Sunday, May 15, 2022

ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအောင်ကျော်မင်း မအီမြို့၊အံတော်စေတီ အထက်ဌာပနာပိတ်ပွဲ၊ အဂ္ဂမဟာသဒ္ဒမ္မဇောတိကဘွဲ့တော်ဂုဏ်ပြုပွဲနှင့် ကဆုန်ညောင်ရေသွန်းလောင်းပွဲသို့တက်ရောက်

 

တောင်ကုတ်     မေ   ၁၅

ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအောင်ကျော်မင်း ၊ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ထင်လတ်ဦးနှင့် ပြည်နယ်အစိုးရအဖွဲ့ဝင်များသည် ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့်ဌာန ဆိုင်ရာများနှင့်အတူ တောင်ကုတ်မြို့နယ်၊ မအီမြို့ ရတနာ့မာရ်အောင် တောရဓမ္မရိပ်သာ ကျောင်းတိုက် အတွင်းကျင်းပပြုလုပ်သည့် အံတော်စေတီအထက် ဌာပနာပိတ်ပွဲနှင့် အဂ္ဂမဟာ သဒ္ဓမ္မဇောတိကဘွဲ့တံဆိပ်ရ ရတနာ့မာရ်အောင် တောရဓမ္မရိပ်သာများ၏ အဓိပတိနာယကချုပ် အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ အဂ္ဂမဟာ ကမ္မဌာန စရိယဝနဝါသီအရှင်ဝါယမိန္ဒအား ဂုဏ်ပြုပွဲအခမ်း အနားသို့ယနေ့နံနက်ပိုင်းကတက်ရောက်ခဲ့သည်။

ရှေးဦးစွာမြောက်ဦး ဆရာတော်အမှူးပြုသည့် သံဃာတော်အရှင်သူမြတ်များ၊ ပြည်နယ်ဝန်ကြီးချုပ် ၊ တိုင်းမှူးနှင့်အဖွဲ့ဝင်များက ဌာပနာတော်များကိုပင့်ဆောင်၍ အံတော်စေတီတော်မြတ်ကြီး၏ အထက်ဌာပနာ ကိုပိတ်သွင်းကြသည်။ ထို့နောက် အဂ္ဂမဟာသဒ္ဓမ္မဇောတိက၊ အဂ္ဂမဟာ ကမ္မဌာန စရိယ မြောက်ဦးဆရာတော် အရှင်ဝါယမိန္ဒ မှဘုရားရောင်ခြည်တော်ဖွင့်ဂါထာကိုလည်းကောင်း၊ ဓမ္မာစရိယ တက္ကသိုလ် နာယကချုပ် ဆရာတော် ဘဒ္ဒန္တသုစိတ္တာဘိဝံသ ကအနေကဇာတိ သံသာရံ အစရှိသောဥဒါန်းဂါထာကိုလည်းကောင်း ရွတ်ဖတ်ပူဇော်ပြီး ဆရာတော်နှင့်ဒါယိကာများမှ စေတီတော် ၏ ပစ္စယံ မှ ရတာနာရွှေမိုး ၊ ငွေမိုးများရွာ သွန်းခဲ့သည်။

ထို့နောက် နိုင်ငံတော်မှဆက်ကပ်သည့် အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇဘွဲ့တံဆိပ်တော် ရရှိသည့် မြောက်ဦး ဆရာတော်ကြီးအား ဂုဏသိဌပူဇော်ပွဲကို ကျင်းပပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် အဖွဲ့ဝင်များ၊ အခမ်းအနားသို့ ကြွရောက်လာကြသည့် ဧည့်ပရိတ်သတ်များက ဓမ္မာစရိယ တက္ကသိုလ် နာယကချုပ် ဆရာတော်ထံမှ ငါးပါးသီလနှင့် အနုမော ဒနာတရားများ နာယူပြီးနောက် ပြည်နယ်ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် အဖွဲ့ဝင်များက ဆရာတော်၊ သံဃာတော် များအား နဝကမ္မနှင့် လှူဘွယ်ဝတ္တုများ ဆက်ကပ်လှူဒါန်းပြီး မြောက်ဦး ဆရာတော် အရှင်ဝါယ မိန္ဒက လှူဒါန်းမှုအစုစု တို့အတွက် ရေစက်သွန်းချအမျှပေးဝေကာ အခမ်းအနား ကိုဗုဒ္ဓသာ သနံစိရံတိဌတု(၃)ကြိမ် ရွတ်ဆိုပူဇော်၍ ရုပ်သိမ်းခဲ့ပြီးဝန်ကြီးချုပ် ၊ တိုင်းမှူးနှင့်အလှူ ရှင်များက ဆရာတော်၊သံဃာတော်များ အားနေ့ဆွမ်းကပ်လှူခဲ့ကြသည်။

ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်၊ တိုင်းမှူး နှင့်အစိုးရအဖွဲ့ဝင်များသည် ညနေပိုင်းတွင် တောင်ကုတ်မြို့၊ ကံပိုင်မဟာဝိဟာရ ကျောင်းတိုက်အတွင်း ရခိုင်ပြည်နယ်အစိုးရ အဖွဲ့မှကြီးမှူး ကျင်းပသော မြန်မာ့ရိုးရာဓလေ့ ထုံးတမ်းအစဉ်လာများနှင့်အညီ ကဆု‌န်ညောင်သွန်း‌ရေ လောင်းပူဇော်ပွဲသို့ တက်ရောက် ကြပြီး နိုင်ငံတော် ဩဝါဒစရိယ အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မဇောတိက ကိုင်းရှည်ဆရာတော် အမှူးပြုသော ဆရာတော်များထံမှ ငါးပါးသီလခံယူပြီးနောက်ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့်အစိုးရ အဖွဲ့ဝင်များက လှူဖွယ်ဝတ္ထုများ ဆက်ကပ် လှူဒါန်းသည်။ ထို့နောက် ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့်အစိုးရအဖွဲ့ဝင်များ ကမဟာဘောဓိပင်အား ကဆုန် ညောင်ရေသွန်း လောင်းကြပြီး မဟာဂန္ထဘေးမဲ့ရေကန်တော်အတွင်းရှိ ငါး၊ လိပ်များအားအစာ ကျွေးခဲ့ကြ ကြောင်း သတင်းရရှိသည်။

မြို့နယ်ပြန်/ဆက်

           

No comments:

Post a Comment