Friday, May 6, 2022

ပြည်ထဲရေးဝန်ကြီးဌာန မိသားစုများက ဆွမ်းဆန်တော်လှူဒါန်း

 

နေပြည်တော် မေ ၅

ပြည်ထဲရေးဝန်ကြီးဌာနတပ်ဖွဲ့ ဝင်/ဝန်ထမ်း အရာထမ်း၊ အမှုထမ်း မိသားစုများက မြို့နယ်အသီးသီးရှိ ဘုန်းတော်ကြီးကျောင်းများသို့ ဆွမ်းဆန်တော်များဆက်ကပ် လှူဒါန်းလျက်ရှိသည်။     

ထိုသို့ လှူဒါန်းလျက်ရှိရာ ယနေ့တွင် ကရင်ပြည်နယ် ဘားအံမြို့နယ်ရှိ တောင်တန်းသာသနာပြု (ဗဟို) ကျောင်းတိုက် သို့လည်းကောင်း၊ စစ်ကိုင်းတိုင်းဒေသကြီး ရေဦးမြို့နယ်ရှိ ချမ်းသာကြီးကျောင်းတိုက်သို့ လည်းကောင်း၊ ပဲခူးတိုင်းဒေသကြီး ကျောက်တံခါးမြို့နယ်ရှိ ဥတ္တမာရုံစာသင်တိုက်သို့လည်းကောင်း၊ မန္တလေးတိုင်းဒေသကြီး မြင်းခြံမြို့နယ်ရှိ ရတနာရာမပရိယတ္တိစာသင်တိုက်သို့ လည်းကောင်း၊ မွန်ပြည်နယ် မော်လမြိုင်မြို့နယ်ရှိ မြစေတီစာသင်တိုက်သို့လည်းကောင်း၊ ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့နယ်ရှိ ပစ္ဆိမာရုံကျောင်းတိုက်သို့လည်းကောင်းဆရာတော်၊ သံဃာတော်များအတွက် ဆွမ်းဆန်တော်များကို သွားရောက်ဆက်ကပ် လှူဒါန်းခဲ့ကြကြောင်း သိရသည်။

သတင်းစဉ်

No comments:

Post a Comment