နေပြည်တော် မေ ၁၀
အလုပ်သမားဝန်ကြီးဌာန၊ လူမှုဖူလုံရေးအဖွဲ့နှင့် ကဲဝဲလ်မက်ဒီကယ်ကုမ္ပဏီလီမိတက်တို့ ပူးပေါင်း ဆောင်ရွက်သော လူမှုဖူလုံရေး-ကဲဝဲလ် အထွေထွေရောဂါကုဆေးခန်း (ဘောဂသိဒ္ဓိ-၁) ဖွင့်ပွဲအခမ်း အနားကို ယနေ့နံနက် ၉ နာရီခွဲက နေပြည်တော်ကောင်စီနယ်မြေ၊ ဇမ္ဗူသီရိမြို့နယ်၊ ဘောဂသိဒ္ဓိ ရပ်ကွက်၊ ရန်မျိုးသန့်စင်လမ်း၊ မြို့မဈေးအနီးရှိ နေပြည်တော်စည်ပင်သာယာရေးကော်မတီပိုင် အဆောက်အဦတွင် ကျင်းပသည်။
ရှေးဦးစွာ အလုပ်သမားဝန်ကြီးဌာန
ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်နှင့် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဒေါက်တာမောင်မောင်နိုင်တို့က
ဆေးခန်းကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး လှည့်လည်ကြည့်ရှုစစ်ဆေး သည်။
အခမ်းအနားတွင်
ပြည်ထောင်စုဝန်ကြီးက လူမှုဖူလုံရေးအဖွဲ့အနေဖြင့် ၂၀၁၂ ခုနှစ်၊ လူမှုဖူလုံရေးဥပဒေ အရ
လူမှုဖူလုံရေးစီမံကိန်း အကျုံးဝင်အာမခံအလုပ်သမားများကို ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်းနှင့် ငွေကြေးအကျိုးခံစားခွင့်များ ခွင့်ပြုထုတ်ပေးခြင်းတို့ကို တိုင်းဒေသကြီး၊ ခရိုင်၊
မြို့နယ် (၉၆)ရုံး၊ အလုပ်သမားဆေးရုံကြီး(၃)ရုံ၊ လူမှုဖူလုံရေးဆေးခန်း (၉၆)ခန်း၊ ဌာနကြီးဆေးခန်း
(၅၆)ခန်း၊ ပုဂ္ဂလိက ဆေးရုံ / ဆေးခန်း (၃၂)ခန်း၊ တိုင်းရင်း ဆေးခန်း(၁)ခန်း၊ ရွေ့လျားဆေးကုသယာဉ်
(၂)စီးတို့ဖြင့် မြို့နယ် ပေါင်း (၁၁၆)မြို့နယ်၌ လူမှုဖူလုံရေးစီမံကိန်းအကျုံးဝင် အာမခံအလုပ်သမားများကို
ဝန်ဆောင်မှု လုပ်ငန်းများကို ဆောင်ရွက်ပေးလျက်ရှိကြောင်း။
လူမှုဖူလုံရေးအဖွဲ့၌
တစ်နိုင်ငံလုံးတွင် အကျုံးဝင်သော အလုပ်ဌာနပေါင်း ၃၃,၈၆၈ ဌာနနှင့် အာမခံ အလုပ်သမားပေါင်း
၁,၁၀၇,၃၃၈ ဦးရှိပြီး နေပြည်တော်ကောင်စီနယ်မြေတွင် အကျုံးဝင်အလုပ်ဌာန ပေါင်း ၉၉၂ ဌာနနှင့်
အကျုံးဝင်အာမခံအလုပ်သမားပေါင်း ၂၄,၃၆၀ ဦးရှိကြောင်း၊ နေပြည်တော် ကောင်စီနယ်မြေအတွင်းရှိ
အာမခံအလုပ်သမားများကို ဆေးကုသဝန်ဆောင်မှုပေးနိုင်ရေးအတွက် မြို့နယ်လူမှုဖူလုံရေးဆေးခန်း
(၃) ခန်း၊ ဌာနကြီးဆေးခန်း (၄) ခန်းနှင့် စာချုပ် ဆေးခန်း (၂) ခန်းတို့ဖြင့် ဆေးကုသမှုဝန်ဆောင်မှုလုပ်ငန်းများကို
ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ နေပြည်တော်ကောင်စီနယ် မြေအတွင်းရှိသော လူမှုဖူလုံရေးအကျုံးဝင်အာမခံအလုပ်သမားများအတွက်
ကျန်းမာရေးစောင့်ရှောက်မှု များကို အလွယ်တကူ ရယူအသုံးပြုနိုင်စေရန် ရည်ရွယ်ပြီး ဇမ္ဗူသီရီမြို့နယ်၊
ဘောဂသိဒ္ဓိရပ်ကွက်တွင် လူမှုဖူလုံရေး-ကဲဝဲလ် အထွေထွေရောဂါကုဆေးခန်း (၁) ခန်းကို တိုးချဲ့ဖွင့်လှစ်ရခြင်းဖြစ်ကြောင်း၊
လူမှုဖူလုံရေး-ကဲဝဲလ်ဆေးခန်း (ဘောဂသိဒ္ဓိ-၁)သည် နေပြည်တော်ကောင်စီနယ်မြေအတွက် (၃) ခန်း
မြောက်စာချုပ်ဆေးခန်းဖြစ်ပြီး နေပြည်တော်ကောင်စီနယ်မြေ အကျုံးဝင်အာမခံအလုပ်သမားများ
ဝန်ဆောင်မှုရယူနိုင်သည့် ဆေးခန်း (၁၀) ခန်း ရှိပြီးဖြစ်ကြောင်း၊ လူမှုဖူလုံရေး-ကဲဝဲလ်ဆေးခန်းများတွင်
အထွေထွေ ရောဂါကုသမှု (OPD Care) သာမက သားဖွား/ မီးယပ် ပြင်ပလူနာကုသမှု (Specialist
OG OPD Care) ဝန်ဆောင်မှု ဆောင်ရွက်ပေးသွားမည်ဖြစ်ပြီး တနင်္လာနေ့မှ စနေနေ့အတွင်း မနက်
(၈)နာရီမှည (၈)နာရီအထိ ဖွင့်လှစ်ကုသပေးသွားမည်ဖြစ်ကြောင်း၊ ဆက်လက်၍ စာချုပ်ဆေးခန်းများ
ထပ်မံတိုးချဲ့ဖွင့်လှစ်ရေး ဆောင်ရွက်လျက်ရှိကြောင်း ပြောကြားသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည်
နေပြည်တော်ကောင်စီနယ်မြေ၊ ဒက္ခိဏသီရိမြို့နယ်ရှိ လူမှုဖူလုံရေး-ကဲဝဲလ် အထွေထွေရောဂါကုဆေးခန်း
(ဒက္ခိဏသီရိ)သို့ သွားရောက်၍ ဆေးကုသနေမှုကို ကြည့်ရှုအားပေးပြီး ဆေးခန်းသို့ လာရောက်ဆေးကုသမှုခံယူသည့်
အာမခံအလုပ်သမားများကို ရင်းရင်းနှီးနှီး တွေ့ဆုံအားပေးသည်။
လူမှုဖူလုံရေးအဖွဲ့အနေဖြင့်
အကျုံးဝင်အာမခံအလုပ်သမားများအတွက် ကျန်းမာရေးစောင့်ရှောက်မှု များကို အလွယ်တကူလက်လှမ်းမီရယူနိုင်စေရန်
ပုဂ္ဂလိကနှင့်ပူးပေါင်း၍ စာချုပ်ဆေးခန်းများဖွင့်လှစ်ကာ ဝန်ဆောင်မှုထောက်ပံ့ဆောင်ရွက်လျက်ရှိပြီး
လက်ရှိတွင် နေပြည်တော် ကောင်စီနယ်မြေအပါ အဝင် တိုင်းဒေသကြီး/ ပြည်နယ်များတွင်
Capitation Payment စာချုပ် ဆေးခန်း ၂၁ ခန်း၊ Fee for Service Payment စာချုပ်ဆေးခန်း
၁၁ ခန်းဖြင့် ဝန်ဆောင်မှုပေးလျက်ရှိကာ အာမခံအလုပ်သမားများ လက်လှမ်းမီသောနေရာများတွင်
ဆေးခန်းများ ဆက်လက်တိုးချဲ့ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သိရသည်။
(သတင်းစဉ်)
No comments:
Post a Comment