Friday, May 20, 2022

နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဒေါက်တာမောင်မောင်နိုင် နေပြည်တော်တွင် နိုင်-၄ မှတ်တမ်းများ စာရင်းရေးသွင်းခြင်းဆိုင်ရာနှင့်စပ်လျဉ်း၍ လုပ်ငန်းညှိနှိုင်းအစည်းအဝေး တက်ရောက်

 


 နေပြည်တော် မေ ၂၀ 

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တွင် နိုင်ငံသားစိစစ်ရေးကတ်ပြားထုတ်ပေးမှု မှတ်ပုံတင်စာရင်းပုံစံ နိုင်-၄ မှတ်တမ်းများ စာရင်းရေးသွင်းမှုအခြေအနေများနှင့် ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များနှင့်စပ်လျဉ်း၍ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်(၁၀)နာရီတွင် နေပြည်တော်ကောင်စီရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။




ရှေးဦးစွာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဒေါက်တာမောင်မောင်နိုင်က အိမ်ထောင်စုလူဦးရေစာရင်း ပုံစံ(၆၆/၆) နှင့် လူတစ်ဉီးချင်းအားထုတ်ပေးသည့် နိုင်ငံသားစိစစ်ရေးကတ်ပြား မှတ်တမ်းတင်စာရင်းပုံစံ နိုင်-၄ ကို အသုံးပြုပြီး အပြန်အလှန်စစ်ဆေးနိုင်ရေးအတွက် ITနည်းပညာဖြင့် စာရင်းသွင်းခြင်းလုပ်ငန်းများကို ဆောင်ရွက် နေကြောင်း၊ နေပြည်တော်အတွင်းရှိ မြို့နယ်များတွင် ဆောင်ရွက်လျက်ရှိသည့် နိုင်-၄ မှတ်တမ်းများ စာရင်း ရေးသွင်းခြင်းကို အချိန်မီပြီးစီးရေးနှင့် မှန်ကန်မြန်ဆန်စေရေးအတွက် သက်ဆိုင်ရာဌာနဆိုင်ရာများမှ ပူးပေါင်း ဆောင်ရွက်ပေးစေလိုကြောင်း ပြောကြားသည်။

ထို့နောက် နေပြည်တော်တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်ဇော်ဟိန်းက နိုင်ငံသားစိစစ်ရေးကတ်ပြား ပြုလုပ်နိုင်ရေး နိုင်-၄ မှတ်တမ်းများ စာရင်းရေးသွင်းခြင်းဆိုင်ရာနှင့်စပ်လျဉ်း၍ ဆွေးနွေးသည်။

ယင်းနောက် နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးကျော်သိန်းဆိုင်က နေပြည်တော်အတွင်းရှိ မြို့နယ်များတွင် ဆောင်ရွက်လျက်ရှိသည့် နိုင်-၄ မှတ်တမ်းများ စာရင်းရေးသွင်းခြင်းလုပ်ငန်းများနှင့်ပတ်သက်၍ ရှင်းလင်း တင်ပြသည်။

ထို့နောက် နေပြည်တော်ကောင်စီအဖွဲ့ဝင်များနှင့်  တက်ရောက်လာကြသည့် ဌာနဆိုင်ရာတာဝန်ရှိ သူများက နိုင်-၄ မှတ်တမ်းများ စာရင်းရေးသွင်းခြင်းလုပ်ငန်းများကို သက်ဆိုင်ရာကဏ္ဍများအလိုက် ဆောင်ရွက်နေသည့် အခြေအနေများအား ရှင်းလင်းတင်ပြကြရာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဒေါက်တာမောင်မောင်နိုင်က တင်ပြဆွေးနွေးချက်များအပေါ် ဖြည့်စွက်ဆွေးနွေးပေးပြီး နိဂုံးချုပ်အမှာစကားပြောကြားခဲ့ကြောင်း သိရသည်။

ထွန်းထွန်းဝင်း(ခရိုင်ပြန်/ဆက်)


No comments:

Post a Comment