Thursday, May 5, 2022

ဟိုပန်၌ (၇၆)နှစ်မြောက် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့ အထိမ်းအမှတ်အခမ်းအနား ကျင်းပ ပြုလုပ်

 




ဟိုပန် မေ ၅

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊“ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ဟိုပန်ခရိုင်၊ ဟိုပန်မြို့နယ်၌  (၇၆)နှစ်မြောက် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့ အထိမ်းအမှတ် အခမ်းအနားကို ယနေ့နံနက် (၉)နာရီက မြို့နယ် မီးသတ်ဉီးစီးဌာနရုံး၌ ကျင်းပ​ ပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် "ဝ"ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊  စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဉီးညီနပ်က (၇၆) နှစ်မြောက် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့အထိမ်းအမှတ် မိန့်ခွန်းပြောကြားပြီး ဉက္ကဋ္ဌနှင့် တာဝန်ရှိသူများက  ထူးချွန်မီးသတ်တပ်ဖွဲ့ဝင်များနှင့် မိသားစုဝင်များအား ဆုများနှင့် ရာထူး တိုးမြှင့်ခြင်းခံရသည့် မီးသတ်တပ်ဖွဲ့ဝင်များအား ရာထူးတံဆိပ်တပ်ဆင်ပေးခဲ့ကာ ဂုဏ်ပြုဆု ငွေများ အသီးသီး ချီးမြှင့်ပေးအပ်ခဲ့ကြောင်း သိရသည်။

ထို့နောက် ဉက္ကဋ္ဌနှင့် တာဝန်ရှိသူများက  ဟိုပန်ခရိုင် မီးသတ်တပ်ဖွဲ့ဝင်များ၏  ရှာဖွေကယ် ဆယ်ရေးမျှော်စင်ကြိုးတပ်၊ ကြိုးဆင်းနှင့် ကြိုးကူးသရုပ်ပြသခြင်း၊ ဆီမီးလောင်မှုအား လက်တွေ့ မီးငြိမ်းသတ် သရုပ်ပြသခြင်း၊ မီးသတ်ယာဉ်များဖြင့် မီးငြိမ်းသတ်ရေး စက်စွမ်းရည် စသည့် လက်တွေ့ သရုပ်ပြသခြင်းများကို ကြည့်ရှု့အားပေးခဲ့ကြသည်။

ဆက်လက်၍   ဟိုပန်ခရိုင် မီးသတ်တပ်ဖွဲ့စခန်းရှိ မီးငြိမ်းသတ်ရေးနှင့် ရှာဖွေကယ်ဆယ်ရေး ပစ္စည်းများကို ခင်းကျင်းပြသခဲ့ရာ မီးသတ်ဉီးစီးဌာနမှ မြို့နယ်မီးသတ်ဉီးစီးမှူး ဉီးစိန်ခိုင်က ပစ္စည်း အမျိုးအမည်များနှင့် အသုံးပြုပုံများကို ရှင်းလင်းပြောကြားခဲ့ပြီး အခမ်းအနားသို့ တက်ရောက်လာကြသူများမှ စိတ်ဝင်တစား ကြည့်ရှု့လေ့လာခဲ့ကြသည်။

အဆိုပါ အခမ်းအနားသို့ “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ စီမံအုပ်ချုပ်ရေးအဖွဲ့ ဉက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ခရိုင်၊ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဉက္ကဋ္ဌများနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ ဝန်ထမ်းများ၊ မီးသတ်တပ်ဖွဲ့ဝင်များနှင့် ၎င်းတို့၏မိသားစုဝင်များ တက်ရောက်ခဲ့ကြကြောင်း သိရှိရသည်။

 ဇင်ဇင်(ပြန်/ဆက်)

No comments:

Post a Comment