Tuesday, May 3, 2022

တနိုင်းမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ အသက်မွေးဝမ်ကျောင်း အထောက်အကူပြု အခြေခံစက်ချုပ် သင်တန်း(၁/၂၀၂၂)ဖွင့်လှစ်

 

တနိုင်း မေ ၃

ကချင်ပြည်နယ်၊ တနိုင်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ အသက်မွေးဝမ်းကျောင်း အထောက်အကူပြု အခြေခံစက်ချုပ်သင်တန်း(၁/၂၀၂၂)ဖွင့်ပွဲကို မေလ(၂)ရက်နေ့ နံနက်(၉)နာရီက ဒူးကောင်းရပ်ကွက်၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။

အခြေခံစက်ချုပ်သင်တန်းဖွင်ပွဲတွင်  မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်စိုးက သင်တန်းအဖွင့် အမှာစကား ပြောကြားရာတွင် တစ်ဦးချင်း စက်မှုလက်မှုကဏ္ဍမှ အခြေခံ မိသားစုစားဝတ်နေရေးစတဲ့ လုပ်ငန်းဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနကနေပြီ အခြေခံစက်ချုပ်သင်တန်းကို မေလ(၂)ရက်နေ့မှ မေလ(၃၁)ရက်နေ့ အထိ  (၁)လခန်းဖွင့်လှစ်မှာဖြစ်တယ် သင်တန်းပို့ချမယ့်ဆရာမတွေရဲ့ ပြသမှုကို  စနစ်တကျစည်းကမ်းရှိစွာ လိုက်နာရမည်ဖြစ်ကြောင်း ပြောကြားပြီး၊ တနိုင်းမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးဇော်မျိုးက သင်တန်းဖွင့်လှစ်ရသည့် ရည်ရွယ်ချက်အား ရှင်လင်းပြောကြားသည်။

ဆက်လက်ပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးအောင်စိုးက သင်တန်းသူများအား အခြေခံ စက်ချုပ်သင်တန်းသင်ထောက်ကူပစ္စည်းများဖြစ်သည့် ပိတ်စ၊ ကတ်ကြေး၊ ပေတံ၊ ပေကွေး၊ ပေကြိုး၊ ချည်လုံး၊ အပ်၊ ကော်၊ ဖြုတ်အပ်၊ လိုင်နင်နှင့် အခြားဆက်စပ်ပစ္စည်းများအား သင်တန်းနည်းပြ ဆရာမအား ပေးအပ်ခဲ့သည်။

အဆိုပါ သင်တန်းဖွင့်ပွဲသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးအောင်စိုး၊ အဖွဲ့ဝင် ဗိုလ်မှူးတေဇာအောင်၊ မြို့နယ်ကျေးလက် ဦးစီးမှူး ဦးဇော်မျိုး၊ ဌာနဆိုင်ရာအကြီးအကဲများနှင့် သင်တန်းသားသင်တန်းသူ(၂၀)ဦး တက်ရောက်ခဲ့ကြသည်။ သင်တန်းကို မေလ(၂)ရက်နေ့မှ မေလ(၃၁)ရက်နေ့အထိ နံနက်(၉)နာရီမှ ညနေ (၄)နာရီအထိ ခွင့်ပြုငွေ(၄)သန်းဖြင့် သင်တန်းသူ(၂၀)ဦးနှင့် ဖွင့်လှစ်သွားမည်ဖြစ်ကြောင်းသိရသည်။

 ဝါဝါ(ပြန်/ဆက်)

No comments:

Post a Comment