နေပြည်တော် မေ ၁၀
(၁၄)ကြိမ်မြောက် ကဆုန်ညောင်ရေသွန်းလောင်းပူဇော်ပွဲ မဟာမင်္ဂလာအခမ်းအနားကျင်းပရေးဦးစီး ကော်မတီနှင့် လုပ်ငန်းကော်မတီ ညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲ ၂ နာရီတွင် နေပြည်တော်ရှိ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန စုပေါင်းအစည်းအဝေးခန်းမ၌ ကျင်းပရာ (၁၄) ကြိမ်မြောက် ကဆုန်ညောင်ရေသွန်းလောင်းပူဇော်ပွဲ မဟာမင်္ဂလာအခမ်းအနားကျင်းပရေးဦးစီးကော်မတီဥက္ကဋ္ဌ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ၊ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း တက်ရောက်အမှာစကားပြောကြားသည်။
အစည်းအဝေးသို့
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးစိုးထွဋ်၊
သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကို၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊
နေပြည်တော်တိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ ဒုတိယဝန်ကြီးများ၊ နေပြည်တော်ကောင်စီဝင်၊ အမြဲတမ်းအတွင်းဝန်များ၊
ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
ဦးစွာ နမောတဿ
သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ အစည်းအဝေးကိုဖွင့်လှစ်သည်။
ထို့နောက် ဦးစီးကော်မတီဥက္ကဋ္ဌ၊
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ၊ ဒုတိယဝန်ကြီးချုပ် အမှာစကားပြောကြားရာတွင်
နေပြည်တော်၊ ဥပ္ပါတသန္တိစေတီတော်မြတ်ကြီး၏ ပရိဝုဏ်အတွင်း မဟာဗောဓိပင်တော်အမှတ် (၁)နှင့်အမှတ်(၂)တို့တွင်
ကဆုန်ညောင်ရေ သွန်းလောင်းပူဇော်ပွဲကျင်းပခဲ့ သည်မှာ ယခုဆိုလျှင်(၁၄)ကြိမ်ရှိခဲ့ပြီးဖြစ်ကြောင်း၊
ယခင်ကျင်းပခဲ့သည့်အခမ်းအနားများကို နေပြည်တော်ကောင်စီနှင့် ဥပ္ပါတသန္တိစေတီတော်ဂေါပကအဖွဲ့တို့က
ဦးစီးကျင်းပခဲ့ပြီး ပြီးခဲ့သည့် (၁၃) ကြိမ်မြောက်မှစ၍ နိုင်ငံတော်အဆင့်အခမ်းအနားအဖြစ်
ကျင်းပဆောင်ရွက်လာခဲ့ရာ(၂) နှစ်ရှိပြီ ဖြစ်ကြောင်း။
မဟာဗောဓိပင်ဆိုတာ
ဘုရားအလောင်းတော် သိဒ္ဓတ္ထမင်းသားဖွားမြင်တော်မူသောနေ့တွင် အတူတကွ ဖြစ်ထွန်းပေါ်ပေါက်ခဲ့သည့်
ဖွားဘက်တော်ခုနစ်ပါးထဲမှ တစ်ပါးဖြစ်သကဲ့သို့ သမ္မာသမ္ဗုဒ္ဓဘုရားအဖြစ်သို့ ရောက်ရှိစေရန်ကိုလည်း
များစွာအထောက်အကူပြုခဲ့သည့်အတွက် ပရိဘောဂစေတီထိုက်သော စေတီတော်တစ်ဆူလည်းဖြစ်ပါကြောင်း၊
မြေဓာတ်မှာ ရေပြတ်သည့် ကဆုန်လကဲ့သို့သော နွေကာလ တွင် မဟာဗောဓိပင်တော်များကို ကဆုန်ညောင်ရေ
သွန်းလောင်းခြင်းသည် မဟာဗောဓိပင်များကို စိမ်းလန်းစိုပြည်၍ အခက်အလက်တို့ဝေဆာစေခြင်း၊
သက်တမ်းရှည်စေခြင်း၊ သက်တော်ထင်ရှားရှိသော ဘုရားရှင်အား ပူဇော်ရာရောက်ခြင်းတို့ကြောင့်
တည်ငြိမ်အေးချမ်း၍ သာယာဝပြောသော နိုင်ငံတော်ကြီးအဖြစ် တည်ရှိစေရုံသာမက နိုင်ငံသူ၊
နိုင်ငံသားများအားလုံးကိုလည်း နှလုံးစိတ်ဝမ်းအေးချမ်းစေ လျက် တူညီသောအကျိုးတရားများကို
ဖြစ်ထွန်းစေမည်ဖြစ်ပါကြောင်း။
ထို့ပြင် ကဆုန်ညောင်ရေသွန်းလောင်းပူဇော်ပွဲကျင်းပမည့်
ကဆုန်လပြည့်နေ့သည် ဘုရားအလောင်းတော် သုမေဓာရှင်ရသေ့ဘဝတွင် ဒီပင်္ကရာမြတ်စွာဘုရား ခြေတော်ရင်း၌
‘နိယတဗျာဒိတ်ပန်း’ ဆင်မြန်းခဲ့သောနေ့၊ သိဒ္ဓတ္ထမင်းသား ‘ဖွားမြင်’ ခဲ့သည့်နေ့၊ မြတ်စွာဘုရားရှင်
‘ဗောဓိ’ ဆိုသည့် သဗ္ဗညုတဉာဏ်တော်ကိုရရှိပြီး ဘုရားအဖြစ်သို့ ရောက်ရှိတော်မူခဲ့သည့်နေ့နှင့်
‘ပရိနိဗ္ဗာန်ဝင်စံ’ တော်မူခဲ့သည့်နေ့များသည် ယခုကဆုန်လပြည့်နေ့ဖြစ်သည့်အတွက် ဗုဒ္ဓဘာသာသမိုင်းတွင်
အလွန်ပင် ထူးခြားမွန်မြတ်သည့် နေ့ထူးနေ့မြတ်ဖြစ်သကဲ့သို့ ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့ကြီး၏
၁၉၉၉ ခုနှစ်၊ ဒီဇင်ဘာ ၁၃ ရက်တွင် ကျင်းပခဲ့သည့် “အထွေထွေညီလာခံကြီး” က “ကဆုန်လပြည့်ဗုဒ္ဓနေ့”
ကို နိုင်ငံတကာ ဝိသာခါအခါတော်နေ့ (International Vesak day or Visākha day) ဟု ဆုံးဖြတ်ချက်အမှတ် ၅၄/၁၁၅ ဖြင့်
ထုတ်ပြန်ခဲ့ကြောင်း။
နေပြည်တော်၊ ဥပ္ပါတသန္တိစေတီတော်မြတ်ကြီး၏
ပရိဝုဏ်အတွင်း ကဆုန်ညောင်ရေသွန်းလောင်းပူဇော်ပွဲ မဟာမင်္ဂလာအခမ်းအနား ကျင်းပသွားမည်ဖြစ်ရာ
အဆိုပါအခမ်းအနားများ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် (၁၄) ကြိမ်မြောက် ကဆုန်ညောင်ရေသွန်းလောင်းပူဇော်ပွဲ
မဟာမင်္ဂလာအခမ်းအနားကျင်းပရေးဦးစီးကော်မတီနှင့် လုပ်ငန်းကော်မတီဖွဲ့စည်းမိန့်ကို နိုင်ငံတော်စီမံအုပ်ချုပ်ရေး
ကောင်စီရုံးက ဧပြီ ၂၄ ရက်တွင် အမိန့်ကြော်ငြာစာအမှတ် ၆၉/၂၀၂၂ ဖြင့် ဖွဲ့စည်းခဲ့ပြီးဖြစ်သကဲ့သို့
လုပ်ငန်းကော်မတီဖြစ်သည့် သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာနအနေဖြင့်လည်း လုပ်ငန်းများအဆင်ပြေချောမွေ့စွာ ဆောင်ရွက်နိုင်ရန် ဧပြီ ၂၅ ရက်တွင်လည်း ဆပ်ကော်မတီ ၈ ခု ဖွဲ့စည်းကာ
လုပ်ငန်းတာဝန်များ ပေးအပ်ခဲ့ပြီးဖြစ်ကြောင်း။
အခမ်းအနားကျင်းပမည့်နေ့ရက်မတိုင်မီ
ကြိုတင်ပြင်ဆင်ဆောင်ရွက်ရမည့် လုပ်ငန်းများကို ကြိုတင် ဆောင်ရွက်နိုင်ရေးအတွက် ဧပြီ
၂၈ ရက်က လုပ်ငန်းကော်မတီဥက္ကဋ္ဌ၊ သာသနာရေးနှင့်ယဉ်ကျေးမှု ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဦးဆောင်၍
လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပခဲ့ပြီးဖြစ်သည့် အတွက် ဆပ်ကော်မတီများအနေဖြင့် မိမိတို့တာဝန်ယူ
ဆောင်ရွက်ရမည့်ကဏ္ဍအလိုက် အတော်အသင့် ဆောင်ရွက်ပြီးဖြစ်လိမ့်မည်ဟု ယူဆပါကြောင်း။
ယခုကျင်းပမည့်
မဟာမင်္ဂလာအခမ်းအနားကို နှစ်ပိုင်းခွဲပြီး ကျင်းပဆောင်ရွက်သွားမည်ဖြစ်ပြီး ပထမပိုင်းအခမ်းအနားဖြစ်သည့်
ဒါန၊ သီလ၊ ဘာဝနာ ကုသိုလ်မှုဆည်းပူးခြင်း အခမ်းအနားကို ဥပ္ပါတသန္တိစေတီတော်ကြီး၏ လိုဏ်ဂူတော်အတွင်းဖြစ်ပြီး
ဒုတိယပိုင်းအခမ်းအနားကို စေတီတော်ကြီး ၏ ပရိဝုဏ်အတွင်းရှိ မဟာဗောဓိပင်များ တည်ရှိရာရင်ပြင်တော်တွင်
ကျင်းပမည်ဖြစ်ပါကြောင်း၊ ကျင်းပမည့်အချိန်ကာလ တစ်ဆက်တစ်စပ်တည်းဖြစ်နေသော်လည်း လုံခြုံရေးနှင့်စပ်လျဉ်း၍
အားလုံးလွှမ်းခြုံနိုင်အောင် စနစ်တကျ စီမံပြင်ဆင်ဆောင်ရွက်ထားကြရမည်ဖြစ်ကြောင်း။
အခမ်းအနားပထမပိုင်းကို
တာဝန်ယူဆောင်ရွက်မည့် ဆပ်ကော်မတီအနေဖြင့် မိမိတို့တာဝန်ယူ ဆောင်ရွက်ရမည့်အပိုင်းကို
အဆင်ပြေချောမွေ့အောင် ဆောင်ရွက်ရန်လိုအပ်သကဲ့သို့ ဒုတိယပိုင်း အခမ်းအနားဖြစ်သည့် (၁၄)
ကြိမ်မြောက် ကဆုန်ညောင်ရေသွန်းလောင်းပူဇော်ပွဲ မဟာမင်္ဂလာအခမ်း အနားတွင်လည်း သီခြားဆောင်ရွက်ရမည့်အပိုင်းများအလိုက်
ဆောင်ရွက်ကြရမည်ဖြစ်ပြီး နှစ်ပိုင်း စလုံးတွင် ကိုဗစ်-၁၉ ရောဂါကာကွယ်တားဆီးရေးဆိုင်ရာ
ညွှန်ကြားချက်များနှင့်အညီ ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ လုပ်ငန်းအစမှ လုပ်ငန်းအဆုံးအထိ
လုပ်ငန်းများဆောင်ရွက်ရာတွင် လုံခြုံရေးကျိုးပေါက်မှုမရှိစေရန် အထူးအလေးထား ဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း။
ကဆုန်ညောင်ရေသွန်းလောင်းခြင်းကို
ယဉ်ကျေးမှုဓလေ့ထုံတမ်းအစဉ်အလာအရဖြစ်စေ၊ ဘာသာတရား၏ အဆုံးအမအရဖြစ်စေရှုမြင်မည်ဆိုပါကကောင်းမှုကုသိုလ်ပြုလုပ်ခြင်းဖြစ်သကဲ့သို့
အမျိုးသားယဉ်ကျေးမှုစရိုက်လက္ခဏာများကို မပျောက်ပျက်စေရန် ထိန်းသိမ်းစောင့်ရှောက်ခြင်းလည်းဖြစ်ကြောင်း။
နှစ်စဉ်ဆောင်ရွက်နေကြလုပ်ငန်းနှင့်
အခမ်းအနားဖြစ်သော်လည်း အခမ်းအနားအောင်မြင်စွာ ကျင်းပ နိုင်ရေးအတွက် တာဝန်လစ်ဟင်းမှုမရှိစေဘဲ
ဆပ်ကော်မတီများအားလုံး ဝိုင်းဝန်းပူးပေါင်းဆောင်ရွက် သွားကြရမည်ဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက် လုပ်ငန်းကော်မတီဥက္ကဋ္ဌ
၊ပြည်ထောင်စုဝန်ကြီး ဦးကိုကိုက (၁၄)ကြိမ်မြောက် ကဆုန်ညောင်ရေသွန်းလောင်းပူဇော်ပွဲ မဟာမင်္ဂလာအခမ်းအနား
အောင်မြင်စွာကျင်းပနိုင်ရေးနှင့် စပ်လျဉ်း၍လည်းကောင်း၊ လုပ်ငန်းကော်မတီအတွင်းရေးမှူး၊
ဒုတိယဝန်ကြီး ဦးအေးထွန်းက ကဆုန်ညောင်ရေသွန်းလောင်းပူဇော်ပွဲ မဟာမင်္ဂလာအခမ်းအနားအစီအစဉ်များကိုလည်းကောင်း
ရှင်းလင်းတင်ပြကြသည်။
ယင်းနောက် ဒါန၊
သီလ၊ ဘာဝနာ ကုသိုလ်ဆည်းပူးခြင်း မဟာမင်္ဂလာအခမ်းအနားနှင့် အခမ်းအနား ကျင်းပရေးဆပ်ကော်မတီ၊
ဖိတ်ကြားရေးနှင့်ကြိုဆိုနေရာချထားရေးဆပ်ကော်မတီ၊ ဘဏ္ဍာရေး ဆပ်ကော်မတီ၊ မဏ္ဍပ်များဆောက်လုပ်ရေးနှင့်
အခမ်းအနားပြင်ဆင်ရေးဆပ် ကော်မတီ၊ ဧည့်ခံဖျော်ဖြေ ရေးဆပ်ကော်မတီ၊ သတင်းမှတ်တမ်းနှင့်ပြန်ကြားရေးဆပ်ကော်မတီ၊
ကျန်းမာရေးဆပ်ကော်မတီနှင့် လုံခြုံရေးဆပ်ကော်မတီတို့မှ တာဝန်ရှိသူများက သက်ဆိုင်ရာကဏ္ဍများအလိုက်
ဆွေးနွေးတင်ပြကြသည်။
ထို့နောက် ဦးစီးကော်မတီဥက္ကဋ္ဌ၊
နိုင်ငံတော်စီမံအုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ်က ရှင်းလင်းဆွေးနွေးတင်ပြချက်များနှင့်စပ်လျဉ်း၍
ပေါင်းစပ်ညှိနှိုင်းပေးပြီး နိဂုံးချုပ်အမှာစကား ပြောကြားကာ ဗုဒ္ဓသာသနံ စိရံတိဋ္ဌတု
သုံးကြိမ်ရွတ်ဆိုဆုတောင်းပြီး အခမ်းအနားကို ရုတ်သိမ်းလိုက် ကြောင်းသတင်းရရှိသည်။
No comments:
Post a Comment