောက် အဆောက်အဦ ဦးစီးဌာန၊ အဆောက်အဦ အထူးအဖွဲ့(၂)မှ တာဝန်ရှိသူများက လုပ်ငန်းအလိုက် ရှင်းလင်းတင်ပြ ကြသည်။

ယင်းနောက် ဒုတိယဝန်ကြီးက အထပ်အလိုက် ခင်းကျင်းနေရာချထားမည့် အစီအစဉ်တို့ကို လှည့်လည်ကြည့်ရှု စစ်ဆေးသည်။

ထို့နောက် အမှတ် ၆၀၄ / ၆၀၈ (၃၁)လမ်းနှင့် (၃၂)လမ်းကြား ကုန်သည်လမ်း၊ ပန်းဘဲတန်း မြို့နယ်ရှိ အမျိုးသားစာကြည့်တိုက်(ရန်ကုန်)သို့ သွားရောက်၍ မြန်မာသမိုင်းအဖွဲ့ပညာရှင်များနှင့် တွေ့ဆုံဆွေးနွေးသည်။

တွေ့ဆုံစဉ် ဒုတိယဝန်ကြီးက ကျောက်ခေတ်မှ ကုန်းဘောင်ခေတ်အထိ ခေတ်အဆက်ဆက် သမိုင်းနှင့် ပတ်သက်သည့် Documentary တစ်ခုကို ရိုက်ကူးရန် စီစဉ်နေပါကြောင်း၊ ခေတ်အလိုက် သုတေသနရေးသားနေ သော အဖွဲ့များအနေဖြင့် ဗိဿနိုး၊ သရေခေတ္တရာ၊ ပုဂံကို ကွင်းဆင်းသုတေသန ခရီးသွားရန် ဆောင်ရွက်နိုင်ရေး စီစဉ်ထားပါကြောင်း၊ သမိုင်းနှင့် ပတ်သက်၍ တစ်ဆက်တစ်စပ်တည်းသောမြန်မာ့သမိုင်းကို ပြည့်စုံမှန်ကန်စွာ ဖြင့် ရေးသားနိုင်ရေး လိုအပ်ပါကြောင်း ပြောကြားသည်။ ထို့နောက် မြန်မာသမိုင်းအဖွဲ့၊ ပညာရှင်များနှင့် လုပ်ငန်းဆောင်ရွက်ချက်များကို အပြန်အလှန်ဆွေးနွေးပြီးအမျိုးသား စာကြည့်တိုက် (ရန်ကုန်) ရှိ ဝန်ထမ်းများ နှင့် တွေ့ဆုံကာ စာကြည့်တိုက်အတွင်း လှည့်လည်ကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရသည်။

သတင်းစဉ်

No comments:

Post a Comment