ဘားအံ မေ ၁၀
ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးသည် ယနေ့နံနက်ပိုင်းက ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီး ဌာန၊ သင်တန်းခန်းမ၌ ပြည်သူ့ကျန်းမာရေးကြီးကြပ်(၂) သင်တန်းသား၊ သင်တန်းသူများအား သွားရောက်တွေ့ဆုံ၍ အားပေးစကားများ ပြောကြားခဲ့သည်။
ထိုသို့တွေ့ဆုံရာတွင်
ပြည်နယ်ဝန်ကြီးချုပ်က သင်တန်းတွင် နေထိုင်စားသောက်ရေးမှအစ အဆင်ပြေလွယ်ကူစေရေး ကူညီထောက်ပံ့ပေးနိုင်ရန်
ယခုကဲ့သို့လာရောက်တွေ့ဆုံခြင်းဖြစ်ကြောင်း၊ သင်တန်း သား၊ သင်တန်းသူများကို ဝမ်းမြောက်ဝမ်းသာ
လှိုက်လှိုက်လှဲလှဲ ကြိုဆိုဂုဏ်ယူပါကြောင်း၊ ပြည်နယ်၏လိုအပ်သောကျန်းမာရေးစောင့်ရှောက်မှု
လုပ်ငန်းများတွင် အားတက်သရော ကြိုးပမ်း ဆောင်ရွက်ကြမည်ဟု ယုံကြည်ပါကြောင်း၊ ကျန်းမာရေးဆိုင်ရာစိန်ခေါ်မှုများကို
ကျော်လွှား၍ ဌာနမှပေးအပ်သည့်တာဝန်ကို ကျေပွန်စွာထမ်းဆောင်ကြစေလိုကြောင်း ပြောကြားပြီး
တစ်ဦးလျှင် ငွေကျပ် ၂၀၀၀၀(နှစ်သောင်း)နှုန်းဖြင့် သင်တန်းသား၊ သင်တန်းသူ ၄၃ ဦးအတွက်
စုစုပေါင်းငွေကျပ် ၈၆၀၀၀၀ (ရှစ်သိန်းခြောက်သောင်း)ကို ထောက်ပံ့ပေးအပ်ရာ သင်တန်းသား၊
သင်တန်းသူများက လက်ခံရယူခဲ့ကြောင်း သတင်းရရှိသည်။
စောမျိုးမင်းသိန်း(ပြန်/ဆက်)


No comments:
Post a Comment