Wednesday, May 11, 2022

မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်လင်းထွန်းနှင့် ​ရေးမြို့နယ်ရှိ ဌာနဆိုင်ရာများ၊ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများ တွေ့ဆုံပွဲအခမ်းအနားကျင်းပ

ရေး ​မေ ၁၁

မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်လင်းထွန်းသည် မြို့နယ်အတွင်း​ဒေသဖွံ့ဖြိုး​ရေးလုပ်ငန်းများ ​ကောင်းမွန်စွာ ​ဆောင်ရွက်နိုင်​ရေးနှင့် မြို့ရွာဖွံ့ဖြိုးတိုးတက်​ရေးအတွက် ​ရေးမြို့နယ်အတွင်းရှိ ဌာနဆိုင်ရာများ၊ ရပ်ကွက်၊ ​ကျေးရွာအုပ်ချုပ်​ရေးမှူးများနှင့် ​တွေ့ဆုံပွဲကို ယ​မန်နေ့နံနက် ၁၀ နာရီက မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအ​ဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြသည်။ 

 

အဆိုပါအစည်းအဝေးတွင် ပြည်နယ်ဝန်ကြီးချုပ်က အုပ်ချုပ်ရေးယန္တရားမှာ အရေးပါတဲ့ တစ်မျိုးသားလုံး၊ တစ်နိုင်ငံလုံးအတွက် အမျိုးသားအကျိုးစီးပွားကို ထိန်းသိမ်းစောင့်ရှောက်ရမယ့် တာဝန်တစ်ရပ်ပဲ ဖြစ်ပါကြောင်း၊ ရွေး​ကောက်ပွဲအတွက် မိမိတို့မြို့နယ်အလိုက် မဲစာရင်းပြုစု​ရေးဆိုင်ရာ အိမ်​ခြေ၊ အိမ်​ထောင်စု၊ လူဦးစာရင်းများ၊ တိကျမှန်ကန်စွာ ​ကောက်ယူရန်လို​ကြောင်း၊ စာရင်းဇယား အချက်အလက်များကို စနစ်တစ်ကျဖြင့် ​ကောက်ယူနိုင်​ရေး အမြန်အ​လေးထား ကြပ်မတ်​ဆောင်ရွက်ကြရန်၊​ လမ်းပန်းဆက်သွယ်မှု ကောင်းမွန်စေရေး၊ သန့်ရှင်းသော သောက်သုံးရေရရှိရေး၊ လျှပ်စစ်မီးရရှိရေး၊ ပညာရေးနှင့် ကျန်းမာရေးကဏ္ဍ အစရှိသည်များကိုလည်း ဖြည့်ဆည်း​ဆောင်ရွက်​ပေးလျက်ရှိသလို သက်ဆိုင်ရာဌာနများနှင့် ချိတ်ဆက်​ဆောင်ရွက်ကြရန် လို​ကြောင်း၊ ကိုဗစ်-၁၉ ​ရောဂါကာကွယ်​ဆေးထိုး​ပေးမှုများကိုလည်း အရှိန်အဟုန်မြှင့်တင် ဆက်လက်​ဆောင်ရွက်ကြရန်နှင့် ယင်း​ကြောင့် ထိခိုက်ဆုံးရှုံးခဲ့ရသည့် လုပ်ငန်းများကို ပြန်လည်ကုစား​ဆောင်ရွက်ကြပြီး စီးပွား​ရေး ပြန်လည်ဦး​မော့လာ​အောင် ဝိုင်းဝန်းပူး​ပေါင်း​ဆောင်ရွက်ကြရန်၊  ပြည်သူများအ​နေဖြင့် လုံခြုံ​ရေးအသိ၊ လုံခြုံ​ရေးသတိထား ​ဆောင်ရွက်ကြရန်နှင့် ပြည်သူအ​ခြေပြုလုပ်ငန်းများကို အဓိကထား ဆောင်ရွက်ကြရန် ​​ပြောကြားသည်။ 

ထို့​နောက်တက်​ရောက်လာကြသည့် မြို့နယ်အဆင့်ဌာနဆိုင်ရာများမှ တစ်ဦးချင်းမိတ်ဆက်​ပြောကြားပြီး ဒေသဆိုင်ရာအချက်အလက်များ၊ ဒေသတွင်းဖွံ့ဖြိုး​ရေးလုပ်ငန်း​ ဆောင်ရွက်နိုင်မှုများကို ရှင်းလင်း တင်ပြသည်။ အဲဒီ​နောက် တက်​ရောက်လာကြသည့် ဌာနဆိုင်ရာနှင့် ရပ်ကွက်/​ကျေးရွာ အုပ်ချုပ်ရေးမှူးများမှ လိုအပ်သည်များကို တင်ပြခဲ့ရာ ပြည်နယ်ဝန်ကြီးချုပ်က ပေါင်းစပ်ဆောင်ရွက်​ပေးခဲ့​ကြောင်းသိရသည်။ 

ဆက်လက်၍ ပြည်နယ်၀န်ကြီးချုပ်နှင့်အဖွဲ့သည် မွန်ပြည်နယ်အတွင်း ရွေးကောက်ပွဲအတွက် မဲစာရင်းပြုစုရေးဆိုင်ရာ လုပ်ငန်းများကို  ၂၀၂၂ ခုနှစ်၊ မတ်လ ၁၀ ရက်မှ စတင်ဆောင်ရွက်လျက်ရှိရာ ​ရေးမြို့နယ် ရန်အောင်သီရိခန်းမအတွင်း၌ မဲစာရင်းပြုစု​ရေးဆိုင်ရာ ​ဆောင်ရွက်​နေမှုအ​ခြေအ​နေအား ကြည့်ရှုကာ လိုအပ်သည်များကို ​ပေါင်းစပ်​ညှိနှိုင်း​ပေးခဲ့​ကြောင်း သိရသည်။ 

ရေး (ပြန်/ဆက်)

No comments:

Post a Comment