Thursday, May 5, 2022

(၇၆) နှစ်မြောက် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့ အခမ်းအနားသို့ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဒေါက်တာမောင်မောင်နိုင် တက်ရောက်

 


နေပြည်တော် မေ ၅


(၇၆) နှစ်မြောက် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့ အခမ်းအနားကို ယနေ့နံနက် (၈) နာရီတွင် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဒက္ခိဏခရိုင်မီးသတ်စခန်း၌ ကျင်းပရာ နေပြည်တော် ကောင်စီဥက္ကဋ္ဌ ဒေါက်တာမောင်မောင်နိုင်၊ နေပြည်တော်တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ် ဇော်ဟိန်း၊ နေပြည်တော်ကောင်စီအဖွဲ့ဝင်များနှင့် တာဝန်ရှိသူများ၊ နေပြည်တော်အဆင့် ဌာနဆိုင်ရာအကြီးအကဲများ၊ မီးသတ်ဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးရဲမင်းသူနှင့် အရာရှိများ၊ အငြိမ်းစားမီးသတ်ဝန်ထမ်းများ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ မိသားစု စည်းရုံးရေးနှင့် စည်းကမ်းထိန်းသိမ်းရေးကော်မတီမှ အဖွဲ့ဝင်များနှင့် မီးသတ်တပ်ဖွဲ့ဝင်များ စုစုပေါင်း (၂၂၀) ဦးတက်ရောက်ကြသည်။

 

ရှေးဦးစွာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဒေါက်တာမောင်မောင်နိုင်က (၇၆) နှစ်မြောက် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့ အခမ်းအနားမိန့်ခွန်း ပြောကြားရာတွင် မြန်မာနိုင်ငံ မီးသတ် တပ်ဖွဲ့ရဲ့ သမိုင်းအစဉ်အလာကောင်းကို ဆက်လက်ထိန်းသိမ်းကြရန် လိုအပ်ကြောင်း၊ မီးသတ်သမားကောင်းတစ်ယောက်မှာရှိရမည့် ခိုင်မာတည်ကြည် ရဲဝံ့စွန့်စားတဲ့ စိတ်ဓာတ်၊ အတွေ့အကြုံရင့်ကျက်ပြီး နည်းပညာကြွယ်ဝမှုရှိဖို့ ကြိုးစားသွားမယ်ဆိုတဲ့ ရည်မှန်းချက်တို့နဲ့ ပြည်သူကိုအလုပ်အကျွေးပြုကြရန် လိုကြောင်း၊ နိုင်ငံတကာမှာ ပြောင်းလဲတိုးတက်နေတဲ့ မီးသတ်လုပ်ငန်းဆိုင်ရာများကို မျက်ခြည်မပြတ်လေ့လာဆည်းပူးပြီး မိမိနိုင်ငံသားတို့အတွက် ပြည်လည်အသုံးချနိုင်ဖို့အားထုတ်ကြရမည် ဖြစ်ပါကြောင်း၊ တစ်ဦးချင်းစီရဲ့ စွမ်းဆောင်ရည် မြင့်မားအောင် ကြိုးပမ်းနေခြင်းဟာ တပ်ဖွဲ့တစ်ခုလုံးရဲ့ ဂုဏ်ကို မြှင့်တင်နေခြင်း ဖြစ်တယ်လို့ ခံယူထားကြရန်လိုအပ်ကြောင်း၊ မိမိတပ်ဖွဲ့အပေါ် တန်ဖိုးထားခြင်းဆိုတဲ့ ခံယူချက်ကို ရှင်သန်အောင် မွေးမြူကြရန်နှင့် မိမိတို့နိုင်ငံသားတွေကို မီးဘေးလုံခြုံရေးဆိုင်ရာ လုပ်ငန်း၊ ရှာဖွေကယ်ဆယ်ရေးဆိုင်ရာ လုပ်ငန်းတွေနဲ့ အလုပ်အကျွေးပြုရာမှာ ရောင့်ရဲတင်းတိမ်စိတ် မထားဘဲ လိုအပ်ချက်မရှိအောင် စွမ်းဆောင်ကြရန်လိုကြောင်းနှင့် အထူးသဖြင့် မီးသတ်သမား များဟာ ဘေးဒုက္ခအန္တရာယ်များနှင့် ရင်ဆိုင်ကြုံတွေ့နေသူတိုင်းကို မိမိတို့အသက်နဲ့ ခန္ခာကိုယ်ကိုအရင်းတည်ပြီး ကူညီကယ်တင်ဆောင်ရွက်ရတာကြောင့် ခေတ်အဆက်ဆက် တာဝန်ထမ်းဆောင်ရင်း ထိခိုက်ဒဏ်ရာရရှိသူ၊ အသက်ပေးသွားသူ တပ်ဖွဲ့ဝင်များရဲ့ ခမ်းနားလွန်းလှတဲ့ဂုဏ်ဒြပ်ကို ယနေ့ကျရောက်တဲ့ မီးသတ်တပ်ဖွဲ့နေ့မှာ အလေးပြုဦးညွှတ်ကာ အနာဂတ်မှာ ရင်ဆိုင်ကြုံတွေ့လာနိုင်တဲ့ မီးဘေးနဲ့ သဘာဝဘေးအန္တရာယ်ဆိုင်ရာ စိန်ခေါ်မှု များကို အနိုင်ယူကြပါဟု ပြောကြားခဲ့သည်။

ထို့နောက် (၇၆) နှစ်မြောက် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့ အထိမ်းအမှတ် (Video Clip)အား ပြသရာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဒေါက်တာမောင်မောင်နိုင်နှင့် တာဝန်ရှိသူ များက ကြည့်ရှုအားပေးခဲ့ကြပြီး စံပြမီးသတ်စခန်းဆု၊ ဌာနတွင်းသင်တန်းများတွင် ဆုရရှိသော သင်တန်းသား/သူများ၊ မီးသတ်ကျင့်ဝတ်ဆုရရှိသော မီးသတ်တပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ လုပ်ငန်းများကို တက်ကြွစွာ ပါဝင်ဆောင်ရွက်သော လုပ်သက် (၂၅) နှစ်အထက် အရန်မီးသတ် တပ်ဖွဲ့ဝင်များ၊ သွေးလှူဒါန်းသည့် အကြိမ်ရေအများဆုံး  သန္ဓေနှင့် အရန်မီးသတ် တပ်ဖွဲ့ဝင် များကို နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဒေါက်တာမောင်မောင်နိုင်က ဂုဏ်ပြုဆုငွေကျပ် (၁၀) သိန်းနှင့် ဂုဏ်ပြုမှတ်တမ်းလွှာများအား လည်းကောင်း၊ နေပြည်တော်တိုင်း စစ်ဌာနချုပ် တိုင်းမှူးနှင့် တာဝန်ရှိသူများက ဂုဏ်ပြုမှတ်တမ်းလွှာများနှင့် ဂုဏ်ပြုဆုများအား လည်းကောင်း အသီးသီး ပေးအပ်ချီးမြှင့်ခဲ့ကြသည်။

ဆက်လက်၍ နေပြည်တော်ကောင်စီ ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက ပြခန်းတွင် ခင်းကျင်း ပြသထားသော မီးသတ်ပစ္စည်းကိရိယာများအား လှည့်လည်ကြည့်ရှုပြီး မီးသတ်/စက် ယာဉ်များ ၏ စွမ်းအား သရုပ်ပြသမှုများအား ကြည့်ရှုအားပေးခဲ့ကြောင်း သိရှိရသည်။

 

မြို့နယ် (ပြန်/ဆက်)

 

 

 

No comments:

Post a Comment