ကျွန်းစု မေ ၃
တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဦးမြတ်ကိုနှင့် ကျွန်းစုမြို့နယ်ရှိ ဌာနဆိုင်ရာ များတွေ့ဆုံပွဲကို ယမန်နေ့ မွန်းလွဲ(၂)နာရီခွဲအချိန်က ကျွန်းစုမြို့၊ အမှတ်(၁)ရပ်ကွက်ရှိ မြို့တော်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
တွေ့ဆုံပွဲတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ
ဦးအောင်စန်းဝင်းက မြို့နယ်အတွင်းရှိ လုပ်ငန်းဆောင်ရွက်မှု အခြေအနေများနှင့်
လိုအပ်ချက်များအား ရှင်းလင်းတင်ပြခဲ့သည်။ ထို့နောက် ဝန်ကြီးချုပ် ဦးမြတ်ကိုက မြို့ပြနှင့်
ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးနှင့် ပတ်သက်၍
ကျွန်းစုမြို့နယ် အတွက် ပိုမိုအားထည့်ပြီး လိုအပ်ချက်များကို ဆောင်ရွက်ပေးဖို့
ရှိကြောင်း၊ ကာကွယ်ဆေးထိုးနှံမှုနှင့် ပန်းခင်းစီမံချက် ပြုလုပ်နေမှုသည်
ရာနှုန်းပြည့် ပြီးစီး နေပြီ ဖြစ်ကြောင်း၊
ဆန်စပါးစိုက်ပျိုးမှု၊ ဆီအုန်းစိုက်ပျိုးမှု၊ ဂျင်းခရုမွေးမြူရေးနှင့် ပတ်သက်၍
လည်းကောင်း၊ လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှုနှင့် ဆောင်ရွက်ခွင့်ပြုထားသည့်
လုပ်ငန်းများ နှင့် ပညာသင်ယူချိန်တွင်
ကလေးငယ်များ ကျောင်းတက် ပညာသင်ယူနိုင်ရေးအတွက် ဝိုင်း ဝန်းကြိုးစား တိုက်တွန်းပေးကြရန်တို့ကို ပြောကြားခဲ့ကြောင်း
သိရသည်။
ထို့နောက် တက်ရောက်လာသူများမှ တင်ပြချက်များအား တိုင်းဒေသကြီးဝန်ကြီးချုပ်မှ ပေါင်းစပ် ညှိနှိုင်းဆောင် ရွက်ပေးခဲ့ကြောင်း သိရသည်။
စည်သူရအောင်(ကျွန်းစု)
No comments:
Post a Comment