နေပြည်တော် မေ ၂၀
ရခိုင်ပြည်နယ် ငါးလုပ်ငန်းဦးစီးဌာန၏ ရွှံ့ကဏန်း မျိုးစိုက်ထည့်ခြင်းကို ယနေ့နံနက်ပိုင်းက စစ်တွေမြို့ ရေချမ်းပြင်ကျေးရွာ ကြွီတဲချောင်းကမ်းနံဘေး၌ ပြုလုပ်ရာ ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာ အောင်ကျော်မင်း၊ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ထင်လတ်ဦးနှင့် ဌာနဆိုင်ရာတာဝန် ရှိသူများ တက်ရောက်ကြသည်။
ဦးစွာ ပြည်နယ်ငါးလုပ်ငန်းဦးစီးဌာနမှ တာဝန်ရှိ သူတစ်ဦးက ရွှံ့ကဏန်းမျိုးစိုက်ထည့်ပွဲ ပြုလုပ်ရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြသည်။ ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် တာဝန်ရှိသူများက မျိုးစိုက်ထည့်မည့် ရွှံ့ကဏန်းမျိုးများအား ကြည့်ရှုကြပြီး ရွှံ့ကဏန်းအကောင်ရေ ၅၀၀၀ ကို ကြွီတဲ ချောင်း သဘာဝရေပြင်အတွင်းသို့ မျိုးစိုက်ထည့်ပေး ကြသည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် တာဝန်ရှိသူများသည် ရေချမ်းပြင်ကျေးရွာတွင် ဆောက်လုပ်လျက်ရှိသည့် မြန်မာ - ထိုင်း နှစ်နိုင်ငံ နည်းပညာပူးပေါင်းဆောင်ရွက်ရေး ရေငန်ပုစွန်နှင့် ရွှံ့ကဏန်းမွေးမြူရေး ဗဟိုသရုပ်ပြစခန်းသို့ သွားရောက် ကြည့်ရှုကြရာ တာဝန်ရှိသူများက လုပ်ငန်းဆောင်ရွက် မှုအခြေအနေများနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြကြပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့် တိုင်းမှူးတို့က လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက် ပေးခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစဉ်
No comments:
Post a Comment