မုံရွာ
မေ ၁၅
စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ ဆုတောင်းပြည့်မြတ်စွာဘုရားကြီး ရင်ပြင်တော်၌ ပြုလုပ်သော ဗောဓိညောင်ရေသွန်းလောင်ပွဲ အခမ်းအနားကို ယမန်နေ့နံနက်ပိုင်းတွင် အဆိုပါ စေတီတော်မြတ်ကြီးတွင်ကျင်းပရာ အခမ်းအနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး တရားသူကြီးချုပ် ဦးဇော်ထူး၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး/ ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့် ဝန်ထမ်းများ၊ ရပ်ကွက်နေဝတ်ရွတ် အသင်းများ နှင့် ပြည်သူများ တက်ရောက်ကြသည်။
ရှေးဦးစွာ
တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့် တာဝန်ရှိသူများက ဗောဓိ ညောင်ရေ သွန်းလောင်းမည့်
အရပ်လေးမျက်နှာတို့တွင် အသီးသီးနေရာယူကြပြီး “မဟာဗောဓိဒုမေ နာယော “စသော ဂါထာတော်ကို
ရွတ်ဆို ၍ အခမ်းအနားအား ဖွင့်လှစ်ကာ ကဆုန်လပြည့် ဗုဒ္ဓနေ့အကြောင်း စာတမ်းကို ဆုတောင်းပြည့်ဂေါပကအဖွဲ့မှ
တာဝန်ရှိသူ တစ်ဦးက ဖတ်ကြားခဲ့သည်။
ဆက်လက်၍
အရှေ့အရပ်တွင် နေရာယူသော တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် အရပ် လေးမျက် နှာတို့တွင်
နေရာယူကြသော တာဝန်ရှိသူများက “ ဇယောဟိ ” စသော ဂါထာ တော်ကို ရွတ်ဆို ၍ ညောင်ရေသွန်းလောင်းကြပြီး
အရပ်လေးမျက်နှာရှိ နတ်မင်းကြီးများနှင့် ဝတ်ရွတ် အဖွဲ့များမှ သက်ဆိုင်ရာ ကဗျာကိုရွတ်ဆို၍
ညောင်ရေသွန်းလောင်းကြပြီး နတ်မင်းကြီးများ၊ ဝတ်ရွတ် အသင်များနှင့် ဧည့်ပရိတ်များက
“ ဇယန္တော ”စသော “ ဇယ မင်္ဂလာ ” (၅)ဂါထာတော် တို့ကို ရွတ်ဆို၍ ဆုတောင်းပတ္ထနာပြုခြင်းနှင့်
ဝတ်ရွတ် အဖွဲ့များမှ “သွန်းကြသွန်းကြ ”ကဗျာကို ရွတ်ဆိုကြသည်။
ဆက်လက်ပြီး
တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့် တာဝန်ရှိသူများ၊ ဝတ်ရွတ် အသင်းများနှင့်
ဧည့်ပရိတ်များက “ ဗုဒ္ဓသာသနံ စိရံတိဋ္ဌတု ” သုံးကြိမ်ရွတ်ဆို ဆုတောင်း၍ ကြေးစည်၊ စည်များထိုး၍
ညောင်ရေ သွန်းလောင်း အခမ်းအနားအား ရုပ်သိမ်းခဲ့ကြသည်။
အလားတူ
တိုင်းဒေသကြှီး ဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့် တာဝန်ရှိသူများသည် မေလ (၁၃) ရက်နေ့ ညနေပိုင်းတွင်
မုံရွာမြို့၊ မုံရွာမြို့ ပြည်သူ့အားကစားကွင်၌ ကျင်းပသော တိုင်းဒေသကြီး ဝန်ကြီးချုပ်ဖလား
ခရိုင်ပေါင်းစုံ အသက်(၁၉)နှစ်အောက် အမျိုးသားဘော လုံးပြိုင်ပွဲ ဖွင့်ပွဲ အခမ်းအနားသို့ တက်ရောက်ကြသည်။
တိုင်းဒေသကြီး
ဝန်ကြီးချုပ် ဦးမြတ်ကျော်က နိုင်ငံတော်အနေဖြင့် မြန်မာ့အားကစား အဆင့် အတန်း တိုးတက်မြင့်မားရေးကို
အမျိုးသားရေး တာဝန်တစ်ရပ်အနေဖြင့် အကောင် အထည်ဖော် ဆောင်ရွက်လျက်ရှိပါကြောင်း၊ တိုင်းဒေသကြီးနှင့်ပြည်နယ်
ဘောလုံးပြိုင်ပွဲ များကို (၁၉၅၂)ခုနှစ်မှစ၍ ကျင်းပခဲ့ပြီး လက်ရှိမြန်မာ့လက်ရွေးစင်အသင်းကို
အင်အား ဖြည့်နိုင်ရန်နှင့် အလားအလာရှိသော သွေးသစ်လူငယ်ဘောလုံး အားကစားသမားများ ပေါ်ထွက်ရရှိစေရေး
အတွက် သက်ထမ်းအလိုက် ပြိုင်ပွဲများအဖြစ် တိုင်းဒေသကြီးနှင့် ပြည်နယ် အသက်(၁၉) နှစ်အောက်
အမျိုးသားဘောလုံပြိုင်ပွဲကို ကျင်းပပြုလုပ်ရခြင်း ဖြစ်ပါကြောင်း၊ ယခုကျင်းပမည့် ခရိုင်ပေါင်းစုံ
အသက်(၁၉)နှစ်အောက် ဘောလုံးပြိုင်ပွဲကနေလည်း အရည်အချင်းပြည့်ဝတဲ့ တိုင်းလက်ရွေးစင်အားကစားသမားများကို
စစ်ကိုင်းတိုင်းဒေသကြီး လက်ရွေးစင်အဖြစ် ရွေးချယ်ပြီး နေပြည်တော်တွင် ကျင်းပမဲ့ တိုင်းဒေသကြီးနှင့်
ပြည်နယ် အသက်(၁၉)နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်သွားမှာဖြစ်ပါကြောင်း
ပြောကြားပြီး ခရိုင် ပေါင်းစုံ အသက်(၁၉)နှစ်အောက် အမျိုးသားဘောလုံး ပြိုင်ပွဲအား ဖွင့်လှစ်ပေးခဲ့သည်။
ထို့နောက်
စစ်ကြောင်းမှူးမှ ဦးဆောင်၍ ပြိုင်ပွဲဝင်အသင်းများမှ အားကစားသစ္စာ အဓိဋ္ဌာန် ရွတ်ဆိုပြီး
တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ပြိုင်ပွဲဝင်အားကစား သမားများ အား
လိုက်လံနုတ်ဆက်အားပေးကာ ပြိုင်ပွဲဝင်အသင်းများမှ စစ်ကြောင်းပုံစံဖြင့် ကွင်းအတွင်းမှ
ပြန်လည်ထွက်ခွာကြသည်။
ယင်းနောက်
တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့် တာဝန်ရှိသူများက အဖွင့် ပွဲစဉ်အဖြစ် ကသာခရိုင်
ဘောလုံးအသင်းနှင့် ကောလင်းခရိုင် ဘောလုံးအသင်းတို့ ယှဉ်ပြိုင် ကစားနေမှုအား ကြည့်ရှု့အားပေးပြီး
ကသာခရိုင်အသင်းမှ ကောလင်းခရိုင်အသင်းအား (၃) ဂိုး၊ ဂိုးမရှိဖြင့် အနိုင်ရရှိသွားသည်။
ဆက်လက်ပြီး
တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က အဖွင့်ပွဲစဉ်တွင် ကသာ ခရိုင် ဘောလုံးအသင်းမှ
အကောင်းဆုံးကစားသမား မောင်သော်တာထွန်း ကျောနံပါတ် (၁၅)အား Daily Man Of Match ဂုဏ်ပြုဆုတံဆိပ်နှင့်
ဆုငွေကျပ် - ၅ သောင်းအား ပေးအပ်ချီးမြှင့်ခဲ့
ကြောင်း သိရသည်။
အဆိုပါ
၂၀၂၂-ခုနှစ်၊ စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ်ဖလား ခရိုင်ပေါင်းစုံ အသက် (၁၉) နှစ်အောက်
အမျိုးသားဘောလုံးပြိုင်ပွဲသို့ စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ ခရိုင်(၈)ခရိုင်မှ
အားကစားသမား (၁၄၄)ဦး ဝင်ရောက်ယှဉ်ပြိုင်ကြပြီး အုပ်စု(၂)အုပ်စုခွဲကာ မုံရွာမြို့ရှိ
ပြည်သူ့ အားကစားကွင်းတွင် မေလ(၁၃)ရက်နေ့မှ မေလ(၂၅)ရက်နေ့ အထိကျင်းပ သွားမည် ဖြစ် ကြောင်း
သိရသည်။
ခရိုင်(ပြန်/ဆက်)




No comments:
Post a Comment