နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ဖိတ်ခေါ်သည့် ငြိမ်းချမ်းရေးဆွေးနွေးပွဲသို့ NCA လက်မှတ်ရေးထိုးပြီးသည့် အဖွဲ့ခုနစ်ဖွဲ့ နှင့် NCA လက်မှတ်မရေးထိုးရသေးသည့်အဖွဲ့သုံးဖွဲ့တို့ တက်ရောက်ကြမည်ဟု သိရသည်။ လက်ရှိနိုင်ငံတော်အစိုးရအနေဖြင့် တစ်နိုင်ငံလုံး ထာဝရငြိမ်းချမ်းရေးရရှိရေးအတွက် NCA စာချုပ်ပါသဘောတူညီချက်များအတိုင်း ဖြစ်နိုင်သမျှ အလေးထားလုပ်ဆောင်သွားရန် ရှေ့ လုပ်ငန်းစဉ်တစ်ရပ်အဖြစ် ချမှတ်ထားပြီးဖြစ်သည်။
မိမိတို့နိုင်ငံတွင် ဖြစ်ပေါ်နေသည့် လက်နက်ကိုင်ပဋိပက္ခများ
မှာအခြားနိုင်ငံများနှင့် မတူညီဘဲ လူမျိုးစုအရေးများပေါ်တွင် အခြေခံကာမတူညီသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများအဖြစ် ရပ်တည်နေကြခြင်းဖြစ်သည်။ ခေတ်အဆက်ဆက်တွင် ဖိတ်ခေါ်ဆွေးနွေးခဲ့သည့် ငြိမ်းချမ်းရေးဆွေးနွေးပွဲများ၏
အတွေ့အကြုံများအရ လက်နက်ကိုင်အဖွဲ့အစည်းများ၏ တောင်းဆိုချက်များ၊ ခံစားချက်များ၊ အတွေးအခေါ်များ
မတူညီကြသကဲ့သို့ အဖွဲ့အစည်း တစ်ခုတည်းအတွင်းမှာလည်း ကွဲလွဲမှုများရှိနေသည့်အလျောက်
နိုင်ငံတော်အစိုးရနှင့် EAOs အဖွဲ့ အစည်းများအားလုံး စားပွဲတစ်ဝိုင်းတည်း၌တစ်ပြိုင်တည်း
ဆွေးနွေးရန်မှာ မဖြစ်နိုင်ဘဲ မည်သည့်ရလဒ်မှ ထွက်ပေါ်မလာသော မအောင်မြင်သည့် ဆွေးနွေးပွဲတစ်ခုသာ
ဖြစ်သွားမည်မှာ အလွန်သေချာသည်။
ယခုဖိတ်ခေါ်ထားသည့် ငြိမ်းချမ်းရေးဆွေးနွေးပွဲမှာ
လက်နက်ကိုင်အဖွဲ့အစည်းများ၏ ခေါင်းဆောင်၊ ၎င်း၏တိုင်ပင်ဖော်တိုင်ပင်ဖက် အဖွဲ့ဝင်နှစ်ယောက်တို့နှင့်
လက်ရှိနိုင်ငံတော် အကြီးအကဲတို့ တစ်ဖွဲ့ချင်းစီဆွေးနွေးမည့်ပုံစံဖြစ်သည်။ မိမိတို့၏
လူမျိုးရေး၊ မိမိတို့၏ ဒေသ အရေးကို အာရုံစူးစိုက်ကာ အကျေအလည်ဆွေးနွေးနိုင်မည့်အခြေအနေ
အခွင့်အရေးမျိုး ပေးထားခြင်းဖြစ်သည်။ “ပထမဆုံး ကျွန်တော်စတွေ့မယ်။ တွေ့ပြီးလို့ရှိရင်
ကျွန်တော်က နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ၃ ယောက်နဲ့ ဖွဲ့စည်းထားတဲ့
ငြိမ်းချမ်းရေးဆွေးနွေး ရေးအဖွဲ့တွေနဲ့ တစ်ဖွဲ့ချင်းဆွေးနွေးမယ်။ တစ်ဖွဲ့ချင်းဆွေးနွေးပြီး
အဲဒီအပေါ်မှာရအောင် ကျွန်တော်တို့ ရှင်းလင်းပြောမှာပေါ့။ သူတို့လိုချင်တာကိုလည်း ကျွန်တော်တို့
တတ်နိုင် သလောက် ညှိနှိုင်းဆောင်ရွက်မှာပါ။ ဒါကတော့တစ်ဖက်တည်းကနေပြီးတော့ တင်းနေလို့
မရပါဘူး။ တစ်ဖွဲ့နဲ့တစ်ဖွဲ့ ညှိနှိုင်းဖြေရှင်းရမှာပါ” ဟု နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ
နိုင်ငံတော်ဝန်ကြီးချုပ် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ပြောကြားထားသည်။
ငြိမ်းချမ်းရေးဆွေးနွေးပွဲသို့ တက်ရောက်ရန်
စာရင်းပေးထား သည့် အဖွဲ့ ၁၀ ဖွဲ့မှာ DKBA၊ KNU-KNLA / PC၊ PNLO၊ NMSP၊ ALP၊ RCSS
(SSA)၊ LDU၊ UWSA ၊ NDAA ၊ SSPP (SSA) အဖွဲ့တို့ ဖြစ်ကြပြီး စောင့်ကြည့်လိုသည့်အဖွဲ့နှင့်
မတက်ရောက်ကြောင်း ကြေညာချက်ထုတ်သည့် အဖွဲ့များလည်း ရှိနေကြသည်။ မိမိတို့ နိုင်ငံ၏ ငြိမ်းချမ်းရေးမှာ
တစ်ပြိုင်တည်း၊ တစ်ဖွဲ့တည်းနှင့် မပြီးနိုင်ဘဲ ရသမျှ တစ်ဖွဲ့ပြီးတစ်ဖွဲ့၊ ဒေသတစ်ခုပြီးတစ်ခု
ဖော်ဆောင်သွားကြရမည့် အခြေ အနေမျိုးသာဖြစ်ရာ အမှန်တကယ်ငြိမ်းချမ်းရေးကို လိုလားစွာ၊
ရိုးသားစွာဖြင့် ပြည်သူလူထု အပေါ် အလေးအနက် စေတနာထား၊ အမှန်တကယ်အကောင်အထည်ဖော်နိုင်သည်နှင့်အမျှ
ရာဟုခံတွင်းမှ လွတ်သည့်လမင်းနှယ် ထွန်းလင်းဝင်းပနိုင်မည်ဖြစ်ပါကြောင်း။ ။
မြန်မာ့အလင်း အယ်ဒီတာ့အာဘော်
No comments:
Post a Comment