Tuesday, May 3, 2022

ဧရာဝတီတိုင်းဒေသကြီး ကျေးလက်ဒေသဖွံဖြိုးတိုးတက်ရေးဦးစီးဌာန၊ တိုင်းဒေသကြီးကျေးလက်ဒေသ ဖွံဖြိုးတိုးတက်ရေး လုပ်ငန်းကြီးကြပ်မှုကော်မတီအစည်းဝေး (ဒုတိယအကြိမ်)ကျင်းပ

 


 ပုသိမ် မေ ၃

သမဝါယမနှင့်ကျေးလက်ဖွံဖြိုးရေးဝန်ကြီးဌာန၊     ဧရာဝတီတိုင်းဒေသကြီးကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊  တိုင်းဒေသကြီးကျေးလက်ဒေသဖွံဖြိုးတိုးတက်ရေး လုပ်ငန်းကြီးကြပ်မှု ကော်မတီအစည်းဝေးကို (၃-၅-၂၀၂၂)ရက်၊ နံနက်(၁၀)နာရီအချိန်တွင် အဆိုပါရုံးအစည်းဝေးခန်းမ၌ ကျင်းပသည်။

အခမ်းအနားသို့  ဧရာဝတီတိုင်းဒေသကြီး ကျေးလက်ဒေသဖွံဖြိုးတိုးတက်ရေး လုပ်ငန်းကြီးကြပ်မှု ကော်မတီဝင်များ   တက်ရောက်ကြသည်။   ရှေးဦးစွာ တိုင်းဒေသကြီးဦးစီးမှူး  ကိုယ်စားတာဝန်ရှိသူ တစ်ဦးမှ (၂၀၂၁-၂၀၂၂ ခုနှစ်) ဘဏ္ဍာရေးနှစ်တွင် ဆောင်ရွက်ခဲ့ပြီးဖြစ်သော လုပ်ငန်းစဉ်များနှင့် ပတ်သက်၍ ရှင်းလင်း တင်ပြဆွေးနွေးပြီး၊ (၂၀၂၂-၂၀၂၃ခုနှစ်)တွင် ဆက်လက်လုပ်ဆောင်သွားမည့်လုပ် ငန်းစဉ်ကိစ္စများနှင့် ပတ်သက်၍ ကော်မတီအဖွဲ့များမှ ဆွေးနွေးတင်ပြကြရန် ပြောကြားသည်။

အခမ်းအနားတက်ရောက်ကြသည့် ကော်မတီအဖွဲ့များမှ စိုက်ပျိုးရေးဦးစီးဌာန၊ မွေးမြူရေးနှင့် ပညာရေး ကဏ္ဍကိစ္စရပ်များနှင့် ကျေးလက်ကုန်ထုတ်လမ်းဖောက်လုပ်မှုများနှင့် ပတ်သက်၍ သက်ဆိုင်သည့်ဌာန အသီးသီးတို့မှ တင်ပြဆွေးနွေးခဲ့ကြသည်။ (၂၀၂၂-၂၀၂၃)ဘဏ္ဍာနှစ်အတွင်း ဆောင်ရွက်မည့် ကျေးလက်ဒေသ ဖွံဖြိုးရေးလုပ်ငန်းများဖြစ်သော ကျေးလက်ရေရရှိရေး၊ ကျေးလက်ကုန်ထုတ်လမ်း၊ ကျေးလက်မီးလင်းရေး၊ မြစိမ်းရောင်ကျေးရွာစီမံကိန်း၊ အသက်မွေးဝမ်းကျောင်းသင်တန်းများ   ဖွင့်လှစ်သင်ကြားမှု၊ ကျေးရွာဖွံဖြိုးရေး လုပ်ငန်းစီမံကိန်း(VDP)စသောလုပ်ငန်းများ လုပ်ဆောင်ရာတွင် လိုအပ်သည့်အချက်များကို တက်ရောက်လာကြသည့် ကော်မတီဝင်များက တင်ပြဆွေးနွေးခဲ့ကြရာ ကျေးလက်ဒေသဖွံဖြိုးတိုးတက်ရေးလုပ်ငန်း ကြီးကြပ်မှုကော်မတီ ဦးနေထက်ရှိန်ညွှန်ကြားရေးမှူးမှ သိရှိမှတ်သားကာ တိုင်းဒေသကြီးအစိုးရအဖွဲ့သို့  ဆက်လက်တင်ပြ လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့ကြောင်းသတင်းရရှိသည်။

မြင့်ဟန် (ပုသိမ်ခရိုင်ပြန်/ဆက်)

No comments:

Post a Comment