Thursday, May 5, 2022

(၇၆)နှစ်မြောက်မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့ အခမ်းအနားသို့ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင့်လွင်တက်ရောက်

 





  မကွေး မေ ၅

မကွေးတိုင်းဒေသကြီး မီးသတ်ဦးစီးဌာနမှ (၇၆)နှစ်မြောက် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့ အခမ်းအနားကို ယနေ့နံနက်(၇)နာရီအချိန်က မကွေးခရိုင်အားကစားကွင်းတွင်း ကျင်းပပြုလုပ်ခဲ့ရာ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင့်လွင်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီး များ၊ တိုင်းဒေသကြီးအဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဝင်များ နှင့် ဖိတ်ကြားထားသူများ တက်ရောက်ခဲ့ကြောင်းသိရသည်။

ရှေးဦးစွာအခမ်းအနားတွင် မကွေးတိုင်းဒေသကြီးမီးသတ်ဦးစီးဌာန၊ ဂုဏ်ပြုစစ်ရေးပြတပ်ခွဲမှ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အလံအား အလေးပြုခြင်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီး ချုပ်နှင့် ကျဆုံးလေပြီးသော မီးသတ်တပ်ဖွဲ့ဝင်များအား အလေးပြုခဲ့ပြီးနောက် မြန်မာနိုင်ငံ မီးသတ် တပ်ဖွဲ့၏ သစ္စာအဓိဌာန်(၄)ချက်အား ရွတ်ဆိုခဲ့ကြောင်း သိရသည်။

ဆက်လက်၍ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင့်လွင်က (၇၆)နှစ်မြောက် မြန်မာ နိုင်ငံမီးသတ်တပ်ဖွဲ့နေ့အခမ်းအနား မိန့်ခွန်းပြောကြားရာတွင် ပြည်သူ့ဝန်ဆောင်မှု လုပ်ငန်းများကို ခေတ်အဆက်ဆက် တာဝန်ထမ်းဆောင်ခဲ့ကြသည့် ရှေးခေတ် မီးသတ်သမားကြီးများနှင့် မျက် မှောက်ခေတ် ပြည်သူ့ဝန်ဆောင်မှု လုပ်ငန်းများဖြစ်သည့် မီးသတ်လုပ်ငန်းဆိုင်ရာများအား စွမ်းအား ပြည့် တာဝန်ထမ်းဆောင်နေကြသည့် မီးသတ်တပ်ဖွဲ့ဝင်များအားလုံးကို ဂုဏ်ပြုလိုသည့် ရည်ရွယ် ချက်များဖြင့် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့ကို ကျင်းပရခြင်းဖြစ်ပါကြောင်း၊ မီးသတ် လုပ်ငန်း၏ သဘောသဘာဝသည် တစ်ဦးတစ်ယောက်ထဲ လုပ်မရဘဲ လူအများက ပေါင်းစပ် ဆောင်ရွက်ရသည့် လုပ်ငန်းဖြစ်၍ စုပေါင်းစွမ်းအားဖြင့်သာ မီးဘေးအန္တရာယ်ကို ထိရောက်စွာ ကာကွယ်နိုင်မည်ဖြစ် ပါကြောင်း၊ မီးသတ်တပ်ဖွဲ့ဝင်များအနေဖြင့် ပြည်ထဲရေးဝန်ကြီးဌာန၏ ဦးဆောင်လမ်းညွှန်မှုများနှင့် အညီ ရည်မှန်းချက်တာဝန်(၄)ရပ်အား အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် ပြည်သူများအား မီးများသုံးစွဲရာတွင် အသိတရားနှင့်ယှဉ်ပြီး သတိထား သုံးစွဲစေရေးအတွက် မီးဘေးလုံခြုံရေး အသိ ပညာပေးခြင်း၊ သရုပ်ပြသခြင်းနှင့် ဇာတ်တိုက် လေ့ကျင့်ခြင်းများကို သက်ဆိုင်ရာ အုပ်ချုပ်ရေး အဖွဲ့ဝင်များနှင့် ပူးပေါင်း၍ စည်းရုံးဆောင်ရွက်ရမည် ဖြစ်ပါကြောင်း၊ မီးငြှိမ်းသတ်ရေးနှင့် ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် နည်းစနစ် မှန်ကန်စွာ အမြန်ဆုံး တုံ့ပြန်ဆောင်ရွက် ရမည်ဖြစ်သည့်အတွက် မီးသတ်တပ်ဖွဲ့ဝင်များအနေဖြင့် မိမိတို့အလုပ်တွင် ကျွမ်းကျင်မှုရှိရန် လိုအပ် သည့်အပြင် နိုင်ငံတော်၏ တိုးတက်ပြောင်းလဲလာသည့် အခြေအနေများနှင့်အညီ အနာဂတ် စိန်ခေါ်မှုများအား ရင်ဆိုင်ကိုင်တွယ်ဖြေရှင်းနိုင်ရန်၊ လက်ရှိ အခြေအနေနှင့် အနာဂတ်ကာလကို မျှော်မှန်းပြီး အသွင်သဏ္ဍန်ရော အနှစ်သာရပိုင်းမှာပါ ပြုပြင် ပြောင်းလဲနိုင်ရန် မြန်မာနိုင်ငံ မီးသတ် တပ်ဖွဲ့အား Men Power၊ Equipment Powerနှင့် Technological Powerများဖြင့် ဟန်ချက် ညီအောင် တည်ဆောက်သွားကြရမှာဖြစ်ကြောင်း၊ မီးသတ်သမားများသည် ဘေးဒုက္ခအန္တရာယ်များ နှင့်ရင်ဆိုင်ကြုံတွေ့နေသူတိုင်းအား မိမိတို့ အသက် နှင့်ခန္ဓာကိုယ်ကို အရင်းတည်ပြီး ကူညီကယ်တင် ဆောင်ရွက်ရသဖြင့် တာဝန်ထမ်းဆောင်ရင်း ထိခိုက်ဒဏ်ရာရသူ၊ အသက်ပေးသွားသူ တပ်ဖွဲ့ဝင် များအား အလေးပြုဦးညွတ်၍ အနာဂတ်တွင် ရင်ဆိုင်ကြုံတွေ့လာနိုင်သည့် သဘာဝဘေး အန္တရာယ် ဆိုင်ရာ စိန်ခေါ်မှုများအား အနိုင်ယူကြပါလို့ ဂုဏ်ပြု ပြောကြားလိုကြောင်း ပြောကြားသည်။

ထို့နောက် မကွေတိုင်းဒေသကြီး မီးသတ်ဦးစီးဌာနမှ မီးသတ်တပ်ဖွဲ့ဝင်များက ဟိုတယ်၊ မိုတယ်များ ရှိ အခန်းများတွင် အလိုအလျောက် မီးငြှိမ်းသတ်သည့်နည်းစနစ် ထည့်သွင်း အသုံးပြုခြင်းဖြင့် ပျက်စီးဆုံးရှုံးမှုတန်ဖိုး လျော့နည်းပုံအား လက်တွေ့သရုပ်ပြသခြင်း၊ အထပ်မြင့် အဆောက် အအုံများတွင် မီးလောင်မှု ဖြစ်ပွားပါက မီးငြှိမ်းသတ်ယာဉ်နှင့် ရှာဖွေကယ်ဆယ်ရေး ယာဉ်များဖြင့် အထပ်မြင့် အဆောက်အအုံအား မီးငြှိမ်းသတ်ခြင်းနှင့် လူများအား ရှာဖွေကယ်ဆယ်ရေး သရုပ်ပြသ ခြင်း၊ ဆီသိုလှောင်ကန်(Tank Fire)မီးလောင်မှုအား မိုဘိုင်းမီးငြှိမ်းသတ်ယာဉ်ဖြင့် မီးငြှိမ်းသတ်မှုတို့ အား လက်တွေ့ သရုပ်ပြသခဲ့ကြောင်း သိရသည်။

ကိုစည်သူ(မကွေး)

No comments:

Post a Comment