ကြို့ပင်ကောက်
မေ ၁၀
ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးဆွေးဝင်းသည် အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ တိုင်းဒေသကြီးအဆင့် တာဝန်ရှိသူများနှင့်အတူ ယနေ့ မွန်းလွဲပိုင်းက ကြို့ပင်ကောက်မြို့ သောက်သုံးရေရရှိရေး လုပ်ငန်းနှင့် မြေဆီလွှာဖွံ့ဖြိုးတိုးတက်ရေးအတွက် သစ်စိမ်းမြေဩဇာ(ပိုက်ဆံ လျှော်မျိုးစေ့) ကြဲပတ်ပွဲသို့သွားရောက်ကြည့်ရှုခဲ့ကြောင်းသိရသည်။
ရှေးဦးစွာ ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများက
ဈေးချိုမြောက်ရပ်ကွက် ဘူတာရုံလမ်း မြို့နယ်ခန်းမဝန်းအတွင်းရှိ မြို့ရေပေးဝေရေးဆောင်ရွက်နေသော
မြို့နယ်ခန်းမရေစင်အားကြည့်ရှု့ပြီး မြို့နယ် စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများအား
ဒေသခံပြည်သူများအားသန့်ရှင်းသော သောက်သုံးရေထပ်မံတိုးမြှင့် ဖြန့်ဝေပေးနိုင်ရေး ဆောင်ရွက်သွားရန်မှာကြားခဲ့သည်။
ထို့နောက် ဂုမ္မကွင်းကျေးရွာအုပ်စု
သာယာကုန်းကျေးရွာ တောင်သူဦးသိန်းထွန်၏ လယ် ၅ ဧကတွင် မြေဆီလွှာဖွံ့ဖြိုးတိုးတက်ရေးအတွက်
သစ်စိမ်းမြေဩဇာ (ပိုက်ဆံလျှော်မျိုးစေ့)ကြဲပတ်ပွဲ သရုပ်ပြမှု အား ကြည့်ရှု့အားပေးခဲ့ပြီး
သဘာဝမြေဩဇာဖြစ်သည့် ပိုက်ဆံလျှော်မျိုးစေ့များအား တောင်သူများ စိုက်ပျိုးနိုင်ရေး ဧက
၃၀ အတွက် ပိုက်ဆံလျှော်မျိုးစေ့ အိတ် ၃၀ အား တောင်သူများထံ အခမဲ့ ထောက်ပံ့ပေးအပ်ခဲ့ပြီး
တောင်သူများ စဉ်ဆက်မပြက်မျိုးပြန်လည်ရရှိရေး အသိပညာပေး ဆောင်ရွက်သွားရန် တာဝန်ရှိသူများအား
မှာကြားခဲ့ကြောင်း သိရသည်။
ဇေယျာထွန်း(ကြို့ပင်ကောက်)
.jpg)
.jpg)
.jpg)
No comments:
Post a Comment